ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တဲ့ သွားတိုက်ခြင်းအလေ့အထအမှား

Health

ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တဲ့ သွားတိုက်ခြင်းအလေ့အထအမှား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တဲ့ သွားတိုက်ခြင်းအလေ့အထအမှား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့တွေအားလုံး ငယ်ငယ်လေးကတည်းက သိလာတာက တစ်နေ့ကို မနက်တစ်ခါ၊ ညတစ်ခါ သွား (၂) ကြိမ်တိုက်ဖို့ပါပဲ။ တစ်နေ့ကို သွား(၂) ကြိမ်တိုက်တာက သွားအခေါင်းပေါက်ဖြစ်ခြင်းကို ကာကွယ်ပေးသလို အမျိုးမျိုးသောဖျားနာမှုတွေဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းက သင့်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆိုးကျိုးလည်းရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သွားတစ်ခုချင်းစီတိုင်းရဲ့အခြေကို biological width (နူးညံ့တဲ့တစ်ရှုး) တွေနဲ့ ကာကွယ်ထားတာပါ။ အဲဒါက ခန္ဓာကိုယ်ထဲကို ရောဂါပိုးမွှားတွေဝင်ရောက်မလာအောင် ကိုယ်ခံအားစနစ်ကို ထိန်းပေးတဲ့ အကာအကွယ်ကတ်စကက်ဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ပိုကောင်းဖို့အတွက် သင့်ပါးစပ်ကို ဂရုစိုက်ပေးသင့်ပါတယ်။ အရင်ဆုံးဖျားနားတာတွေမဖြစ်ဖို့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေစားသုံးရပါမယ်။ သင် စားတဲ့အစားအစာမှာ အာဟာရဓာတ်ကြွယ်ဝပြီး သကြားဓာတ်နည်းတယ်ဆိုရင် သင့်ပါးစပ်က သွားပိုးစားခြင်းကို ဖြစ်စေတဲ့ သွားချေးတွေကို ဖြစ်လာစေမှာမဟုတ်ပါဘူး။

သွားချေး

သွားချေးဆိုတာက သင့်ပါးစပ်ထဲက ဘတ်တီးရီးယားနဲ့ဘေးထွက်ပစ္စည်းဖြစ်သလို သင့်စားလိုက်တဲ့အစားအစာတွေထဲက သကြားရဲ့ဘေးထွက်ပစ္စည်းဖြစ်ပါတယ်။ သွားချေးက သွားကို ပျက်စီးစေတဲ့၊ သွားဖုံးရောဂါဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် သွားချေးတွေမရှိအောင် တစ်နေ့ကို (၂) ကြိမ်သွားတိုက်ပေးခြင်းဖြင့် လျော့ချနိုင်ပါတယ်။ လူတိုင်းက တစ်နေ့ကို (၂) ကြိမ်သွားတိုက်ပေးသင့်သလို တစ်နေ့ကို (၁) ကြိမ် (၂) ကြိမ်လောက် ချည်မျှင်ကိုအသုံးပြုပြီး သွားကြားတွေသန့်ရှင်းပေးသင့်တယ်လို့ American Dental Association က ဆိုပါတယ်။ သင်က ဆီးချိုရောဂါရှိရင်၊ ကိုယ်ခံအားနည်းတဲ့သူဆိုရင် မကြာခဏသွားတိုက်တာ၊ ချည်မျှင်နဲ့ သွားကြားသန့်စင်တာတွေလုပ်ပေးရပါမယ်။ တစ်နှစ်ကို အနည်းဆုံး (၂) ကြိမ်လောက်သွားဆရာဝန်နဲ့ပြသင့်ပါတယ်။ (၂) မိနစ်လောက်သွားတိုက်တာက ကလေးအတွက် အရမ်းကြာစေတာကြောင့် သူတို့မငြီးငွေ့အောင် သီချင်းဖြစ်ဖြစ်ဖွင့်ပေးထားလို့ရပါတယ်။ ဒါက သူတို့ကို စိတ်ဓာတ်ခွန်အားဖြစ်စေပြီး အချိန်မြန်မြန်ကုန်သွားသလို ခံစားရစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်သွားမတိုက်ရင် ဘာဖြစ်လာမလဲ

