ကမ္ဘာ့ အတွေးအခေါ် ပညာရှင်ကြီး ပလေတို ရဲ့ ရုပ်အလောင်း မြှုပ်နှံထားတဲ့ နေရာ ကို သိရှိခဲ့ပြီလို့ ပီဆာ တက္ကသိုလ် သုတေသီ ဂရာဇီယာနို ရာနိုချီအာပြော

International News
ကမ္ဘာ့ အတွေးအခေါ် ပညာရှင်ကြီး ပလေတို ရဲ့ ရုပ်အလောင်း မြှုပ်နှံထားတဲ့ နေရာ ကို သိရှိခဲ့ပြီလို့ ပီဆာ တက္ကသိုလ် သုတေသီ ဂရာဇီယာနို ရာနိုချီအာပြော

ကမ္ဘာ့ အတွေးအခေါ် ပညာရှင်ကြီး ပလေတို ရဲ့ ရုပ်အလောင်း မြှုပ်နှံထားတဲ့ နေရာ ဘယ်မှာလဲ ဆိုတာကို သိရှိခဲ့ပြီလို့ ပီဆာ တက္ကသိုလ်က သုတေသီ ဂရာဇီယာနို ရာနိုချီအာက ကြေညာပါတယ်။

ရှေးပေစာတွေကို ဆန်းစစ် လေ့လာရာကနေ အေသင်မြို့ မြူးဇ် နတ်ဖုရားမတွေရဲ့ နတ်ကွန်းတော် အနီး ဥယျာဉ်ထဲ ဂရိ အတွေးအခေါ် ပညာရှင်ကြီး ပလေတိုကို မြှုပ်နှံထားတယ် ဆိုတဲ့ အချက် သိလာရတယ်လို့ ဆိုပါတယ်။ အဲဒီ ပေစာတွေဟာ ရှေး ရောမမြို့ ဟာကျူလာနီယမ် မြို့ ပရိဝုဏ်ထဲက တောင်ကြားတစ်ခုကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီဟာကျူလာနီယမ် မြို့လည်းပဲ နာမည်ကျော် ပွန်ပေလို အေဒီ ၇၉ ဗစ်ဆူးဗီးယပ်စ် မီးတောင် ပေါက်ကွဲတုန်း ချော်ရည် ဖုံးလွှမ်းခံခဲ့ရတဲ့ ရှေးမြို့ ဖြစ်ပါတယ်။ ပေစာတွေဟာ ပြာတောင့်တွေ သဖွယ် အသွင်ပြောင်းခဲ့ကြတာမို့ အထူး ပြုလုပ်ထားတဲ့ ဘိုင်အိုနစ် စက်မျက်လုံးတွေနဲ့ ဖတ်ရှုရတာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။