ဝါခေါင်လမွေးဖွားသူများ

Astrology
ဝါခေါင်လမွေးဖွားသူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝါခေါင်လမွေးဖွားသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝါခေါင်လမွေးဖွားသူများ

ဝါခေါင်လမွေးဖွားသူများသည် ဂုဏ်ကျက်သရေရှိသူများဖြစ်ပြီး အစစအရာရာခေါင်းဆောင်လိုစိတ်ရှိတယ်။ အစစ စွန့်ဦးတီထွင်ကြံဆနိုင်သောအစွမ်းသတ္တိနှင့် ပြည့်စုံတယ်။ စိတ်အားထက်သန်သူများ ဖြစ်ကြမယ်။

မိမိကိုယ်ကို အလွန် အထင်ကြီးတတ်ကြတယ်မည်သည့်ကိစ္စမဆိုလိုသည်ထက်ပို၍ ပြောလို၊ လုပ်လို၊ သုံးစွဲလိုတတ်ကြ၏။ပညာရှိသုခမိန်ဖြစ်တတ်တယ်။ ရဲရင့်ထက်မြက်ပြီးတည်ကြည်၏။ယောက်ျားပီသတယ်။ အမျိုးသမီးများသည်လည်းယေက်ျားဆန်ဆန် ထက်မြက်တတ်ကြတယ်။သစ္စာရှိတတ်ကြတယ်ကတိသစ္စာကို အလွန်တန်ဖိုးထားတတ်ကြတယ်။ထက်မြက်ရုံသာမကစိတ်ဓါတ်ပြင်းထန်သူများဖြစ်တယ်။

သူတစ်ပါးက မိမိအား မြောက်စားခြင်း၊နေရာပေးခြင်း၊ ဆရာတင်ခြင်း၊ ဦးစားပေးခြင်း ဖြစ်လာပါက အချိန်ကုန်ငွေကုန်ခံ၍ကိုယ်ကျိုးစွန့်၍ အားပါးတရ လုပ်တတ်၏။အမုန်းခံစရာရှိကအမုန်းခံ၍ အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်၏။ကိုယ့်ကိုမြှောက်ပင့်မှန်းသိသိနှင့်ပင် သာယာနေတတ်၏။ ဟန်နှင့် ပန်နှင့်နေတတ်၏။အသေးအဖွဲကိစ္စများကို ငွေမည်မျှပင်ရပါစေ စိတ်မဝင်စား။စမတ်ကျကျနှင့်လူအထင်ကြီးမည့်ကိစ္စများကိုဆိုလျှင်ငွေရနည်းသည်ဖြစ်စေ လုပ်ကိုင်လိုတယ်။

အားနည်းချက်မှာ ဘာပဲလုပ်လုပ် မလိုအပ်ဘဲ အကျယ်ချဲ့ခြင်း၊အချိန်ဆွဲခြင်း၊ ဇီဇာကြောင်ခြင်း၊ သူတစ်ပါးအကြံလက်မခံခြင်း၊သူတစ်ပါး အကြံဉာဏ်ယူရတာကို အောက်ကျသည်၊သိက္ခာကျသည်ဟု မာနတင်းကာ အကြံကောင်းများလက်လွတ်ခံခြင်းတို့ပင်ဖြစ်တတ်တယ် သို့သော်အမြင်ထူးခြားတယ်။ ဘယ်တော့မှ နောက်မတွန့်တတ်။လူဖြောင့်စိတ်တိုများဖြစ်မည် စိတ်မြန်သည်။ အားမနာတတ်။

မခံချင်စိတ်ကြီးမားသဖြင့် ခက်ထန်သည်။ မှန်သည်ထင်က မည်သူ့ကိုမှသည်းမခံတတ်ရာသက်ပန်တစ်ခုတည်းသောတရားသေဝါဒကိုစွဲကိုင်ထားတတ်တယ်သူများတကာနှင့် အမြင်မတူတတ်ကိုယ်ကိုင်စွဲသော ဝါဒအတိုင်းခံယူလျှောက်လှမ်းတတ်တယ်ငြင်းခုံစရာရှိကအခိုင်အမာငြင်းခုံတတ်တယ် ဆန့်ကျင်စရာရှိက ရဲရဲဆန့်ကျင်တတ်တယ်ဥပဒေစည်းကမ်းများကိုအသစ်ပြုပြင်ပြောင်းလဲပစ်လိုသူများဖြစ်ကြမယ်

