7/elevenရဲ့ စတင်ခဲ့ပုံနဲ့ လူကြိုက်များရတဲ့အချက်များ

International News Knowledge
7/elevenရဲ့ စတင်ခဲ့ပုံနဲ့ လူကြိုက်များရတဲ့အချက်များ

A 7-Eleven ကို 1927 ခုနှစ်ကတည်း အမေရိကန်နိုင်ငံ Dallasကနေ စတင်ခဲ့တယ်လို့ သိရပါတယ်

ကြက်ဥ၊ နို့နဲ့အတူ မုန့်များကို ယာယီစတိုးဆိုင်လေးအနေ နဲ့သာ ရောင်းချတဲ့အချိန်ဖြစ်ပြီး ဒေသခံများက အလွန် နှစ်သက်ကြပါတယ်

ဒုတိယကမ္ဘာစစ်နောက်ပိုင်း စီးပွားရေးများ ထွန်းကားလာ တာတဲ့ 1946ခုနှစ်မှာတော့ 7-Elevenလို့နာမည်ပြောင်း လိုက်ပြီး နေ့စဉ် နံနက် 7 နာရီကနေည 11 နာရီအထိ ဖွင့် လှစ်ရောင်းချခဲ့တာပါ

7-Eleven က 24hrဖွင့်ခြင်းကို စတင်ခဲ့တယ်လို့ ဆိုနိုင် ပါတယ်

1962 ခုနှစ် Austin မှာ နေ့စဉ် 24နာရီဖွင့်တဲ့ ဆိုင်ကို ဘယ်သူတွေက ညနက်ကြီးမှာဈေးဝယ်မလဲလို့ တွေးစရာ ဖြစ်လာခဲ့ပါတယ်

သို့သော်လည်းပဲ 7-Eleven က University of Texas ဘောလုံးပွဲအပြီးမှာ 24hrဖွင့်ခဲ့ပြီး မိုးလင်းပေါက် အထိ ကျောင်းသားများ ဝယ်ယူသူများနဲ့ စည်းကားကာ အောင်မြင်မှုကိုရရှိခဲ့ပါတယ်
7-Eleven က ကမ္ဘာ့အကြီးဆုံး franchise ကုမ္ပဏီများ ထဲမှ တစ်ခုဖြစ်လာခဲ့တယ်

2007 ခုနှစ်မှာ McDonald’s ကို အနိုင်ယူပြီး စတိုးဆိုင် ပေါင်း 20,000 ခန့် ကို ဖွင့်လှစ်နိုင်ခဲ့ပြီး

🇯🇵ဂျပန်နိုင်ငံမှာဆိုရင် 2005ခုနှစ်ကတည်းက 7-Eleven မိခင်ကုမ္ပဏီဖြစ်တဲ့ “Seven & I Holdings”အမည်နဲ့ စ တိုးဆိုင်ပေါင်း 20,000 ကျော်ရှိတဲ့ အကြီးဆုံးဈေးကွက် ဖြစ်ခဲ့ပါတယ်

မြောက်အမေရိကမှာဆိုလည်း စတိုးဆိုင်ပေါင်း 9800 ကျော်ရှိပါတယ်

7-Elevenက 1949 ခုနှစ်မှာ ပထမဆုံး ရုပ်မြင်သံကြား ကြော်ငြာကို စတင်ခဲ့တာပါ

ကြော်ငြာကတော့ ကမ်းနားတစ်ခုရဲ့ ကုန်ခြောက်ပို့ဆောင် ခြင်းဝန်ဆောင်မှုကို အဓိကထားရိုက်ကူးခဲ့ပြီးကြက်ဖ နဲ့ ဇီးကွက်များက ဆိုင်ကို စောစောဖွင့်သလို နောက်ကျ မှပိတ်ကြောင်းကို ရုပ်ပြကားကွန်းလေးများနဲ့ ရိုက်ကူးခဲ့ ခြင်းကလည်း သုံးစွဲသူများကို နှစ်လိုစေခဲ့ပါတယ်

7-Elevensရဲ့ ကမ္ဘာတစ်ဝှမ်းဆိုင်တွေက မတူညီပါဘူး

အမေရိက မှာရှိတဲ့7-Eleven ဟာဆိုရင် အလုပ်မစမီ ကော်ဖီ မြန်မြန်သောက်ရန် အဆင်ပြေတဲ့နေရာလို့ သတ်မှတ်ကြပါတယ်
ဒါကလည်းဆိုင်တည်ရှိရာ ဒေသခံများပေါ် မူတည်ပါ တယ်

🇮🇩အင်ဒိုနီးရှားမှာဆိုရင် 7-Elevens ကို သုံးစွဲသူအများ စုက အသက် 30 နှစ်အောက်များဖြစ်လို့ မိုက်ပြီး အဆင့် မြင့် ကော်ဖီဆိုင်နဲ့ ပိုတူနိုင်ဖို့

စတိုးဆိုင်များမှာ အခမဲ့ Wi-Fi တပ်ဆင်ပေးခြင်း၊ လမ်း ဘေးမှာ စားပွဲနဲ့ ကုလားထိုင်အများအပြားကို ပေးဆောင် ထားခြင်း တိုက်ရိုက် တေးဂီတ ဖျော်ဖြေပွဲများကို ပြသ ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါတယ်

ဒါတွေအပြင် ညဘက်မှာ လူငယ်များစုဝေးကြပြီး ထမင်းကြော်၊ ချိစ် အသားညှပ်ပေါင်မုန့် နှင့် ဂျပန်စတိုင် ကြက်ကင် ကက်ဆူတို့ကိုလည်း ဖန်တီးရောင်းချပေးကြ ပါသေးတယ်

✓ထိုင်ဝမ်မှာဆိုရင်တော့ 7-Elevensက Seattle ရှိ Starbucks ထက် ပိုပြီးအသုံးများပါတယ်
ဒေသအစားအစာနဲ့အတူ Slurpees တို့ကို ဝယ်ယူကြ ပြီး သုံးစွဲသူများက ခရက်ဒစ်ကတ်နဲ့ ငွေပေးချေနိုင်သိ လို ခရီးသွားအစီအစဉ်များ စာအုပ်နဲ့ iPod ကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းအသေးစားများကိုလည်း ဝယ်ယူ လို့ရပါတယ်

အစိုးရက ကျန်းမာရေးစစ်ဆေးချက်များကို ပြုလုပ်ခြင်း မှာလည်း 7-elevenက ကောင်းမွန်တဲ့ ထောက်ခံချက်များ ကို ရရှိခဲ့ပြီး အောင်မြင်မှုများကို ယနေ့ချိန်ထိ ရရှိခဲ့တာပဲ ဖြစ်ပါတယ် #credit idea

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။