မတတ်သာတဲ့အဆုံးမှာ အဖေ့လက်ထဲပြန်သွားရတော့မဲ့ ဂျမ်းတော

Celebrity Local News
မတတ်သာတဲ့အဆုံးမှာ အဖေ့လက်ထဲပြန်သွားရတော့မဲ့ ဂျမ်းတော

သမန်းကုန်းရွာက သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေး ခေါ် အေးချမ်းသူ လေး ဟာဆိုရင် စကားမြန်မြန်ပြောတတ်တဲ့ သူလေး အဖြစ် လူမူ့ကွန်ရက် မှာ နာမည်ကြီးတဲ့ သူလေး ဖြစ်ပါတယ်။ ဟန်မဆောင်တတ်ဘဲ အရှိကို အရှိ တိုင်း နေထိုင်ပြောဆိုတတ်တဲ့ သရက်ကင်သည် ဂျမ်းတောလေးကိုချစ်ကြ ခင်ကြတဲ့ သူတွေလည်း အများကြီး ပဲဖြစ်ပါတယ် ။

ဂျမ်းတောလေးဆီမှာ မောင်နှမ ၁၀ ယောက်ရှိပြီး ဂျမ်းတောလေးရဲ့ အထက်မှာ အကြီး ၃ ယောက် အောက်မှာ အငယ် ၆ ယောက်ရှိပါတယ်။ ဂျမ်း တာလေးက သရက်ကင်လေးတွေကို ရောင်းပြီး သူမရဲ့ မိသားစုလေးကို ထောက်ပံ့ပေးခဲ့တဲ့ သူလေး ဖြစ်ပါတယ်။ ဂျမ်းတောလေးရဲ့ မိခင်ကြီးဟာ ဆိုရင် ကျောက်ကပ်ရော ဂါ ခံစားနေရတဲ့ သူဖြစ်ပြီး မကြာသေးမီ အချိန်ကမှ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

အခုခါမှာတော့ ဂျမ်းတောကိုမွေးစားထားတဲ့ မချူးဆီကို ဂျမ်းတောရဲ့အဖေကခဏခဏဒုက္ခတွေ လာပေးနေတဲ့ အကြောင်းကို့ ဖွင့်ချလာတာပဲဖြစ်ပါတယ်။” သူ့သားသမီး ကောင်းစားဖို့ ချူးက အများကြီး တည်ဆောက်ပေးခဲ့တာ။ ကိုကျော်စွာ ကိုယ် တိုင်လည်း ချူး အကူအညီတွေ အများကြီးကို မငြိုမငြင်နဲ့ ယူခဲ့တာပဲလေ။ Interview က သူ့အပြောနဲ့ ချူးတို့ ကြုံတွေ့နေရတာ တကယ့်ကို ပြောင်းပြန်။ ဒီနေ့ ကူညီလည်း နောက်နေ့ ပြန်ပြီး ဒုက္ခ ရောက်သွားတာပဲ။ သူ ခိုးချောင်း ချောင်းပြီး ပိုက်ဆံ လာလာတောင်းတာကို ဂျမ်းတောလေးတွေ့ပြီးခံစားနေရတယ်” ဆိုပြီး ပြောပြလာတာပဲဖြစ်ပါတယ်။

အခုခါမှာတော့ ဂျမ်းတောတစ်ယောက်မတတ်သာတဲ့အဆုံး မွေးစားထားတဲ့မချူးနဲ့ခွဲခွာပြီး အဖေဖြစ်သူစီ ဆင်းဆင်းရဲရဲဘဝကို ပြန်သွားရတော့မှာမို့ကျောင်းလည်း ဆက်တက်ဖို့မသေချာလောက်တော့ဘူးဆိုပြီး ဂျမ်းတောကပြောပြလာတာပဲဖြစ်ပါတယ်။

ဗီဒီယိုကြည့်ရန်- https://fb.watch/ra4aoddJIT/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။