၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ဧပြီလ ၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ဧပြီလ ၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တက်ကြွမှု ရှိနေပါမယ်။ ယုံကြည်မှုရှိရှိဖြင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါမယ်။ ဒါ့အပြင် ကျန်းမာရေးအရ လုံလုံလောက်လောက် အနားယူပေးရန် လိုအပ်ပါမယ်။

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေပါက စီးပွားရေး မိတ်ဖက်သစ်များနှင့် လုပ်ကိုင်ရတတ်ပါတယ်။ ရရှိလာသော အတွေ့အကြုံများမှ သင်ယူကာာ မိမိ၏ ငွေကြေးကို ရင်းနှီးမြုပ်နှံပေးပါ။

အိမ်ထောင်ရေး၊ မိသားစုရေးရာ ကိစ္စရပ်များမှာတော့ ပြင်ပမှ မလိုလားအပ်သော ဝင်ရောက် စွက်ဖက်မှုများကြောင့် မိသားစုဝင်များ အကြား တင်းမာမှုကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အပြောအဆို ထိန်းသိမ်းပေးပါ။

ပြိဿရာသီခွင် – Taurus ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေးအရ တိုးတက်မှုများ ရှိနေပါမယ်။ သို့သော် အသက်ကြီးပိုင်း ရာသီခွင်များ အနေနဲ့ ဂရုစိုက်ပေး ရပါမယ်။ အဆစ်အမြစ် ကိုက်ခဲခြင်း၊ ခါးနာခြင်း ဝေဒနာများ ခံစားရနိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုရေးရာ လိုအပ်ချက်များ အတွက် ငွေကြေး သုံးစွဲရဖွယ် ရှိနေပါတယ်။ ဘဏ္ဍာရေး အခြေအနေသည် အနည်းငယ် ခက်ခဲနေနိုင်ပါမယ်။ ဝင်ငွေ ရရှိနိုင်သော်လည်း လက်ထဲတွင် မတည်မြဲနိုင်ပေ။

ပြဿနာများနှင့် ရင်ဆိုင်နေရပါက မိမိတစ်ဦးတည်း မွန်းကြပ်မှုကြားတွင် ပိတ်လှောင်မနေဘဲ မိသားစုဝင်များ သို့မဟုတ် ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းများကို ပြောဆိုပေးပါ။ သို့မှသာ စိတ်သက်သာရာ ရရှိပါလိမ့်မယ်။

မေထုန်ရာသီခွင် – Gemini ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိုးရိမ်မှုများ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။ စိတ်ပူပန်မှု အမျိုးမျိုးမှ ကင်းကင်းဝေးဝေး နေထိုင်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော ကျန်းမားရေး လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ဤကာလအတွင်း ဝင်ငွေ ရရှိနိုင်သော်လည်း မမျှော်လင့်ဘဲ ငွေကြေး ပျောက်ဆုံးတတ်ပါတယ်။ ဒါကြောင့် ရက်သတ္တပတ် အစောကတည်းက ငွေကြေးကိစ္စရပ်များကို သတိထားပါ။

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် မိမိလုပ်ဆောင်မည့် အကြောင်းကိစ္စနှင့် ပက်သက်၍ မိသားစုဝင်များကို အသိပေးရပါမယ်။ မဟုတ်ပါက ဆက်ဆံရေးကို ထိခိုက်စေကာ လစ်လျူရှုမှုတို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် မိမိ၏ စိတ်ကို ပျော်ရွှင်အောင်ထားပါ။ ရင်းနှီးမြုပ်နှံမှုကို ပြုလုပ်လိုပါက အနည်းငယ် စောင့်ဆိုင်းပေးပါ။

ဤကာလအတွင်း ငွေကြေး ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ မိမိမျှော်မှန်းသလောက် အပြည့်အဝ မရရှိနိုင်ပေ။

