နတ်ဆေးလို့ ခေါ်ထိုက်တဲ့ ရွက်ကျပင်ပေါက် ဆေးအစွမ်းများ

Health Knowledge
နတ်ဆေးလို့ ခေါ်ထိုက်တဲ့ ရွက်ကျပင်ပေါက် ဆေးအစွမ်းများ

အချို့ကပန်းအိုးတို့ဖြင့် အလှစိုက်ပျိုးသော ရွက်ကျပင်ပေါက်တွင်
ဆေးအစွမ်းများစွာရှိပါ၏။ အိမ်တွင်ရှိနေပါက ဆေးအသုံးသိစေရန်
ပြန်လည်မျှဝေလိုက်ပါသည်။ ယင်းဆေးပင်သည် နတ်ဆေးသဖွယ်ဖြစ်၏။ သွေးယိုစီးကျဆင်းခြင်းကို ရပ်တန့်ထိန်းချုပ်သောနေရာ၌် အလွန်အစွမ်းကြီးကြောင်းဆေးကျမ်းတွင်ဆိုပါသည်။

ရုက္ခဗေဒအမည်မှာ( Bryophyllum calycinum Salisb ) ဖြစ်သည်။ အရည်ရွမ်းသော နှစ်ရှည်ခံပင်ငယ်သက်ပြင်း မျိုးဖြစ်သည်။ ထူးခြားသည်မှာ ရွက်ဖျားပတ်ပတ်လည် အရွက်ပိုလေးများသည် မြေသို့ကျရာမှ မျိုးစေ့သဖွယ်အပင်ပြန်ပေါက်၍ ရွက်ကျပင် ပေါက်ဟုခေါ်ဟန်ရှိ၏။

အသုံးပြုပုံမှာ

(၁) ထိခိုက်ရှနာနှင့်သွေးစိမ်းထွက်သော အနာများကို
ရွက်ကျပင်ပေါက်ရွက် ကို မီးကင်း၍ ကပ်ပေးပါက
သွေးများရပ်စဲ၍ အနာကျက်လွယ်၏။

(၂) အရွက်ကို ကြိတ်ညစ်၍ရသော အရည်ဖြင့် အနာစက်၊
အနာမီး လျှံနှင့်မွေးကျွတ် နာများတွင် လိမ်းပေးက ပျောက်ကင်း၏။

(၃) ရွက်ကျပင်ပေါက်ကို အရွက်ကိုမီးကင်ပြီး ထိခိုက်ရောင်ရမ်းသော
ဒဏ်ရာများ ကို ကပ်ပေးပါကရောင်ရမ်းခြင်းကျဆင်းပြီး ဒဏ်ရာများ
သက်သာ ပျောက်ကင်း၏။

(၄)ရွက်ကျပင်ပေါက်ရွက်(၁)ရွက်(၂)ရွက်ကို ငရုတ်ကောင်းအနည်းငယ်
ထည့်၍ ညက်အောင်ကြိတ်ပြီး သောက်သုံးပါက ဆီးပူ၊ဆီးချုပ်၊ သွေးမြင်း
သရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများ ပျောက်ကင်း၏။

(၅) အရွက်ကိုကြိတ်၍ အရည်ကိုသောက်ပါက ကာလ၀မ်းရောဂါ
ပျောက်၏အရွက်ရည်ကို အဆစ်လွဲ၊အကြောထုံးနေရာများနှင့်
မီးလောင်နာတို့ တွင်လိမ်းပေးပါက ပျောက်ကင်း၏။

(၆) အရွက်ကိုညက်စွာကြိတ်၍လည်းကောင်း၊ အအေးလွန်၍ဖြစ်သော
မျက်စိ နာအတွက် အရွက်ကိုကြိတ်ပြီး နနွင်းစစ်စစ် အနည်းငယ်
ထည့်ကာ ခပ်နွေးနွေးအုံ ပေးပါက မျက်စိနာပျောက်၏။

(၇) အနာများမပေါက်ဘဲ အညှော်မိ၊ ငန်းမန်းလိုက်၍
ရောင်တင်းလာပါက အရွက် ကိုကြိတ်၍ အုံပေးပါက
အညှော်များကျဆင်းပြီး အနာနုလျှင်ပိန်၍ ရင့်လျှင်ပေါက်သွားစေသည်။

(၈)အရွက်ရည်ကို သကြားဖြင့်ရောသောက်ပါက
ဆီး၌ သွေးပါခြင်းနှင့် သွေး၀မ်း သွားခြင်း ကိုပျောက်ကင်း၏

(၉) အရွက်ကို မီးကင်၍ ဖေါရောင်သောနေရာများကို ကပ်ပေးပါက အဖေါကျ၏။ အရွက်ကိုဆားဖြင့်ကြိတ်ပြီး ကင်းကိုက်သော နေရာသို့ သိပ်ပေးပါက ကင်းဆိပ်ပြေသည်။

ကျမ်းကိုး။ မြန်မာ့ဆေးဝါးပင်များ လိုသူယူသုံးစေတနာအပြုံးဖြင့်
Credit:ရဲမျိုးသူ(ဗောဓိမြိုင်)

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။