မက်ဆီ အနားယူမယ့်နေ့

International News Sports
မက်ဆီ အနားယူမယ့်နေ့

အာဂျင်တီးနားနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို သိမ်းပိုက်ခဲ့ပြီးတဲ့နော‌က် လီယိုမက်ဆီက သူရဲ့ကစားသမားဘဝမှာ အခြားဘာမှ ထပ်လိုချင်တာ မရှိဘူးလို့ ဆိုပါတယ်။ ရှစ်ထပ်ကွမ်း Balloon d’Or ဆုကတော့ သူ့အတွက် အပိုဆုပါပဲ။
ရနိုင်သမျှ အောင်မြင်မှုတွေအားလုံး သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မက်ဆီဟာ အင်တာမိုင်ယာမီမှာ သူ့ရဲ့ဘကစားသမားဘ၀ကို အေးအေးလူလူပဲ ဖြတ်သန်းနေပါတယ်။ ဘောလုံးသမားဘ၀ကနေ ဘယ်တော့ အနားယူမလဲဆိုတဲ့ မေးခွန်းကိုလည်း ခုလိုပဲ ဖြေလာခဲ့ပါတယ်

” ကျွန်တော် ကွင်းထဲမှာ ကောင်းကောင်း မစွမ်းဆောင်နိုင်တော့ဘူး၊ အသင်းဖော်တွေကို မပျော်မရွှင်နဲ့ မကူညီနိုင်တော့ဘူး၊ ကျွန်တော် ဘောလုံးကစားရတာမပျော်တော့ဘူးလို့ ခံစားမိရင် အဲ့ဒီအချိန်မှာ ကစားသမားဘ၀ကနေ အနားယူမှာပါ။”

” ကျွန်တော်က ကိုယ့်ကိုယ်ကို အရမ်းဝေဖန်တတ်တယ်၊ ကျွန်တော် ကောင်းကောင်းကစားနိုင်ရဲ့လား၊ ခြေစွမ်းမပြနိုင်ဘူးလား၊ ကွင်းထဲမှာ ခြေစွမ်းပြနိုင်လား၊ မပြနိုင်ဘူးလားဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်။”

” အနားယူဖို့ အချိန်တန်ပြီလို့ ခံစားရတဲ့အခါ အသက်အရွယ်ကို ထည့်မတွက်ပဲ အနားယူလိုက်မှာပါ။ ဘောလုံးဆက်ကစားဖို့ အဆင်ပြေသေးတယ်လို့ ခံစားရသရွေ့တော့ အကောင်းဆုံး ယှဉ်ပြိုင်ဖို့ အမြဲကြိုးစားနေမှာပါ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်သဘောကျတဲ့အရာဖြစ်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာလည်း ကျွန်တော်ကောင်းကောင်းသိတယိလေ။”
ဘောလုံးပရိသတ်တွေကတော့ သူအနားယူမယ့်နေ့အတွက် အသင့်မဖြစ်လောက်သေးပါဘူး။

ရေးသားသူ –Media Fever 9

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။