ဒူဘိုင်းကုမ္ပဏီတစ်ခုက အသုံးပြုပြီးသား ဟင်းချက်ဆီတွေကို ပြန်ဝယ်ပြီး ဇီဝဒီဇယ်ဆီထုတ်လုပ်

International News Tech
ဒူဘိုင်းကုမ္ပဏီတစ်ခုက အသုံးပြုပြီးသား ဟင်းချက်ဆီတွေကို ပြန်ဝယ်ပြီး ဇီဝဒီဇယ်ဆီထုတ်လုပ်

ဒူဘိုင်းအခြေစိုက် Lootah Biofuels ကုမ္ပဏီက အသုံးပြုပြီးသား ဟင်းချက်ဆီတွေကို ပြန်ဝယ်ပြီး ဇီဝဒီဇယ် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အသုံးပြုပြီးသား ဟင်းချက်ဆီကနေ ပြန်လည်ထုတ်လုပ်တဲ့ ဇီဝဒီဇယ်ဟာ ဈေးသက်သာသလို ပြည့်ဖြိုးမြဲရင်းမြစ်လည်း ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ယူအေအီးနိုင်ငံက အခြားလောင်စာဆီတွေနည်းတူ ဇီဝလောင်စာဆီကို ဆီဆိုင်တွေမှာ ပူးတွဲရောင်းချနိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာစေဖို့ ရည်မှန်းထားတဲ့ ဘင်ဆာအိဒ်အယ်လူတာရဲ့ စိတ်ကူးကို Lootah Biofuels ကုမ္ပဏီက အကောင်အထည်ဖော်ခဲ့တာပါ။

Lootah Biofuels ကုမ္ပဏီဟာ စားသောက်ဆိုင်တွေ၊ မုန့်တိုက်တွေ၊ စားသောက်ကုန်လုပ်ငန်းတွေဆီကနေ လစဉ်လတိုင်း အသုံးပြုပြီးသား ဟင်းချက်ဆီ လီတာ ၅ သိန်း ဝယ်ယူပြီး ဇီဝဒီဇယ် ထုတ်လုပ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အသုံးပြုပြီးသား ဟင်းချက်ဆီတွေကနေ ဇီဝလောင်စာဆီ တန်ချိန် ၇၇၀ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသုံးပြုပြီးသား ဟင်းချက်ဆီတွေကနေ ရရှိတဲ့ ဇီဝဒီဇယ်ဟာ ဇီဝလောင်စာဆီအားလုံးထဲမှာ ကာဗွန်ထုတ်လုပ်မှု အလျှော့ချနိုင်ဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ ကာဗွန်ထုတ်လုပ်မှု တန်ချိန် သန်း ၅၀၀ အထိ လျှော့ချနိုင်မယ်လို့ ခန့်မှန်းကြောင်း Lootah Biofuels ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။