“ နတ်ဆွမ်းစား၍ တရားအစစ်ခံခြင်း “

Astrology Religion
“ နတ်ဆွမ်းစား၍ တရားအစစ်ခံခြင်း “

မိတ္ထီလာဘူတာ၌ မြင်းခြံရထားဆိုက်ရောက်လာ၏ မွန်းတည့် ၁၂နာရီထိုးရန် မိနစ်၃၀မျှသာလိုတော့သည် ဘုန်းတော်ကြီး ၂ပါးနှင့် ဒကာ၂ယောက် ရထားပေါ်မှဆင်းလာကြ၏ ဒကာ ၂ ယောက်မှာ မွန်းတည့်လုပြီဖြစ်၍ ဘုန်းတော်ကြီး၂ပါး၏ ဆွမ်းကိစ္စအတွက် စိတ်ပူနေကြသည်။

ကဲ ကိုရင်ဝိဇယရေ ကျောင်းသွားလည်း ဆွမ်းကမသေချာဘူး အချိန်ကလည်းနီးနေပြီ အချိန်ရှိတုန်း ဆွမ်းခံကြရအောင်”ဟု ကိုရင်ကြီးရှင်ကဝိကပြောရာ ဒါဖြင့် ကိုယ်တော်ရှေ့ကကြွ”ဟုဆိုကာ ရထားအဆင်းနှစ်ပါးအတူ ဆွမ်းခံကြွကြသည်။

ဆွမ်းခံကြွရာ ပထမဆုံးဆွမ်းရပ်သည့် အိမ်မှပင် အိမ်ရှေ့၌ဒကာတစ်ဦးမှာ လူးလာခေါက်ပြန် လမ်းလျှောက်လျက်ရှိရာမှ ကိုရင်ကြီးနှစ်ပါးအား အိမ်ပေါ်သို့ ဝမ်းသာအားရပင့်သွား၏ ထိုဒကာသည် သူ၏ဇနီး သားသမီးများကိုပါ ဝမ်းသာအားရလှမ်းခေါ်ကာ ဆွမ်းကပ်ကြ၏ ဆွမ်းပွဲပြင်၍ စောင့်မျှော်နေကြသည်မှာ နှစ်နာရီခန့် ရှိနေပြီဖြစ်၏။

အိမ်ရှင်ဒကာမှာ ကုလားလူမျိုး ဘူတာရုံပိုင်ကြီးဖြစ်၍ ဇနီးမှာမြန်မာဖြစ်၏ ဇနီးလုပ်သူက ဆွမ်းစားခိုက် ယောကျာ်းကို အသာလက်တို့ခေါ်ကာ ကွယ်ရာရောက်လျင်..”ရှင့်ဘုန်းကြီးနှစ်ပါးက ကိုရင်ကြီးတွေတဲ့ ဘုန်းကြီးလည်းမဟုတ်ပါကလား”ဟု တိုးတိုးပြောရာ..”အိုကွာ ဘာပဲဖြစ်ဖြစ် တို့အိပ်မက်မက်တဲ့အတိုင်း ဆွမ်းကပ်ရတာ ငါတော့ကျေနပ်လှပြီ”ဟု ပြန်ပြောကာ ဆွမ်းပွဲအနားသို့ လာ၍ကြည်ညိုနေကြသည် အိပ်မက်အရ ဆွမ်းပွဲတပြင်ပြင်နှင့် အိမ်ရှေ့က နှစ်နာရီခန့် စောင့်ရကျိုးနပ်လေပြီ။

ဆွမ်းစားပြီးလျှင် မိတ္ထီလာမြို့ စာတတ်အကျော် ရေလယ်ဆကာတော်ထံ ကြွတော်မူကြသည် မြင်းခြံမြို့ ဦးဖြိုးသာနှင့် စာရေးကြီးဦးဘစံတို့၏ လျှောက်ထားသတင်းပေးချက်အရ မိတ္ထီလာရေလယ်ဆရာတော်က ပင့်ခေါ်ခြင်း ဖြစ်၏ ဆရာတော်လည်း ညကပင်”ဆင်ဖြူနှစ်စီး ကျောင်းထဲသို့ ကောင်းကင်မှ ပျံလာသည်”ဟု အိပ်မက် မြင်သည်နှင့် ရှင်ကဝိ ရှင်ဝိဇယတို့နှစ်ပါး ကြွလာသည်ကို မြင်တွေ့ရသောအခါ ဝမ်းသာအားရ နေရာပေးတော်မူ၏။

