သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းများ နံနက် ၅ နာရီ မှ ည ၇ နာရီအတွင်း ပြေးဆွဲမည်ဟုဆို

Local News
သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းများ နံနက် ၅ နာရီ မှ ည ၇ နာရီအတွင်း ပြေးဆွဲမည်ဟုဆို

မဟာသင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းများအား နံနက် ၅ နာရီ မှ ည ၇ နာရီအတွင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှ သိရသည်။

“မနက် ၅နာရီတည်းက စပြေးဆွဲမယ်။ ညတော့ သတ်မှတ်ပေးထားတာ ည ၁၀ နာရီ ဖြစ်ပေမယ့် ည ၇ နာရီတော့ အနည်းဆုံး ပုံမှန်ပြေးဆွဲပေးသွားမှာပါ။ ယာဉ်စီးခပိုကောက်ခံတယ်လို့တိုင်ကြားရင်လည်း အရေးယူသွားမှာပါ။ မနှစ်ကတော့ တစ်လ ဂိတ်ပိတ်တာမျိုး ဆောင်ရွက်ခဲ့ပါတယ် ” ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကစံတော်ချိန်ဒစ်ဂျစ်တယ် သို့ပြောသည်။

သင်္ကြန် အကြို‌နေ့ဖြစ်သည့် ဧပြီ ၁၃ ရက်တွင် YBS ကုမ္ပဏီ (၁၆) ခု မှ ယာဉ်လိုင်း (၆၁)လိုင်း ၊ ယာဉ်စီးရေ (၁၃၀၈) စီး ၊ သင်္ကြန် အကျနေ့ မှ အတက်နေ့အထိယာဉ်လိုင်း (၅၇) လိုင်း ၊ ယာဉ်အစီးရေ (၉၃၈)စီး ပြေးဆွဲပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ သင်္ကြန်ကာလအတွင်း Yangon Bus Public Co. Ltd ၊ ခေတ်သစ်ဘုရင့်နောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၊ ရွှေတောင်ပိုင်းသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၊ ကုန်းဘောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ အမြင့်မြတ်ဆုံးအင်အားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၊ ရန်ကုန်မြောက်ပိုင်းတိုက်ကြီးသားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၊ ရွှေလမ်းခင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၊GYCT Public Co.,Ltd ၊ Rapid City Bus Transportation Co.,Ltd ၊ စံဝေလအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၊ Trans Link Public Co.,Ltd၊ City Liner Bus Public Co.,Ltd ၊ ရွှေပြည်သာသားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၊ Transport Star Public Co.,Ltd ၊ Thet Yin Aung Transport Public Co. Ltd နှင့် Paya San ThuTransport PublicCo., Ltd ပိုင် ယာဉ်လိုင်းများလက်အောက်ရှိ YBS ယာဉ်များပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ပြေးဆွဲပေးမည့် ယာဉ်လိုင်း နံပါတ်များမှာ ၃၇ ၊ ၈၇ ၊ ၈၉ ၊ ၃၅ ၊ ၅၂ ၊ ၅၃ ၊ ၅၄ ၊ ၆၁ ၊ ၆၈ ၊၇၅ ၊ ၁၃၁ ၊ ၁၃၇ ၊ ၅ ၊ ၃ ၊ ၄ ၊ ၇၀ ၊၉၅ ၊ ၁၂၉ ၊ ၃၁ ၊ ၆ ၊ ၄၆ ၊ ၉၂ ၊ ၉၀ ၊ ၁၁၂ ၊ ၁၂၃ ၊ ၁၂၄ ၊ ၄၀ ၊ ၁၄၃ ၊ ၁ ၊ ၉ ၊ ၁၉ ၊ ၂၃ ၊ ၁၀၃ ၊ ၁၀၉ ၊ ၄၄ ၊ ၆၆ ၊ ၆၇ ၊ ၇၁ ၊ ၇၄ ၊ ၇၇ ၊ ၇၉ ၊ ၉၁ ၊၁၃၀ ၊ ၂၇ ၊ ၇၆ ၊ ‌၈၀ ၊ ၈၁ ၊ ၁၂၀ ၊ ၈၆ ၊ ၄၂ ၊ ၆၅ ၊ ၂၂ ၊ ၃၃ ၊ ၄၅ ၊ ၈၄ ၊ ၁၁၁ ၊ ၁၃၃ ၊ ၁၃၆ ၊ ၁၃၈ ၊၁၃၉ ၊ ၁၄၂ ၊ ၁၄၄ အစရှိသည့်တို့ဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူးမှ ဆိုသည်။

ယာဉ်စီးခပိုမိုကောက်ခံခြင်းခံရပါက ခရီးသွားပြည်သူများအနေဖြင့် YRTC Call Center နံပါတ်များဖြစ်သည့် ၀၉၄၄၈၄၄၇၁၄၉ ၊ ၀၉၄၄၈၁၄၇၁၅၃ ၊ ၀၉၄၄၈၁၄၇၁၅၄ တို့အား viber မှတဆင့် ပုံနှင့်တကွ ပေးပို့တိုင်ကြားနိုင်ကြောင်း ၊ ပေးပို့တိုင်ကြားမှုများအား ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှသိရသည်။

ရေးသားသူ – The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။