မေလထဲမှာ ချစ်သူနဲ့လက်ထပ်တော့မယ့် သရုပ်ဆောင် Ma Dong-seok

Celebrity International News
မေလထဲမှာ ချစ်သူနဲ့လက်ထပ်တော့မယ့် သရုပ်ဆောင် Ma Dong-seok

Eternals' star Ma Dong Seok, Ye Jung Hwa to host a belated wedding ceremony  - PUNE.NEWS

Train to Busan နဲ့ Eternals သရုပ်ဆောင် Ma Dong-seok ဟာ ရှည်လျားလှတဲ့ဘဝခရီးလမ်းကို လက်တွဲဖော်နဲ့အတူ ဖြတ်သန်းရင်ဆိုင်တော့မှာဖြစ်ပါတယ်။
တောင်ကိုရီးယားသရုပ်ဆောင် Ma Dong-seok ဟာ The Outlaws သရုပ်ဆောင် Ye Jung-hwa နဲ့ လက်ထပ်ထိမ်းမြားတော့မှာဖြစ်ကြောင်းသိရှိရပါတယ်။

Ma Dong-seok နဲ့ Ye Jung-hwa တို့ရဲ့ အေဂျင်စီဖြစ်တဲ့ Big Punch Entertainment ရဲ့ အတည်ပြုချက်အရ Ma Dong-seok နဲ့ Ye Jung-hwa ဟာ မေလထဲမှာ သီးသန့်မင်္ဂလာပွဲကျင်းပကာ လက်ထပ်ထိမ်းမြားသွားမှာဖြစ်ပြီး အဆိုပါမင်္ဂလာပွဲကို နှစ်ဖက်ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းနဲ့သာ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

Ma Dong-seok နဲ့ Ye Jung-hwa ဟာ ၂၀၁၆ မှာ လူသိရှင်ကြားတွဲခဲ့ကြတာဖြစ်ပြီး ၂၀၂၁ မှာ လက်ထပ်ခဲ့ကြတာပါ။Ma Dong-seok ရဲ့ ရုပ်ရှင်သစ် The Roundup: Punishment မှာလည်း Ye Jung-hwa က ပါဝင်ထားပါသေးတယ်။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။