ထီပေါက်အောင် ဘယ်လိုထိုးမလဲ?

Astrology
ထီပေါက်အောင် ဘယ်လိုထိုးမလဲ?

ထီပေါက်ချင်တဲ့သူတွေဖတ်ကြည့်ပြီး ဒီနည်းအတိုင်း ထိုးလိုက်ပါ။ထီဝါသနာပါတဲ့ သူများရှိခဲ့ရင် ထီထိုးနည်းလေး ပြောပြချင်ပါတယ်။ဒီတွက်နည်းအရတော့လူတစ်ယောက်ရဲ့ထီပေါက်တဲ့ကံက( ၇ )နှစ်မှ တစ်ခါပေါ်တာပါ။ ( ၅ )ကြွင်းတဲ့နှစ်ဖြစ်ပြီးရင် နောက် ( ၇ )နှစ်ကြာမှ ( ၅ ) ပြန်ကြွင်းတာပါ။

ဒီတွက်နည်းကိုရတော့ ( ၅ )ကြွင်းတဲ့နှစ်ကိုတွက်ထားလိုက်တယ်။ အဲသည်နှစ်ရောက်တော့ နှစ်စမှ နှစ်ဆုံးအထိ ( ၁၂ )လစလုံး မပျက်မကွက် ထီထိုးခဲ့တယ်။တစ်ကယ် ထီပေါက်တယ် သူငယ်ချင်း နှစ်ကြိမ်ကြီးများတောင်- – ဟာ – – -တော်သေးတယ် သတိမေ့တော့မလို့ အရေးကြီးတဲ့ စကားတစ်ခွန်း ကျန်ခဲ့တော့မလို့ တစ်ကယ်လို့ အောက်ဆုံးစာတစ်ပိုဒ်သာ မရေးမိလိုက်ရင် ကျွန်တော့ လျှာလေး တိုရချည်ရဲ့- –
ဒီတွက်နည်းကို ရေးခဲ့သူကတော့ မင်းတုန်းမင်း လက်ထက်တွင် လျှမ်းလျှမ်းတောက်
ကျော်ကြားခဲ့သော စလေမြီု့စာတိ စလေဦးပုညပါ။

သူ့တွက်နည်းကိုတင်ပေး လိုက်တာပါ။ ထီထိုးမည့်သူ၏ မွေးသက္ကရာဇ်တွင် ၎င်းမွေးဂြိုလ်သက်ကို ပေါင်းရမည်။
တနင်္ဂနွေ = ၆ နှစ်
တနလာငျ် = ၁၅ နှစျ
အင်္ဂါ = ၈ နှစ်
ဗုဒ္ဓဟူး = ၁၇ နှစ်
ကြာသပတေး= ၁၉ နှစ်
သောကြာ = ၂၁ နှစ်
စနေ = ၁၀ နှစ်
ရာဟု =၁၂ နှစ်ပေါင်းရန်ဖြစ်သည်။
ပြီးလျှင် ( ၄၃ ) နှင့်စားပါ။

စားကြွင်းကို ရောက်သက်နဲ့ပေါင်းရမည်။
ထို့နောက် ( ၇ ) နှင့်စားရမည်။
( ၅ )ကြွင်းလျှင် ဧကန်ပေါက်မည်။
( ၀ )သုည ကြွင်းလျှင် စပ်ထိုးရမည်။
ဥပမာ ။ ။ အသက်( ၂၈)နှစ်ရှိ
၁၃၃၅ ခုနှစ်တွင် မွေးဖွားသောစနေသားဖြစ်အံ့
မွေးသက္ကရာဇ် = ၁၃၃၅
မွေးဂြိုလ်သက် = + ၁၀
၁၃၄၅
၁၃၄၅ ÷၄၃= အကြွင်း ၁၂
ရောက်သက် = ၂၈
၄၀
၄၀ ÷ ၇ = အကြွင်း -၅ –
အကြွင်း= ၅

Credit…
မနောမယဂျာနယ်မှကူး၍ပြန်လည်မျှဝေပါသည်

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။