ရေလယ်ဆရာတော်သည် ခရီးရောက်မဆိုက်ပင် အာလာပ သလ္လာပစကား မေးမြန်းကြည့်၏ ဣနြေ္ဒနှင့် ပြောဆိုသောစကားများအရ ”ရဟန္တာ”ဖြစ်ကြောင်း ကောင်းစွာယုံကြည်၍ နှစ်ထောင်းအားရ သာဓုခေါ်တော်မူသည်။

ဆွမ်းဒကာရုံပိုင်ကြီးလည်း ဆရာတော်များဆွေးနွေးသံကို ကျောင်းအောက်မှပင် နားထောင်ကာ”ရဟန္တာ “ဟုတ်မှန်ကြောင်းကြားရလျှင်ပင် စကားဆုံးအောင် မစောင့်ဆိုင်းဘဲ အိမ်ရှင်မထံဒုန်းစိုင်း၍ ပြန်သွားလေတော့၏။

ရေလယ်ဆရာတော်သည် ရှင်ကဝိနှင့် ရှင်ဝိဇယတို့အား အပန်းဖြေစေပြီးနောက် စာပေကျန်းဂန်နှင့်ညှိ၍ ပို၍တိကျစွာ ကြည်ညိုနိုင်ရန် အောက်ပါအတိုင်း ထပ်မံမေးစစ်ပြန်လေသည် ဦးဖြိုးသာနှင့် ဦးဘစံတို့လည်း အနား၌ပင်နာယူ ကြည်ညိုနေကြ၏။
( မှတ်ချက်။ ။စာမတတ်သူတစ်ဦးအနေဖြင့် ဖြေဆိုရန်မည်မျှခက်ခဲသော မေးခွန်းများဖြစ်သည်ကို သတိပြု၍ဖတ်ပါ။)

