မဟာဘုတ်နဲ့ပဌာန်းဆက်ရှာနည်း

Astrology
မဟာဘုတ်နဲ့ပဌာန်းဆက်ရှာနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်နဲ့ပဌာန်းဆက်ရှာနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်နဲ့ပဌာန်းဆက်ရှာနည်း

ပဌာန်းဆက်ဆိုတဲ့ စကားက ကျွန်တော်တို့ လူမျိုးတွေနဲ့ တော်တော်ရင်းနှီးတဲ့စကားပါ ။ သူ့ကိုတော့ ဘယ်ပုဂ္ဂိုလ်ကစောင့်ရှောက်တာ၊ သူကတော့ သိုက်ကလာတာလေ စသဖြင့် လူ ၁၀၀ မှာ ၉၀ လောက်က အပြောခံဖူး ကြုံဖူးကြမှာပါ။ တချို့ကိစ္စတွေမှာ ဟုတ်တာတွေလည်း ရှိမှာဖြစ်သလို ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ကိစ္စတွေလည်း ဒုနဲ့ဒေးပါပဲ။

တလောက လောကီဂရုတစ်ခုထဲမှာ ကလေးတစ်ယောက်ကို ဘာမှန်းမသိတဲ့ ဆရာတစ်ယောက်က ဘိုးဘိုးအောင်နဲ့ပဌာန်းဆက်ရှိတယ်လို့ ပြောတာတွေ့လိုက်ရတယ်။ သူကတော့ အကြားအမြင်တွေ၊ ခေါင်းစွဲတွေနဲ့ ပြောတာလားတော့ မပြောတတ်ပါဘူး။

ဒါပေမဲ့ ကိုယ့်ရဲ့ ပဌာန်းဆက်၊ အစောင့်အရှောက်ကိုလူတိုင်းသိနိုင်တဲ့နည်း ဗေဒင်ပညာမှာရှိပါတယ်။အဲ့ဒါကို လူတိုင်းသိထားရင် ဆရာတု၊ဘိုးတော်တုတွေနဲ့ သွားကြုံမိတဲ့အခါ ဒီလူကိုယ့်ကို ရွှီးနေတာလား ဆိုတာ သိနိုင်ပြီပေါ့။

ဒီနေရာမှာ စကားခံထားရမှာက ဒီပညာဟာ မဟာဘုတ်ကို အခြေခံထားတဲ့ ပညာဖြစ်ပြီးတော့ မဟာဘုတ် အကြွင်း ၇ ခုအတွက်အဖြေ ၇ခုပဲ ရှိပါတယ်။ ဒီကိစ္စကို ကျွန်တော်က အဟောပိုင်းမှာ ထည့်မဟောပါဘူး။ဗဟုသုတအနေနဲ့ သိချင်ရင်သာ ပြောပြပေးပါတယ်။

ဥပမာ ဗေဒင်မေးတဲ့သူဘက်က ဘိုးဘိုးအောင်အကြောင်းပြောတယ်။ ဘိုးဘိုးအောင် နိမိတ်တစ်ခုခု တွေ့ရတယ်။ သူ့မဟာဘုတ်ဇာတာမှာလည်း ဘိုးဘိုးအောင်နဲ့ ပဌာန်းဆက်ရှိတယ်လို့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ အကိုရေ၊အစ်မရေ ဘုရားရှိခိုးပြီးတိုင်း ဘိုးဘိုးအောင်ကို မေတ္တာပို့ပေးပါ။

အရေးကြီးတဲ့ ကိစ္စတွေဆောင်ရွက်ရင် ဘိုးဘိုးအောင်ကို တိုင်တည်ပြီးမှ ဆောင်ရွက်ပါ။ ဒါမျိုးပဲ အကြံပေးပါတယ်။ ဘိုးဘိုးအောင်ကို ကိုးကွယ်ရမယ်လို့ အကြံမပေးပါဘူး။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘုရား၊တရား၊သံဃာကလွဲလို့ အခြားသော ကိုးကွယ်မှုများက သရဏဂုံပျက်စေပါတယ်။

