စီးပွားတက်ချင်ကြိုတင်ပြင်

Astrology
စီးပွားတက်ချင်ကြိုတင်ပြင်

မိုးလင်းလာရင်…ဆူပူအော်ဟစ်နေတဲ့ အိမ်
မဖြစ်ရဘူး။

ဟိုဟာမရှိဘူး ဒီဟာမရှိဘူး ကုန်ပြီဆိုတဲ့အသံတွေ မထွက်ရဘူး။
ညနေကတည်းက ဘာကုန်တတ်လဲအမြဲစစ်တတ်တဲ့အကျင့် လုပ်ပါ။
ကြိုဝယ်ထားပါ။

တချို့အိမ်တွေက လူကြီးတွေနဲ့ မိမိကိုယ်တိုင်ကပွစိပွစိ လုပ်မိနေတတ်တယ်။
သတိထား ပြုပြင်ပါ။မထိန်းတတ်သေးရင် အိမ်အလုပ် “စ”လုပ်ရင်း
သံဗုဒ္ဓေ( 108 )ခေါက် စိတ်ထဲကနေ ရွတ်ရင်း လုပ်ကြည့်ပါ။

ကလေးတွေ ငိုသံမကြားရအောင် ဂရုပြုပါ။ကလေးနိုးလာတာနဲ့ စားဖို့ ကြိုပြင်ထားပါ။
ဆော့စရာလေးတွေ ဘေးနားထားပါ။
ကလေးရယ်သံလေးတွေ လွင်နေပါစေ။

ဘုရားသောက်တော်ရေ ကပ်ပါ။ ဘုရားဝေယျာဝစ္စ လုပ်ပါ။
မေတ္တသုတ် တရားသံတိုးတိုးလေး ဖွင့်လိုက်ပါ။
နေ့စဉ် ဘုရားကို( 500 )ကျပ် ဝတ္ထုငွေလှူပါ။
လကုန်ရင် ပြန်စွန့်ပြီး ဘုရားအတွက် လိုတာဝယ်ပါ။

နေ့စဉ် အိမ်ရှေ့ဘက်ကို ဆန်လက်တစ်ဆုပ် ပက်လိုက်ပါ။
ငှက်ကလေးတွေကို ကုသိုလ်ပြုပါ။ မနက်ခင်ဆိုရှေ့ဘက်ကနေ နောက်ဘက်ကိုတံမြက်လှည်းပါ။ ညနေကိုနောက်ဘက်ကနေ ရှေ့ဘက်ကို တံမြက်လှည်းပါ။ဖိနပ်အစုတ် ထီးအစုတ် ကျိုးပဲ့နေတာတွေ အိမ်မှာ မထားရပါဘူး။
မီးဖိုချောင်မှာ မလိုအပ်တာမထားပါနဲ့။စားသလောက် ပန်းကန်အရေအတွက်ပဲ ထားပါ။အပိုတွေ သိမ်းပစ်လိုက်ပါ။

လင်မယား စောစောစီးစီး စကားမများမိပါစေနဲ့။
မနက်မိုးလင်းမှာကုသိုလ်တရားနဲ့ အစပြုပါ။ညအချိန်မှာကုသိုလ်တရားနဲ့ အိပ်ရာဝင်တတ်အောင်နေပါ။တစ်နေ့တာပြီးတိုင်းဒီနေ့ ကောင်းမှု တစ်ခု
ဘာလုပ်ခဲ့သလဲ တွေးပါ။မကောင်းတာ ဘာလုပ်မိလဲ ဆင်ခြင်ပါ။နောက်နေ့ ကုသိုလ်တစ်ခု ပြုဖို့ အားစိုက်ပါ။ခွေးလေးကို ထမင်းကျွေးတာလည်း ကုသိုလ်ပါပဲ။ငှက်လေးတွေကို ဆန်စေ့ပက်ပေးတာလည်း ကုသိုလ်ပါပဲ။ဂုဏ်တော်ရွတ်မိတာလည်း ကုသိုလ်ပဲ။
မိသားစုကို မေတ္တာနဲ့ ချက်ကျွေးတာလည်း မွန်မြတ်တဲ့ ကုသိုလ်ပါပဲ။

လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်”

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။