ယတြာမတိုးခြင်းမစွမ်းရခြင်းအကြောင်းများ

Astrology

ယတြာမတိုးခြင်းမစွမ်းရခြင်းအကြောင်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယတြာမတိုးခြင်းမစွမ်းရခြင်းအကြောင်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယတြာမတိုးခြင်းမစွမ်းရခြင်းအကြောင်းများ

ခင်ပွန်းကြီး ဆယ်ပါးပြစ်မှားစော်ကားထားသူများ ယတြာမစွမ်းနိုင်ပါ ။ ခင်ပွန်းကြီး ယတြာပြုလုပ်ပြီးမှသာ ယတြာစွမ်းနိုင်ပါမည် ။

ပဉ္စနန္ဒိယကံ အနန္တောအနန္တငါးပါး အားပြစ်မှား ထားလျှင်လည်း ယတြာ မစွမ်းနိုင်ပါ ။

အတိတ် ဝဋ်ကြွေးကံ ပါလာပါကလည်း ယတြာ
အပြည့်အဝ မစွမ်းနိုင်ပါ ။

စိတ်ထားယုတ်မာကောက်ကျစ်ပြီး လူယုတ်မာ စာရင်းဝင်ပါကလည်း ယတြာမစွမ်းနိုင်ပါ ။ ဘုရားမကြိုက် နတ်ကောင်းနတ်မြတ်ပုဂ္ဂိုဟ်တွေမကြိုက်သော သူမျိုးကိုဆိုလိုသည် ။

ယတြာပြုလုပ်နေစဉ်အတွင်းမှာတောင် ကံငါးပါး မလုံခြုံခြင်း မစောင့်ထိန်းပါက ယတြာမစွမ်းနိုင်ပါ ။

ယတြာပြုလုပ်ပေးသော ဆရာအပေါ်၌လည်း ကောင်း ၊ ယတြာ အပေါ်၌လည်းကောင်း သံသယ ရှိနေလျင် မစွမ်းနိုင်ပါ ။

ယတြာကိုမယုံကြည်ပဲ ရရင်အမြတ်မရရင်အရင်းပဲ သဘောထားပြီး ယတြာပြုလုပ်ပါကလည်း ယတြာ မစွမ်းနိုင်ပါ ။

ယတြာပြုလုပ်နေစဉ်နှင့် မအောင်မြင်ခင် အတွင်းကာယကံရှင်သည် နေချင်သလိုနေခြင်း ။

ဥပမာ။ ။ အရက်သောက်ခြင်း ၊ အမဲသား ၊ ကျွဲသားစားခြင်း ၊ မိန်းမကိစ္စ ၊ ယောက်ျားကိစ္စ ဖောက်ပြားရှုတ်ထွေး ၊ အပျော်အပါးလိုက်စားနေခြင်း ၊ ကျင့်စဉ် အဓိဌာန်မပြုလုပ်ခြင်း ၊ ယတြာဆရာမှပြောကြားသော နေ့အချိန်အခါများနဲ့ စီမံပြုလုပ်ရမည်များကို တိကျစွာမပြု လုပ်ခြင်း ၊ စသော အကြောင်းအရာများကြောင့် ယတြာမစွမ်းနိုင်ပါ ။

ပြုလုပ်စီမံပေးသော ယတြာနည်းစနစ် မှန်ကန်မူမရှီ၍လည်း ယတြာမစွမ်းနိုင်ပါ ။
ပြုလုပ်စီမံနည်းစနစ် မှန်ကန်မူရှိသော်လည်းယတြာစီစဉ်ညွန်ကြား လုပ်ဆောင်ပေးသောထိုဆရာသည် နေ့ပိုင်းဟောခန်းဖွင့်ချိန်တွင်လူအများက အထင်ကြီးအောင် ဆရာကြီးဂိုက်ဖမ်းပြုမူနေထိုင် ၊ ဟောခန်းဟိတ်ဟန် ၊ လူဟိတ်ဟန်ဖြင့်နေပြီး ညဘက်ညနေဘက်များတွင် အရက်သေစာသောက်စားခြင်း ၊ မလျှော်ကန်သော လိင်အပျော်အပါးနေရာများကို သွားလာတတ်သော ဆရာမျိုးများ ပြုလုပ်စီမံညွှန်ကြားသောယတြာများ မစွမ်းနိုင်ပါ ။

ယတြာပြုလုပ်ပေးစီမံညွန်ကြားပေးသောဆရာသည် အကျင့် သီလ စရဏ ကောင်းမွန်ပြီး ယတြာအပေါ် စေတနာပါရမည်ဖြစ်ပြီး နဝင်းကျင့်စဉ် အထက်ဂိုဏ်းတစ်ခုခု ပညာယူထားသော ဆရာမျိုးများ၏ အာဏာစက်ရှိသော ဆရာများနဲ့ပြုလုပ်ပါက ပြုလုပ်စဉ်အစမှာတင်၅၀%အောင်မြင်၍ ယတြာစွမ်းနေတတ်သည် ။ ထိုကဲ့သို့မဟုတ်ပဲ အကျင့်စရဏ သီလ သမာဓိ မရှိသော ဆရာမျိုးနဲ့ပြုလုပ်ပါက ယတြာမစွမ်းနိုင်ပါ ။

ကံဇာတာတွင် ရာနန်းပြည့် ဆန်းပညာဖြင့်(၈)မှတ်အားဆိုးခြင်း နက္ခတ််ဂြိုဟ်စီး ဂြိုဟ်နင်း စနေအင်္ဂါ ဒဿအညံ့အဆိုးမျိုးထဲ ရောက်နေပါကလည်း ယတြာတစ်ကြိမ်ထဲ ပြုလုပ်ပါက အပြည့်အဝထောက်ကူမှုမပြုစေပဲ တဖြည်းဖြည်းခြင်းဖြင့်သာ တစ်ဝက်လောက်သာ အောင်မြင်တတ်သည်ကို ယတြာမတိုး ယတြာမစွမ်းဟု သံသယဝင်တတ်သူများလည်း ရှိတတ်ပေသည် ။

ဘုမ္မိနစ်ထပ် ဘုမ္မိကြီး ကျရောက်နေပါကလည်းယတြာ တစ်ကြိမ်ထဲပြုလုပ်ရုံနဲ့ ယတြာ အပြည့်အဝ မတိုးနိုင်ပါ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။