“တနင်္လာသက်ရောက် နဲ့ သောကြာသက်ရောက်မှာ လမ်းဘာကြောင့် ပြင်ခွင့်မရတာလဲ? အဲဒီနှစ်တွေက ဘယ်နှစ်တွေလဲ?”

Astrology
“တနင်္လာသက်ရောက် နဲ့ သောကြာသက်ရောက်မှာ လမ်းဘာကြောင့် ပြင်ခွင့်မရတာလဲ? အဲဒီနှစ်တွေက ဘယ်နှစ်တွေလဲ?”

ဗေဒင်ကိန်းအရ မည်သူမဆို “တနင်္လာသက်ရောက်” နဲ့ “သောကြာသက်ရောက််”မှာ ကိုယ်နေထိုင်ရာ အနီးအပါးက လမ်း ( ဥပမာ မိမိနေအိမ်ပတ်ဝန်းကျင် ၊ ရပ်ကွက်ထဲက လမ်း ပြင်ခွင့်မရှိပါ ။ ဒီလိုပဲ ကိုယ့်နေအိမ် ပတ်ဝန်းကျင် ၊ ရပ်ကွက်ထဲက အများပိုင်လမ်း ပြုပြင်ထားတာ တွေ့မြင်ခဲ့ရင်လည်း တစ်ခြားကို သွားအိပ်ပေးမှ သာ ကျန်းမာရေး အညံ့အခိုက်ကင်းစေပါမယ် ။

အသက်အန္တရာယ် ကင်းစေပါမယ် ။ မသိလို့ ပြင်မိသွားရင်လည်း သိသိချင်းဆိုသလို တလျှော်ကင်ပွန်းသီးနဲ့ ခေါင်းလျှော် ရေချိုးပေးပြီး အညံ့အခိုက် ပြေပျောက်စေရန် ပြုလုပ်ပေးမှသာ အညံ့အခိုက် ပြေစေပါမယ် ။ ဒါ့ပြင် မွေးသက္ကရာဇ်အလိုက် နေ့သားသမီးအလိုက် ပြုလုပ်သင့်တဲ့ ယတြာတွေလည်း ထပ်မံ ပြုလုပ်ပေးရင် ပိုပြီး အညံ့အခိုက်တွေ ပြေစေပါတယ် ။ အထူးသဖြင့် စနေ ၊ တနင်္ဂနွေ ၊ ဗုဒ္ဓဟူးသားသမီးတွေ ပိုလို့ သတိထားကြရပါမယ် ။

တွက်နည်းတွေပြောပြရင် ရှုတ်ထွေးသွားနိုင်တာမို့ အသင့်တွက်ပြီး ပြောပြလိုက်ပါတယ် ။

“တနင်္လာသက်ရောက်နှစ်များ”

တနင်္ဂနွေသားသမီးများ ၂ ၊ ၁၀ ၊ ၁၈ ၊ ၂၆ ၊ ၃၄ ၊ ၄၂ ၊ ၅၀ ၊ ၅၈ ၊ ၆၆ ၊ ၇၄ ၊ ၈၂ ၊ ၉၀ ၊ ၉၈ ၊ ၁၀၆ ၊ ၁၁၄ နှစ်များ ။

တနင်္လာသားသမီးများ ၁ ၊ ၉ ၊ ၁၇ ၊ ၂၅ ၊ ၃၃ ၊ ၄၀ ၊ ၄၉ ၊ ၅၇ ၊ ၆၅ ၊ ၇၃ ၊ ၈၁ ၊ ၈၉ ၊ ၉၇ ၊ ၁၀၅ နှစ်များ ။

အင်္ဂါသားသမီးများ ၈ ၊ ၁၆ ၊ ၂၄ ၊ ၃၂ ၊ ၄၀ ၊ ၄၈ ၊ ၅၆ ၊ ၆၄ ၊ ၇၂ ၊ ၈၀ ၊ ၈၈ ၊ ၉၆ ၊ ၁၀၄ ၊ ၁၁၂ နှစ်များ ။

ဗုဒ္ဓဟူးသားသမီးများ ၇ ၊ ၁၅ ၊ ၂၃ ၊ ၃၁ ၊ ၃၉ ၊ ၄၇ ၊ ၅၅ ၊ ၆၃ ၊ ၇၁ ၊ ၇၉ ၊ ၈၇ ၊ ၉၅ ၊ ၁၀၃ ၊ ၁၁၁ နှစ်များ ။

