ခြေတုနဲ့ ဧဝရက်တောင်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့ နီပေါအမျိုးသား

International News
ခြေတုနဲ့ ဧဝရက်တောင်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့ နီပေါအမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြေတုနဲ့ ဧဝရက်တောင်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့ နီပေါအမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြေတုနဲ့ ဧဝရက်တောင်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့ နီပေါအမျိုးသား

ဧဝရက်တောင်တက်တဲ့ သူတွေထဲမှာ ဒီနီပေါအမျိုးသားကတော့ ထူးခြားပါတယ်။ သူဟာ ခြေတုတွေနဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ကို ရအောင်တက်ခဲ့လို့ပါပဲ။ ဟာရီ ဘူဒါမာဂါ ဆိုတဲ့ အဲဒီအမျိုးသားဟာ ၂၀၁၀ ခုနှစ်က အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ရင်း ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရတဲ့ နီပေါစစ်သားဟောင်းတစ်ယောက်ပါ။

နီပေါအစိုးရက ၂၀၁၇ ခုနှစ်မှာ ခြေထောက်မရှိတဲ့သူ၊ မျက်မမြင်သမား၊ တစ်ကိုယ်တော်တောင်တက်သမားတွေကို တောင်တက်တာ တားမြစ်ခဲ့တာကြောင့် ဟာရီရဲ့ တောင်တက်မယ့်မျှော်လင့်ချက်တွေအားလုံး ပျောက်ဆုံးခဲ့ရခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ ဒီတားမြစ်ချက်နဲ့ပတ်သက်ပြီး အသနားခံစာတင်ခဲ့ကြပြီး တားမြစ်ချက်ကို ရုတ်သိမ်းတဲ့ ရလဒ်ထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဟာရီက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ဧဝရက်တောင်ကို တက်မယ့် သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူဟာ မေလ ၁၉ ရက်နေ့က ခြေအတုတွေနဲ့ ဧဝရက်တောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ ခြေထောက်တွေ ဆုံးရှုံးခဲ့ပြီး ၁၃ နှစ်အကြာမှာတောင် သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ့ရဲ့တောင်တက်ခရီးစဉ်က ခက်ခဲခဲ့ပေမဲ့ မသန်စွမ်းတဲ့သူတောင် ဧဝရက်တောင်ကို တက်နိုင်ရင် ဘယ်သူမဆို သူတို့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တယ်လို့ ဟာရီက ဆိုထားပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။