ကျွန်တော့်ကို ဆိုရင်လည်း ငယ်ငယ်က နဂါးသိုက်ကလာတယ်လို့ ပြောဖူးပါတယ်။ အစ်မတော်မြနန်းနွယ်နဲ့ ပက်သက်ပြီးတော့လည်း ထူးခြားတာတွေ ကြုံဖူးပါတယ်။ သို့သော် ကျွန်တော်နဲ့ဘဝဟောင်းက ဆွေမျိုးတွေလို့ပဲ သဘောထားပြီး မေတ္တာပို့တာ၊ အမျှဝေတာ၊ ရည်စူးပြီး လှူတန်းတာမျိုးတွေပဲ လုပ်ပေးပါတယ်။ ကိုယ့်အတွက်လည်း အကျိုးမယုတ် ၊ သူတို့အတွက်လည်း အကျိုးရှိတဲ့ ရည်ရွယ်ချက်မျိုးကလွဲပြီး အချိန်ကုန် ငွေကုန် လူပင်ပန်းတဲ့ ကိစ္စတွေကို ကျွန်တော်ကတော့ အားမပေးပါဘူး ။

မဟာဘုတ်ပညာအရ အကြွင်းအပေါ်မူတည်ပြီး ဘယ်ခေတ်နဲ့ ပဌာန်းဆက်ရှိပြီးဘယ်ပုဂ္ဂိုလ်စောင့်ရှောက်လဲ ဆိုတာကို သိဖို့ဆိုရင် အထွန်းအိမ်၊ အဓိပတိအိမ်နဲ့ ရာဇအိမ်ကို ကြည့်ပါ။ အထွန်းအိမ်မှာ ရှိတဲ့ နံက စောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကို ပြပြီးအဓိပတိအိမ်နဲ့ ရာဇအိမ်မှာ ရှိတဲ့ နံက ပဌာန်းဆက်တော်ခဲ့တဲ့ခေတ်ကာလကို ညွှန်ပြပါတယ်။ အကြွင်း (၇) ခုလုံးအတွက် ဖော်ပြပေးပါမယ် ။

(၁)ကြွင်း မဟာဘုတ်ပိုင်ရှင်များ ။
အနောက်မဇ္ဇိမ ဆာဒူးဘိုးတော် စောင့်ရှောက်ပြီး
ပုဂံခေတ် ၊ သရေခေတ္တရာခေတ်မှာ ပဌာန်းဆက်တော်စပ်ခဲ့ပါတယ် ။

(၂)ကြွင်း မဟာဘုတ်ပိုင်ရှင်များ။
ဘိုးဘိုးအောင်စောင့်ရှောက်ပြီး သရေခေတ္တရာခေတ် ၊တောင်ငူခေတ်မှာ ပဌာန်းဆက်တော်စပ်ခဲ့ပါတယ်။

(၃)ကြွင်း မဟာဘုတ်ပိုင်ရှင်များ ။
ဘိုးမင်းခေါင်စောင့်ရှောက်ပြီး အင်းဝခေတ်တောင်ငူခေတ်မှာ ပဌာန်းဆက်တော်စပ်ခဲ့ပါတယ်။

(၄)ကြွင်း မဟာဘုတ်ပိုင်ရှင်များ ။
ဆေးဝိဇ္ဇာ စောင့်ရှောက်ပြီး အင်းဝခေတ်ကုန်းဘောင်ခေတ်မှာ ပဌာန်းဆက်တော်စပ်ခဲ့ပါတယ်။

(၅)ကြွင်း မဟာဘုတ်ပိုင်ရှင်များ ။
ယက္ကန်းစင်တောင်ဆရာတော် စောင့်ရှောက်ပြီး
ကုန်းဘောင်ခေတ်၊ ညောင်ရမ်းခေတ်မှာ ပဌာန်းဆက်တော်စပ်ခဲ့ပါတယ် ။

(၆)ကြွင်း မဟာဘုတ်ပိုင်ရှင်များ ။
ဘိုးတော်ပွင့်၊ ဘိုးတော်ပြူးစောင့်ရှောက်ပြီးညောင်ရမ်းခေတ် ၊ ရှမ်းခေတ်မှာ ပဌာန်းဆက်တော်စပ်ခဲ့ပါတယ် ။

(၀)ကြွင်း မဟာဘုတ်ပိုင်ရှင်များ ။
သိုက်ချုပ်ဘိုးတော် စောင့်ရှောက်ပြီး ရှမ်းခေတ် ၊ ပုဂံခေတ်မှာ ပဌာန်းဆက်တော်စပ်ခဲ့ပါတယ်။

ဒီ post ကို ဖတ်မိပြီး ကိုယ့်ကိုတစ်ယောက်ယောက်က ဒါမျိုးပြောတာကြုံရတဲ့အခါ သူ မဟာဘုတ်နဲ့ပြောနေတာပဲလို့ သိထားမယ်ဆိုရင် မိတ်ဆွေတို့အတွက် အကျိုးမယုတ်လောက်ဘူးထင်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ် ။မိတ်ဆွေများအားလုံး ကျန်းမာ ၊ ချမ်းသာကြပါစေ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။