မေး။ ။ ရှင်ကဝိ ဘုံသုံးပါးမှာ ဘယ်သူကအိမ်ဆောက်လုပ် ပေးပါသလဲ။
ဖြေ။ ။ တဏှာက ဆောက်လုပ်ပေးပါတယ်ဘုရား။
မေး။ ။ တေဘုမ္မက သင်္ခါရဟာ ဘယ်ကမျိုးစေ့ဖြစ်ပါသလဲ။
ဖြေ။ ။ အဝိဇ္ဇာက မျိုးစေ့ဖြစ်ပါတယ်ဘုရား။
မေး။ ။ လူရယ်လို့ဖြစ်လာတာ ကုသိုလ်ကြောင့်လား ဒါမှမဟုတ် အကုသိုလ်ကြောင့်လား။
ဖြေ။ ။ လူဖြစ်တာ ကုသိုလ်,အကုသိုလ် နှစ်မျိုးလုံးကြောင့် ဖြစ်ပါတယ်ဘုရား။
မေး။ ။ ကုသိုလ်ဟာ သုခဆိုမလား ဒုက္ခဆိုမလား။
ဖြေ။ ။ ကုသိုလ်ဟာ သုခဆိုပါတယ် စင်စစ်အားဖြင့် ဒုက္ခပါပဲ။
မေး။ ။ လူချမ်းသာ နတ်ချမ်းသာဆိုတာ အမှန်ရှိသလား။
ဖြေ။ ။ သင်္ခတနယ်မှာ အမှန်ပင်ရှိပါတယ် ပရမတ်သဘောအရဆိုလျှင် မရှိပါ။
မေး။ ။ ငရဲခံတဲ့ပုဂ္ဂိုလ် နတ်ပြည်စံတဲ့ပုဂ္ဂိုလ်များ ရှိသလား။
ဖြေ။ ။ မရှိပါဘုရား။
မေး။ ။ လောကကြီးမှာ ခံစားသူ စံစားသူနှစ်မျိုး ရှိသည်တွင် ဘယ်သူ့ကို အမှန်ခေါ်မတုံး။
ဖြေ။ ။ နှစ်မျိုးစလုံးပင် မှန်ပါတယ်ဘုရား။
မေး။ ။ ၎င်းနှစ်မျိုးကို ဘာခေါ်မတုံး။
ဖြေ။ ။ နာမ်ရုပ်နှစ်ပါးဟု ခေါ်ပါတယ်ဘုရား။
မေး။ ။ လောကမှာ thetသူ၊thayသူ ရှိသလား။
ဖြေ။ ။ ရှိပါတယ် ဘုရား။
မေး။ ။ ရှိပါတယ်ဆိုတာ ဘယ်လိုမှတ်ရမလဲ။
ဖြေ။ ။ နာမ်ရုပ်နှစ်ပါး ပါပဲဘုရား။
မေး။ ။ သူ့အသက်thetလျှင် ငရဲကျတယ်ဆိုတာ အမှန်ပဲလား။
ဖြေ။ ။ အမှန်ပါပဲဘုရား။
မေး။ ။ မှန်တယ်ဆိုလျှင် ဘယ်ဟာအမှန်ခေါ်မတုံး။
ဖြေ။ ။ နာမ်ရုပ်နှစ်ပါးဟာ ငရဲကျအောင်လည်း သူတို့ပါပဲ နိဗ္ဗာန်ရောက်အောင်လည်း သူတို့ပါပဲဘုရား။
မေး။ ။thet သူthayသူ ရှိတယ်ယူတာမျိုး မရှိဘူးယူတာမျိုး ထိုနှစ်မျိုးတွင် ဘယ်ဟာသမ္မာအယူခေါ်၍ ဘယ်ဟာမိစ္ဆာအယူခေါ်သတုံး။
ဖြေ။ ။ ရုပ်နာမ်နှစ်ပါးကလွဲ၍ ရှိတယ်မရှိဘူး နှစ်မျိုးစလုံးပင် မိစ္ဆာအယူဆိုရမှာပဲ ဘုရား။
မေး။ ။ သမ္မာအယူဖြစ်အောင် ဘယ်လိုယူရမှာတုံး။
ဖြေ။ ။ရုပ်နာမ်နှစ်ပါးသာ ရှိတယ်ယူလျှင် သမ္မာအယူဖြစ်ပါတယ် ဘုရား။
မေး။ ။ ပရမတ်သဘောကို မသိသောသူ ပါရမီဆယ်ပါး ပြည့်စုံနိုင်ပါသလား။
ဖြေ။ ။ မပြည့်စုံနိုင်ပါ ဘုရား။
မေး။ ။ ပညတ်ပရမတ်နှစ်ပါးရှိရာ ပညတ်ကိုသာ သိသောသူ မဂ်ကိုရသလား။
ဖြေ။ ။ မရနိုင်ပါဘုရား။
မေး။ ။ ပညတ်ပရမတ် နှစ်ပါး ဘယ်ဟာအမှန်ခေါ်မတုံး။
ဖြေ။ ။ ပရမတ်ကိုသာ အမှန်ခေါ်နိုင်ပါတယ်ဘုရား။
မေး။ ။ မိစ်ဆာအယူ သမ္မာအယူနှစ်မျိုးတွင် ဘယ်အခါ သမ္မာအယူခေါ်မတုံး။
ဖြေ။ ။ ဒိဋ္ဌိဝိစိကိစ်ဆာ ကင်းလွတ်သည်ကစ၍ သမ္မာအယူဖြစ်ပါပြီ ဘုရား။
အင်း သာဓု သာဓု မှန်ကန်ကောင်းမြတ်လှပေတယ် ဦးကဝိ

သည်နေ့ကစပြီး ဘုန်းကြီးများလည်း ဦးကဝိရဲ့ နည်းနာနိဿယအတိုင်း အားထုတ်လိုပါတယ် ဒကာ/ ဒကာမတွေလည်း အပါယ်တံခါးပိတ်အောင် ဦးကဝိတို့လည်း တစ်ဝါတစ်ချီ ဒီမှာပဲသီတင်းသုံးပါအုံးနော်ဟု ရေလယ်ဆရာတော်က အမိန့်ရှိရာ..

မှန်လှပါဘုရား တပည့်တော်များလည်း ယခုအခါ မှီခိုရာ နိဿရည်းဆရာရှာတုံး ယခုလိုအမိန့်ရှိတာ ဝမ်းမြောက်လှပါတယ်ဘုရားဟု လျှောက်ထားကာ ရေလယ်တိုက်၌ပင် ဦးကဝိနှင့် ဦးဝိဇယတို့ သီတင်းသုံး နေထိုင်ကြလေ၏။
( ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ )
တစ်ဆင့်ကူးယူပူဇော်ပါသည်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။