ဆေးဖက်ဝင် တရုတ်စကားပန်း

Health Knowledge
ဆေးဖက်ဝင် တရုတ်စကားပန်း

ကြွက်နို့ သက်သာစေနိုင်တယ်

ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကြွက်နို့တွေသက်သာစေဖို့အတွက်ဆိုရင် တရုတ်စကားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အရွက်ကို ချိုးလိုက်ရင် ထွက်လာတဲ့ အစေးကို ယူပြီး ကြွက်နို့ပေါ်မှာ လိမ်းလိုက်ရုံပါ။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို အစေး မထိမိစေဖို့တော့ သတိထားရပါမယ်။

#သွားကိုက်သွားနာ သက်သာစေတယ်

သွားမှာ အပေါက်တွေဖြစ်ပြီး အစာဝင်တိုင်းနာနေမယ်ဆိုရင်တော့ တရုတ်စကားပင် အရွက်ကနေထွက်တဲ့ အစေးကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး သွားအပေါက်ရှိတဲ့နေရာမှာ ကပ်ထားပေးလိုက်ရုံပါ။

#ဆီးချို သက်သာစေတယ်

ဆီးချိုကြောင့် အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သန့်စင်တဲ့ တရုတ်စကားပန်း အပွင့် အခေါက်တို့ကို ပြုတ်လို့ ရလာတဲ့ အရည်ကို ဂွမ်းစနဲ့ယူပြီး အနာကို ဆေးကြောပါ။

#အစာကြေစေနိုင်တယ်

အစာမကြေတာနဲ့ လေပွတာမျိုး အစာခြေစနစ် ပြဿနာရှိသူတွေအနေနဲ့ တရုတ်စကားပန်း ကို အသုံးပြုပေးလို့ ရပါတယ်။ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပန်းကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

#ရောင်ရမ်းမှုကို သက်သာစေတယ်

အင်းဆက်ကိုက်တာ၊ ထိခိုက်မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါမှာလည်း တရုတ်စကားပန်းကို အသုံးပြုလို့ရပါတယ်။ တရုတ်စကားပန်းကို ရေစင်အောင်ဆေးလို့ ပြုတ်ပါ။ ရလာတဲ့အရည်ကို ရောင်ရမ်းနေတဲ့ နေရာမှာ ဂွမ်းစသန့်သန့်လေးနဲ့ ဆွတ်ပေးရုံပါ။

#အနာကို သက်သာစေနိုင်တယ်

ထိခိုက်တာကြောင့် အနာတွေဖြစ်တဲ့အခါ တရုတ်စကားပင် ရဲ့ အရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပင် အရွက်ကို လက်သည်းလေးနဲ့ဆိတ်လို့ အုန်းဆီလေးလူးလိုက်ပါ။ ပြီးရင် အနာပေါ်ကို ကပ်ထားပေးရုံပါ။ ပုံမှန်လေး လုပ်ပေးရင် အနာသက်သာမှာပါ။

#အရေပြားပြဿနာ ကင်းစေတယ်

အရေပြား ပြဿနာ အမျိုးမျိုးအတွက် တရုတ်စကားပန်းအရွက်၊ အခေါက်ပြုတ်ရည်တို့နဲ့ ရေချိုးပေးရုံပါ။

#ခြေဖနောင့်ကွဲတာကို သက်သာစေတယ်

ခြေဖနောင့်ကွဲတာကို သက်သာစေဖို့ဆိုရင် ဖနောင့်ကွဲတဲ့နေရာတွေကို တရုတ်စကားအရွက်ပြုတ်ရည်နဲ့ သန့်စင်ဆေးကြောပေးလို့ရပါတယ်။
တရုတ်စကားပန်းမှာ alkaloids၊ tannins၊ flavonoids နဲ့ triterpenoids တို့ပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အတိုင်းအချင့်နဲ့ သုံးဖို့တော့ လိုပါမယ်။

တရုတ်စံကားပန်းပင် မှရသည့် နို့ရည်နှင့်တူသောအစေးကို ရူမက်တစ်ဇင် ရောဂါပျောက်ဆေးအဖြစ် အသုံးပြုနိုင်သည့်အပြင် စန္ဒကူးဆီ၊ ပရုတ်တို့နှင့် ပေါင်း၍ ယားနာပျောက်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။
တရုတ်စံကားပန်းပင်အခေါက်ကို နိုင်ငံအသီးသီးတွင် အဖျားဖြတ်ဆေး၊ အနာပျောက်ဆေးနှင့် ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုလေ့ရှိသည်။

အရွက်ကို မီးကင်ပြီးလျှင် ဖောရောင်နေသောနေရာတွင် အုံပေးပါက ဖောရောင်ခြင်း ပျောက်ကင်းနိုင်သည်ဟု ဆို၏။
အဖူးကို ကွမ်းရွက် နှင့်ရော၍ အဖျားဖြတ်ဆေးအဖြစ်လည်း အသုံးပြုတတ်ကြသည်။
မြန်မာဆေးကျမ်းများ အလိုအရ တရုတ်စံကားသည် စပ်၊ ခါး ၊ ဖန်သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏။ ဆီး ၊ ဝမ်း ကို ရွှင် စေသည်။ သလိပ် လေကို ကြေစေသည်။ နူနာ ၊ အနာပေါက် ၊ ဝမ်းဗိုက် ရောဂါ တို့ကို ပျောက်ကင်း စေနိုင်သည်။
တရုတ်စံကားပင်၏ အခေါက်နှင့် အကိုင်းမှ ထွက်သော နို့နှစ် ရောင်အစေးကို ဝမ်းနုတ်ဆေး အဖြစ်သုံးသည်။

တရုတ်စံကားပင်မှ ထွက်သော နို့နှစ် ရောင်အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ ၊ ဝမ်းဗိုက်ထိုးအောင့်ရောဂါကို ပျောက်ကင်း စေ၏။
တရုတ်စံကားရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်းရည်နှင့် ပြုတ်၍ သနပ်လက်သုပ် လုပ်စားခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ်လေကို ကြေစေသည်။

ရေးသားသူ –အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။