သင် အချိန်မှန်သွားမတိုက်ရင် သွားဆရာဝန်နဲ့ အချိန်မှန် စစ်ဆေးမှုမခံယူရင် ရောဂါပိုးကူးစက်လာနိုင်ပါတယ်။ သင့်ပါးစပ်ထဲက ဘတ်တီးရီးယားတွေက သွားပျက်စီးတဲ့နေရာကနေ၊ အနာတရဖြစ်နေတဲ့သွားဖုံးကနေတဆင့် သွေးလမ်းကြောင်းထဲကို ဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ သင့်ရဲ့ကိုယ်ခံအားစနစ်က တုံ့ပြန်လာပြီး CRP (C-reactive protein) ပရိုတိန်းဓာတ်တွေကို အသည်းကနေ ထုတ်လွှတ်လာပါတယ်။ CPR က နီမြန်းရောင်ရမ်းတာတွေရှိလာတဲ့အခါ ခန္ဓာကိုယ်မှာ ထုတ်လွှတ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါက ဘယ်လိုအန္တရာယ်မှမဖြစ်စေပါဘူး။ ဒါပေမဲ့ ပါးစပ်ထဲက ဘတ်တီးရီးယားကြောင့် CPR အဆက်မပြတ်ထုတ်လွှတ်နေရင် အခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ CPR ပမာဏမြင့်မားတာက နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ဆက်စပ်ပါတယ်။ CPR မြင့်မားလေလေ၊ ရောဂါဖြစ်နိုင်ခြေမြင့်လေလေပါပဲ။

ဘယ်သူတွေဖြစ်နိုင်ခြေများမလဲ

သွားပျက်စီးနိုင်ခြေရှိတဲ့ အရွယ်ရောက်ပြီးသားသူတွေတင်မဟုတ်ပါဘူး။ (၄၀) ရာခိုင်နှုန်းသောကလေးတွေက မူကြိုရောက်တဲ့အခါမှာ သွားယိုယွင်းပျက်စီးလာတတ်ပါတယ်။ နောက်ပိုင်း အသက်အရွယ်ကြီးလာတာနဲ့ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ခြေများစေပါတယ်။ ကိုယ်ခံအားစနစ်ကျန်းမာစေချင်ရင် တစ်နေ့ကို (၂) ကြိမ်သွားတိုက်တာအကောင်းဆုံးပါပဲ။ ဒီအလေ့အကျင့်က လှပတဲ့သွားတွေရနိုင်တဲ့အပြင် ဘတ်တီးရီးယားပိုးမွှားတွေမဝင်ရောက်နိုင်အောင်လည်းထိန်းပေးပါတယ်။ သွားတိုက်တဲ့အခါ သန့်စင်တဲ့ရေကိုအသုံးပြုဖို့လည်းမမေ့ပါနဲ့။

ကလေးတွေကိုလည်း သွားတိုက်ခြင်းအလေ့အထကို ဘယ်လိုသင်ကြားပေးမလဲ

မွေးကင်းစကလေးတွေမှာလည်း ခံတွင်းသန့်ရှင်းရေးရှိဖို့ အကောင်းဆုံးပါပဲ။ မိဘတွေက အန္တရာယ်ဖြစ်စေတဲ့ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားဖို့အတွက် ကလေးရဲ့သွားနဲ့သွားဖုံးကို အဝတ်စလေးနဲ့ သန့်စင်ပေးသင့်ပါတယ်။ ဒါက ကလေးတွေရဲ့သွားကို သန့်စင်သွားစေပြီး သူတို့အရွယ်ရောက်လာတဲ့အခါကျရင်လည်း သွားသန့်ရှင်းရေးလုပ်ရတာ ပိုလွယ်ကူသွားစေမှာဖြစ်ပါတယ်။ ကလေးနည်းနည်းအရွယ်ရောက်လာရင် သူကိုယ်တိုင် သွားတိုက်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ သူတို့သွားတိုက်ရတာ ပျော်စေဖို့အတွက် သူတို့ကြိုက်နှစ်သက်တဲ့သွားတိုက်တံကို ရွေးချယ်ခိုင်းပါ။ ပူရှိန်အရသာသွားတိုက်ဆေးက ကလေးတွေအတွက် အဆင်မပြေနိုင်တဲ့အတွက် ကလေးတွေကြိုက်နှစ်သက်မယ့် သွားတိုက်ဆေးအရသာကိုလည်း ရှာဝယ်သင့်ပါတယ်။ ကလေးတွေကို ငယ်ငယ်လေးကတည်းက တစ်နေ့ (၂) ကြိမ် သွားတိုက်ဖို့ သင်ကြားပေးသင့်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။