မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရကို ထိုင်းဘုရင်မင်းမြတ် မဟာ ဝဇီယာလောင်ကွန်းနဲ့ မိဖုရားတို့ လာရောက်ဖူးမျှော်ကန်တော့

International News
မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရကို ထိုင်းဘုရင်မင်းမြတ် မဟာ ဝဇီယာလောင်ကွန်းနဲ့ မိဖုရားတို့ လာရောက်ဖူးမျှော်ကန်တော့

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရကို ထိုင်းဘုရင်မင်းမြတ် မဟာ ဝဇီယာလောင်ကွန်းနဲ့ မိဖုရားတို့ လာရောက်ဖူးမျှော်ကန်တော့တဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။


ထိုင်းဘုရင်နဲ့ မိဖုရားက ချင်းရိုင်ခရိုင်မှာသီတင်းသုံးတော်မူနေတဲ့ မိုင်းဖုန်းဆရာတော်ကို မနေ့ မတ်လ ၃၀ ရက်နေ့တုန်းက လာရောက်ဖူးမျှော်တာဖြစ်ပါတယ်။
ဆရာတော်ကလည်း ထိုင်းဘုရင်ကို ဗုဒ္ဓဆင်းတုတော်တွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆရာတော်ဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အဓိဌာန် ဂူအောင်းတရားကျင့်ကြံရာကနေ ပြန်လည်ထွက်လာခဲ့ပြီး မြန်မာနဲ့ ထိုင်းနိုင်ငံ သီတင်းသုံးနေတာလည်းဖြစ်ပါတယ်။
မြန်မာနဲ့ ထိုင်းမှာ ကျောင်းတွေရှိတဲ့ ဆရာတော်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ချင်းရိုင်ခရိုင်မှာ တောဝက်ဘောလုံးအသင်းက ကလေးတွေလိုဏ်ဂူထဲ ပိတ်မိတဲ့ဖြစ်စဉ်မှာ ကြွရောက်ဆုတောင်းပေးပြီး ကလေးငယ်တွေ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်မယ်လို့ မိန့်ကြားခဲ့ဖူးပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။