မိသားစုဝင်တို့၏ ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ ကျန်းမာရေးနှင့် ပက်သက်၍ ငွေကြေး သုံးစွဲရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အိမ်မှုရေးရာ တာဝန်များ ပိုမိုလုပ်ဆောင်ရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေး ကံတရားသည် ညံဖျင်းနေတတ်ပါတယ်။ ရောဂါပိုး ကူးစက်နိုင်ခြေ ရှိနေသောကြောင့် မျက်စိ၊ နားနှင့် နှာခေါင်းကို ဂရုစိုက်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကြုံတွေ့နေရသော အခက်အခဲများမှ လွတ်မြောက်နိုင်ပါမယ်။ ငွေကြေး အထောက်အပံ့တို့ဖြင့် ဝင်ငွေ ကောင်းမွန်နေပါမယ်။ ဒါ့အပြင် ရင်းနှီးမြုပ်နှံမှုများ သို့မဟုတ် စီးပွားရေး ချဲ့ထွင်မှုများကို ပြုလုပ်နိုင်ပါမယ်။

သို့သော် အချို့သော အတက်အကျတို့ကြောင့် စိတ်ခံစားချက် ပြင်းထန်နေနိုင်ပါမယ်။ အထူးသဖြင့် စိတ်တိုင်းမကျကာ ဒေါသဖြစ်လွယ် နေပါမယ်။ ဒါ့ကြောင့် မိသားစုဝင်များနှင့် ဖြစ်စေ၊ အပေါင်းအသင်းများနှင့် ‌ဖြစ်စေ စကားပြောဆိုရာတွင် စိတ်ခံစားချက်ကို ထိန်းချုပ်ထားရန် လိုအပ်ပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ခံစားရမည် မဟုတ်ပါ။ လတ်ဆတ်သော သစ်သီးများနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။

ရွှေ‌ငွေလက်ဝတ်ရတနာများ၊ အိမ် သို့မဟုတ် မြေကွက်များတွင် ရင်းနှီးမြှုပ်နှံရန် အတွက် သင့်တော်သော အချိန်ကာလ ဖြစ်ပါတယ်။

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ အနာဂတ်နှင့် ပက်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရတတ်ပါတယ်။ လိုအပ်သော ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

တူရာသီခွင် – Libra ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ကြီးကြီးမားမား ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ ဒါ့အပြင် အပြုသဘောဆောင်သော အတွေးအမြင်တို့ဖြင့် ရှေ့ဆက်ပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ယခင်ရင်းနှီးမြု့ပ်နှံမှုများမှ အကျိုးအမြတ် ရရှိနိုင်ခြေ ရှိနေပါတယ်။ လိုအပ်သော ပစ္စည်းဥစ္စာများကို ဝယ်ယူနိုင်ပါမယ်။ သို့သော် လူအများနှင့် ပြောဆိုဆက်ဆံရာတွင် သတိထားပေးရပါမယ်။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ မိသားစု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ သို့သော် အဆိုးမြင်သော ပတ်ဝန်းကျင်ကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများ ခံစားရတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ စိတ်အားထက်သန်မှုတို့ကြောင့် အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါမယ်။

ငွေရေးကြေးရေး အရ ကြီးမားသော အခွင့်အလမ်းများ ရရှိနိုင်ပါမယ်။ ဒါ့အပြင် လုပ်ငန်းသစ်များကို စတင်နိုင်ပါမယ်။ သို့သော် မည်သည့် ရင်းနှီးမြုပ်နှံမှုကိုမဆို ဆုံးဖြတ်ချက်မချမီ အားသာချက်များနှင့် ချို့ယွင်းချက်များကို ဂရုတစိုက် ကြည့်ရှုပေးပါ။ လိုအပ်ပါက အတွေ့အကြုံရှိသူများထံမှ အကူအညီများ ရယူပေးပါ။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစုဘဝတွင် ဖိအားတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သို့သော် စိတ်ဓာတ် မကျပါနှင့်။ ကြုံတွေ့နေရသော အခက်အခဲများကို ငြီးငြူခြင်း၊ အချိန်ဖြုန်းခြင်းထက် ကြိုးစားဖြေရှင်းနိုင်မှသာ လွတ်မြောက်နိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အပြောင်းအလဲ အချို့ ကြုံတွေ့ရတတ်ပါတယ်။ အချို့သော ရာသီခွင်များ အနေနဲ့ ခံစားနေရသော ရောဂါ ဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။ ခန္ဓာကိုယ် ကျန်းမာစေရန် အတွက် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ဤကာလအတွင်း ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ သေးငယ်သော ရင်းနှီးမြုပ်နှံမှုများမှပင် အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ အခြားသူများထံမှ အကူအညီကို ရယူခြင်းထက် မိမိကိုယ်တိုင် တတ်နိုင်သမျှ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။