အခွင့်အရေးကိုလည်း မရရအောင်ယူတတ်ကြတယ်။ မှန်သည်ထင်က ပြောရဲ၊ လုပ်ရဲသောသတ္တိရှိမယ်သူတစ်ပါးကို ရန်လိုသောစိတ်မရှိ ကိုယ့်အပေါ် လျှို့ဝှက်ရန်သူများရှိနေတတ်ကြတယ် စီးပွားရေးဘက်တွင်အားနည်းတတ်ကြတယ်စိတ်ထိခိုက်လွယ်မယ်။တစ်ယောက်တည်းကြိတ်ပြီးမွန်းကြပ်နေအောင်ခံစားရခြင်းမျိုး မကြာခဏကြုံရတတ်သည် သူတစ်ပါးကို အားပေးစကားမပြောတတ်သလိုကိုယ်တိုင်ခံစားစရာရှိက ဖြေမဆည်နိုင်အောင်ခံစားချက်ကြီးတတ်တယ်။

ဘဝတွင် ကျွမ်းကျင်မှုတွေများပြီးရွေးချယ်ရခက်နေသော အနေအထားတို့များစွာ ကြုံရတတ်ပါတယ်ဟိုစပ်စပ်ဒီစပ်စပ်နေရာတကာဝါသနာပါမယ် ဂမ္ဘီရပါရမီရင့်သန်မည်။ စည်းကမ်းဘောင်အတွင်းနေမှကောင်းစားပါမည်။တစ်ခုခုစည်းဖောက်မိက သူတစ်ပါးထက် ဘဝနာတတ်ပါတယ်ဥပဒေနှင့်မကင်းသော အလုပ်တို့ လုပ်မိပါက သူများထက်ပိုထိနာတတ်ပါတယ်ကြိုးစားရချိန်တွင် အားမာန်အပြည့်ရှိသလောက်အောင်မြင်သွားချိန်တွင် စိတ်ပျံ့လွင့်ပြီး အပျော်အပါးဘက်လိုက်သွားတတ်တယ်ဘဝသက်တာတွင်ငွေကိုအားတိုက်ပြီးကိုယ်စွမ်းညာဏ်စွမ်းနှင့်ကြိုးစားပြီးရှာရတတ်သည်။

စိတ်သဘောထားကောင်းမွန်ခြင်း၊ အကင်းပါးခြင်း၊ လိမ္မာပါးနပ်စွာပြောဆိုပြုလုပ်တတ်ခြင်း၊ စာပေဗဟုသုတအသိညာဏ်နှင့်ပြည့်စုံခြင်းတို့ကြောင့်ဘဝတွင် လူတစ်လုံးသူတစ်လုံးဖြစ်အောင်ကြီးမြင့်တတ်ကြမည်။

ဝါခေါင်လမွေးဖွားသူတို့သည် အချစ်ကြီးသူများဖြစ်တယ်ပင်ကိုယ်စိတ်ဓါတ်ရဲရင့်ထက်မြက်သလောက် နှလုံးသားရေးတွင် အရှုံးပေး၍ချစ်တတ်ကြတယ်။ ဘဝကို အချစ်ဖြင့်တည်ဆောက်လိုကြသည်။မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ထင်မိထင်ရာတမ်းတမ်းစွဲချစ်မိတတ်ကြမည်ဘဝတွင်ဝါခေါင်လဖွားအများစုသည် လူပျိုကြီး၊ အပျိုကြီးများဖြစ်တတ်ကြတာများပါမည်။
အိမ်ထောင်ပြုသောအခါ သစ္စာကြီးမားသူများဖြစ်တယ်။

မိမိချစ်သူအပေါ်အိမ်ထောင်ဘက်အပေါ်အထူးသစ္စာထားတတ်တယ်မိမိချစ်သူ၊ မိမိအိမ်ထောင်ဖက်အတွက်စိတ်ချမ်းသာအောင်မည်သို့ဆောင်ရွက်ပေးရမည်ကိုအမြဲကြံဆနေတတ်ကြသည်အိမ်ထောင်ဖက်မှာအမျိုးသား၊အမျိုးသမီးအားလုံးမိဘစီမံသော အိမ်ထောင်ရေးကို လက်ခံသင့်ပါတယ်။ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်က အိမ်ထောင်ရေးသောကကြုံရတတ်တယ်။

ထို့အပြင်ချစ်တတ်သောစရိုက်ကိုပြသင့်ပါတယ် အိမ်ထောင်ဖက်အပေါ်တွင်ဖြစ်စေ၊ကိုယ့်ချစ်သူအပေါ်တွင်ဖြစ်စေ ကိုယ့်ဘက်က အမြင်သက်သက်ဖြင့်သုံးသပ်ခြင်း၊ ဆုံးဖြတ်ခြင်းမပြုဘဲ နားလည်မှုထားပေးကစိတ်ချမ်းသာမှုရရှိတတ်ကြပါမည် မည်သည့်ကိစ္စမဆိုမာနသိက္ခာမကြည့်ဘဲအကျိုးရလာဒ်ဖြင့် ချင့်ချိန်ပြီးလုပ်မှ စီးပွားဖြစ်တတ်မည်။

အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း၊ ပန်းချီအနုပညာ၊ စစ်ဘက်၊ တည်ဆောက်ရေးလုပ်ငန်းဖိနပ်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အထူးကောင်းကျိုးပေးမည်။
ဝါခေါင်လမွေးဖွားသူများသည် ကျန်းမာရေးတွင် ရောဂါကြီးများစွာမဖြစ်တတ်ပါ။ အသေးအဖွဲမျှသာ ဖြစ်တတ်ပါသည်။ကျန်းမာသန်စွမ်းတတ်ကြပါသည်။ သို့သော် မိမိကိုယ်ကိုယ်ဟိုရောဂါရှိသလိုလို၊ သည်ရောဂါရှိသလိုလိုနှင့်ထင်ယောင်ထင်မှားဖြစ်တတ်ကြ၏။

ထူးထူးဆန်းဆန်းခံစားရသည်ဟုလည်းသံသယစွဲနှင့်ရောဂါအမည်တပ်တတ်ကြတယ် စိတ်ရောဂါတစ်မျိုးဟုသာဆိုရပေမည်။

အထူးသတိပြုရန်မှာဘယ်အကြောင်းနှင့်မှ စိတ်ဆင်းရဲမခံကြပါနှင့်စိတ်ပင်ပန်းမှုကြောင့် နှလုံးရောဂါနှင့် သွေးတိုးရောဂါ ဖြစ်တတ်ပါမည်။မျက်စေ့မှုံတတ်ကြ၏အသေးအဖွဲအားဖြင့် ခေါင်းကိုက် ဇက်ကြောတက်အာရုံကြောရောဂါတို့သာ မကြာခဏဖြစ်တတ်ကြမယ်။အစာအိမ်ခွဲစိတ်ရခြင်းမျိုးကြုံရတတ်သည်။

ဝါခေါင်လမွေးဖွားသူတို့သည် မီး၊ အပူလောင်၊ လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းတို့ကိုအထူးသတိထားပါ။မီးဘေးအန္တရာယ်ကို အစစကြိုတင်သတိရှိသင့်ပါသည်။လျှပ်စစ်မီးနှင့်စပ်ယှဉ်သောနေရာတို့တွင်အသးအဖွဲမှစလျှက် သတိပြုသင့်ပါသည်။လျှပ်စစ်လျှော့ဖြစ်တတ်တယ်အပူလောင်တတ်ပါသည်။ငွေကြေးဥစ္စာ မထင်မှတ်ဘဲရရှိပြီး ဘဝအမြင့်သို့တက်လှမ်းသွားနိုင်ကြမည်။

အများအပေါ် ဦးဆောင်နိုင်စွမ်း ရှိမည် ကိုယ်လုပ်မှအကောင်းထင်တတ်ခြင်းအာဏာပြမိတတ်ခြင်းတို့ကြောင့် ဘဝတွင် ထိခိုက်နစ်နာတတ်ပါတယ်။စာပေဗဟုသုတများပြီးအသိဉာဏ်ရှိမည်။ မည်သူ့ကိုမှ အောက်မကျို့ဘဲရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်တယ်။အထက်လူကြီးတို့ကအထင်လွဲတတ်တယ်။

ဝါခေါင်လမွေးဖွားသူတို့သည်ရဲဝံ့စွန့်စားသူများဖြစ်၏။ နိုင်ငံရပ်ခြားသို့ သွားရတတ်၏။သူတစ်ပါးအတွက် ကြားမှ အနစ်နာခံမိ၍ ဘဝတွင် ထိခိုက်နစ်နာတတ်သည်။ရရှိသော အောင်မြင်မှုနှင့် ပစ္စည်းဥစ္စာတို့ကို တန်ကြေးမထားတတ်၍နစ်နာတတ်တယ်ဘဝတိုးတက်အောင်မြင်စေရန် အရက်သေစာနှင့် စီးကရက်ကို အထူးရှောင်ပါ။

သူတစ်ပါးအိမ်ယာကိုအထူးရှောင်ပါအပျော်အပါးလျှော့ပါ။ ၎င်းသုံးချက်ကိုသာအဓိကဆင်ခြင်ပါကစည်းကမ်းကြီးခြင်း၊ သန့်သန့်ခန့်ခန့်နေတတ်ခြင်း၊စနစ်တကျလုပ်တတ်ခြင်းတို့ကြောင့် ဘဝတွင် အောင်မြင်မည်။စိတ်ထက်ခြင်း၊စိတ်ခိုင်ခြင်း၊ ဝီရိယကြီးခြင်းတို့က အောင်မြင်မှုကိုပံ့ပိုးပေးလိမ့်မည်။ရဲရဲတောက် ကျောက်အနီကို လက်စွပ်ကွင်း၍ ဝတ်ထားပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။