ဗေဒင်ပညာကိုမယုံပဲ မသွားသင့်သောအရပ်သို့သွားမိသဖြင့်မင်းရဲကျော်စွာthayဆုံးခြင်း

Astrology Knowledge
ဗေဒင်ပညာကိုမယုံပဲ မသွားသင့်သောအရပ်သို့သွားမိသဖြင့်မင်းရဲကျော်စွာthayဆုံးခြင်း

မြန်မာရာဇဝင်မှာ ထင်ရှားတဲ့ မင်းရဲကျော်စွာဟာ မွန်ဘုရင် ရာဇဓိရာဇ်နဲ့ စစ်ထိုးရင်း ဒလအရပ်မှာ ကျဆုံးခဲ့ပါတယ်။

စစ်ရေးအမြင်အရတော့ လက်အောက် ငယ်သား ပညာရှိမှူးမတ်သေနာပတိတွေနဲ့ တိုင်ပင်နှီးနှောခြင်းမရှိလို့ သောက်စားမူးယစ်ပျော်ပါးနေလို့ မိမိရဲ့နောက်ပိုင်းလက်အောက်ငယ်သားတွေကို စုံစမ်းမေးမြန်းခြင်းမပြုလို့ ရဲမာန်အားကိုးပြီး အလောတကြီးပြုမှုလို့ ဆိုပြီးပြောကြတာပဲ။

ဒါက စစ်ရေးနိုင်ငံရေးအမြင်ပါ။ ကျွန်တော်တို့ ဗေဒင်အမြင်နဲ့ ကြတော့ အသက်ဆုံးစေတဲ့အရပ်ဒေသကို သွားလို့ ၊ရှောင်သင့်တဲ့အရပ်ကိုမရှောင်ဘဲသွားလို့ လို့ပဲမြင်ပါတယ်။

ဘယ်သူမဆို မိမိရဲ့မွေးနံကိုတည် (၁) ခု နုတ်၊ အသက်နဲ့ပေါင်းရမယ်။

ရလာဒ်ကို (၇) နဲ့ စား၊ ကြွင်းတဲ့ ဂဏန်းကို နောက်ကထားပြီး၊ မိမိမွေးနံ ရှေ့ကထားရမယ်။

အဲဒီအရပ် မသွားရဘူး၊ သွားရင် ချက်ချင်းအ့ပေဆုံးတတ်ပါတယ်။ဒါဟာ ကျွန်တော့်ရဲ့ မူပိုင်ဟောကိန်း မဟုတ်တာကြောင့် ယုံချင်ယုံ ၊ မယုံချင်နေနိုင်ပါတယ်။ ရှေးဗေဒင်ပညာရှိကြီးတွေရဲ့ ပညာရပ်သာ ဖြစ်ပါတယ်။ မတိမ်ကော မပျောက်စေရန် ဗဟုသုတအလို့ငှါ ချပြခြင်းမျှသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မနှစ်သက်ကြပါက အပြစ်မပြောဘဲ ကျော်ဖတ် သွားကြစေလိုပါတယ်။

မင်းရဲကျော်စွာဟာ စနေသား၊ သူကျဆုံးတဲ့ အချိန်မှာ အသက် (၂၆) နှစ် ၊မွေးနံ စနေ ကို ကိန်းပြောင်းတော့ (၇)၊ အဲဒီထဲက (၁)ခု နုတ်တော့ (၆)၊ အသက် (၂၆)နှစ်နဲ့ + တော့(၃၂)၊ အဲဒီ (၃၂)ကို (၇) နဲ့ ÷ တော့ (၄)ကြွင်းတယ်။ သူ့မွေးနံ စနေ(၇) အကြွင်းက(၄)၊ (၇၄)အရပ် တနသာင်္ရီ (ဝါ) ဒလ (ဝါ) ထားဝယ် ဆိုတဲ့အရပ်တွေပါပဲ။

မင်းရဲကျော်စွာဟာ သက္ကရာဇ် ၇၇၈ ခုနှစ် တန်ခူး လဆန်း (၄) ရက် ဗုဒ္ဓဟူးနေ့ ည သုံးချက်တီးကျော်အချိန်မှာ ဒလမှာ ကျဆုံးတော်မူခဲ့တယ်၊
အဲဒါကို ရှေးပညာရှိကြီးတွေက”မွေးနံပျက်ပြုန်းအသက်ဆုံးချိန်”လို့ ပြောကြပါတယ်။

ဤကား ဗေဒင်ကျမ်းအလိုတည်း ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။