ကြာသပတေးသားသမီးများ ၅ ၊ ၁၃ ၊ ၂၁ ၊ ၂၉ ၊ ၃၇ ၊ ၄၅ ၊ ၅၃ ၊ ၆၁ ၊ ၆၉ ၊ ၇၇ ၊ ၈၅ ၊ ၉၃ ၊ ၁၀၁ ၊ ၁၀၉ နှစ်များ ။

သောကြာသားသမီးများ ၃ ၊ ၁၁ ၊ ၁၉ ၊ ၂၇ ၊ ၃၅ ၊ ၄၃ ၊ ၅၁ ၊ ၅၉ ၊ ၆၇ ၊ ၇၅ ၊ ၈၃ ၊ ၉၁ ၊ ၉၉ ၊ ၁၀၇ ၊ ၁၁၅ နှစ်များ ။

စနေသားသမီးများ ၆ ၊ ၁၄ ၊ ၂၂ ၊ ၃၀ ၊ ၃၈ ၊ ၄၆ ၊ ၅၄ ၊ ၆၂ ၊ ၇၀ ၊ ၇၈ ၊ ၈၆ ၊ ၉၄ ၊ ၁၀၂ ၊ ၁၁၀ ၊ ၁၁၈ နှစ်တွေဟာ (၇)ရက်သားသမီးအားလုံးရဲ့ “တနင်္လာ သက်ရောက် ” နှစ်တွေ ဖြစ်ပါတယ် ။

“သောကြာသက်ရောက်နှစ်များ”

တနင်္ဂနွေသားသမီးများ ၈ ၊ ၁၆ ၊ ၂၄ ၊ ၃၂ ၊ ၄၀ ၊ ၄၈ ၊ ၅၆ ၊ ၆၄ ၊ ၇၂ ၊ ၈၀ ၊ ၈၈ ၊ ၉၆ ၊ ၁၀၄ ၊ ၁၁၂ နှစ်များ ။

တနင်္လာ သားသမီးများ = ၇ ၊ ၁၅ ၊ ၂၃ ၊ ၃၁ ၊ ၃၉ ၊ ၄၇ ၊ ၅၅ ၊ ၆၃ ၊ ၇၁ ၊ ၇၉ ၊ ၈၇ ၊ ၉၅ ၊ ၁၀၃ ၊ ၁၁၁ နှစ်များ ။

အင်္ဂါသားသမီးများ = ၆ ၊ ၁၄ ၊ ၂၂ ၊ ၃၀ ၊ ၃၈ ၊ ၄၆ ၊ ၅၄ ၊ ၆၂ ၊ ၇၀ ၊ ၇၈ ၊ ၈၆ ၊ ၉၄ ၊ ၁၀၂ ၊ ၁၁၀ ၊ ၁၁၈ နှစ်များ ။

ဗုဒ္ဓဟူးသားသမီးများ = ၅ ၊ ၁၃ ၊ ၂၁ ၊ ၂၉ ၊ ၃၇ ၊ ၄၅ ၊ ၅၃ ၊ ၆၁ ၊ ၆၉ ၊ ၇၇ ၊ ၈၅ ၊ ၉၃ ၊ ၁၀၁ ၊ ၁၀၉ ၊ ၁၁၇ နှစ်များ ။

ကြာသပတေးသားသမီးများ = ၃ ၊ ၁၁ ၊ ၁၉ ၊ ၂၇ ၊ ၃၅ ၊ ၄၃ ၊ ၅၁ ၊ ၅၉ ၊ ၆၇ ၊ ၇၅ ၊ ၈၃ ၊ ၉၁ ၊ ၉၉ ၊ ၁၀၇ ၊ ၁၁၅ နှစ်များ ။

သောကြားသမီးများ = ၁ ၊ ၉ ၊ ၁၇ ၊ ၂၅ ၊ ၃၃ ၊ ၄၁ ၊ ၄၉ ၊ ၅၇ ၊ ၆၅ ၊ ၇၃ ၊ ၈၁ ၊ ၈၉ ၊ ၉၇ ၊ ၁၀၅ ၊ ၁၁၃ နှစ်များ ။

စနေသားသမီးများ = ၄ ၊ ၁၂ ၊ ၂၀ ၊ ၂၈ ၊ ၃၆ ၊ ၄၄ ၊ ၅၂ ၊ ၆၀ ၊ ၆၈ ၊ ၇၆ ၊ ၈၄ ၊ ၉၂ ၊ ၁၀၀ ၊ ၁၀၈ ၁၁၆ နှစ်တွေဟာ (၇)ရက်သားသမီးအားလုံးရဲ့ “သောကြာသက်ရောက်” နှစ်တွေ ဖြစ်ပါတယ် ။

အဘဝိဇ္ဇာဒေါက်တာ မင်းသိင်္ခ ပညာခွင်မှ

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။