ကလေးအဖေဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ပြောင်းလည်းသွားတဲ့သူ့ရဲ့အခြေအနေကိုပုံနဲ့တကွပြသလာတဲ့ အဆိုတော်ဂျိုကာ

Celebrity
ကလေးအဖေဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ပြောင်းလည်းသွားတဲ့သူ့ရဲ့အခြေအနေကိုပုံနဲ့တကွပြသလာတဲ့ အဆိုတော်ဂျိုကာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးအဖေဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ပြောင်းလည်းသွားတဲ့သူ့ရဲ့အခြေအနေကိုပုံနဲ့တကွပြသလာတဲ့ အဆိုတော်ဂျိုကာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရဲလေးရဲ့ ညီဖြစ်သူ ဂျိုကာကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားသူပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဂျိုကာက ဂီတနယ်ပယ်မှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူလည်းဖြစ် ပါတယ်။အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။

ဒါ့အပြင် မကြာခဏဆိုသလို ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားစေမယ့် ဟာသဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးလေ့ ရှိပါတယ်။အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ ဂျိုကာဟာ အခုဆိုရင် ဖခင်တစ်ယောက်အဖြစ် တာဝန်တွေကို ထမ်းဆောင်နေပြီပဲဖြစ်ပါတယ်။ ဂျိုကာက သူတို့သားအဖနှစ်ယောက်ရဲ့ ဓာတ်ပုံလေးကို မျှဝေပေးပြီး “ကလေးကြည့်ပေးရင်းနဲ့ ကလေးကောကိုယ်ပါ အတူတူငိုက်သွားကြလေသတည်း ” ဆိုကာ ချစ်စဖွယ်လေးပြောလာခဲ့ပါတယ်။

ဂျိုကာကတော့ ဖခင်တစ်ယောက်ဖြစ်လာခဲ့ပြီးမှ အဆင်ပြေသလိုလေး နေတတ်အိပ်တတ်နေပြီဖြစ်တယ်လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ဂျိုကာရဲ့သားလေးလည်း ကျန်းကျန်းမာမာနဲ့ချစ်စရာကောင်းစွာ ကြီးပြင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ရေးသားသူ – The News Post

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။