မကာရရာသီခွင် – Capricorn ( April 1 to April 7 )
===============================================

ယခု ရက်သတ္တပတ် အစောပိုင်းတွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် ညံ့ဖျင်းနေတတ်ပါတယ်။ အအေးမိခြင်း စသော ဝေဒနာအချို့ ခံစားရတတ်ပါတယ်။

ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေ အားကောင်းနေပါမယ်။ သို့သော် စက်ပစ္စည်းများ၊ အီလက်ထရွန်းနစ် ပစ္စည်းများ ချို့ယွင်းမှုကြောင့် ငွေကြေး သုံးစွဲရကိန်း ရှိနေပါတယ်။ ဒါကြောင့် မိမိ၏ ပစ္စည်းများကို အစောကတည်းက ဂရုစိုက်ပေးပါ။

ဤကာလအတွင်း မိသားစု ဘဝတွင် အပြောင်းအလဲ အချို့ ပြုလုပ်ရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ဆုံးဖြတ်ချက် တခုခုကို မချမှတ်မှီ အခြားသူများ၏ ထင်မြင် ယူဆချက်များကိုပါ ကောင်းစွာ သိထားပါ။ မဟုတ်ပါက ငြင်းခုံမှုများကြားတွင် သားကောင် ဖြစ်သွားရတတ်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( April 1 to April 7 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ လမ်းလျှောက်ခြင်းသည်လည်း ကျန်းမာရေးအတွက် ကောင်းမွန်သော အလေ့အကျင့် ဖြစ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ပုံမှန်လည်ပတ်နေပါမယ်။ ငွေကြေး ချေးငှားမှုများ ရှိနေနိုင်ပါတယ်။ မိသားစု လိုအပ်ချက်များ အတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။ ငွေကြေးနှင့် ပက်သက်၍ စိုးရိမ်စရာ မလိုအပ်ပေ။

မိန်ရာသီခွင် – Pisces ( April 1 to April 7 )
===============================================

အကယ်၍ ယခင်ကာလများတွင် ခြေထောက်နာခြင်း၊ ညောင်းညာခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းများ ခံစားနေရပါက ယခုအပတ်တွင် သက်သာရာ ရရှိနိုင်ပါမယ်။ အထူးသဖြင့် အသက် 50ကျော် Pisces ရာသီခွင်များ အတွက်း ကျန်းမာရေး ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။

ငွေကြေးအားဖြင့် ကုန်ကျစရိတ်များ တိုးလာနိုင်သော်လည်း ငွေကြေး အကူအညီတို့ဖြင့် ကျော်လွှားနိုင်ပါမယ်။ ရရှိလာသော ငွေကြေးတို့ဖြင့် သင့်တော်သော ပမာဏ တစ်ခုကို စုဆောင်းနိုင်ပါမယ်။ ဒါ့အပြင် ငွေကြေး သုံးစွဲရာတွင် မိမိအတွက် လိုအပ်မှသာ သုံးစွဲပေးပါ။

ဤကာလအတွင်း မိသားစု ဘဝတွင် အချို့သော အပြုအမူတို့ကြောင့် စိတ်မကောင်း ဖြစ်စေနိုင်ပါတယ်။ ထိုကိစ္စရပ်များကြောင့် စိတ်ဖိစီးမှုကို တိုးလာစေသည့် အပြင် ငြင်းခုံမှုများပါ ရှိလာနိုင်ပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။