မေထုန်ရာသီခွင် – Gemini (2023 ခုနှစ်အတွက် ဟောစာတမ်း)

Astrology

မေထုန်ရာသီခွင် – Gemini (2023 ခုနှစ်အတွက် ဟောစာတမ်း)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မေထုန်ရာသီခွင် – Gemini (2023 ခုနှစ်အတွက် ဟောစာတမ်း) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


– ဒီနှစ် စစချင်းမှာ ရုပ်ပိုင်းဆိုင်ရာရော ငွေရေးကြေးရေးရော အခက်အခဲတွေ ကြုံနိုင်ပေမယ့် ဇန်နဝါရီလ နှောင်းပိုင်းက စပြီး အခက်အခဲတွေ ပြေလျော့သွားနိုင်ပါတယ်။ ဧပြီလနှောင်းပိုင်းမှာတော့ အနည်းငယ် အကျိုးယုတ်သွားနိုင်ပေမယ့် ငွေတွေတော့ ဝင်နေဦးမှာပါပဲ။ အလောတကြီး ဆုံးဖြတ်ချက် ချတာတွေကို ရှောင်ပါ။ ဇွန်လမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်သလို နှစ်ကုန်ပိုင်းမှာလည်း ငွေရေးကြေးရေး အခြေအနေ ကောင်းမွန်ပါတယ်။

Your Guide to Gemini Season | Allure

– ဒီနှစ်ဟာ ကောင်းမွန်တဲ့နှစ်လို့ ဆိုနိုင်ပါတယ်။ ကံတရားက သင်နဲ့အတူ ရှိနေတဲ့အတွက် ကျန်းမာရေး ပြဿနာတွေ လျော့ကျပြီး ဘဝရဲ့ ကဏ္ဍ အမျိုးမျိုးမှာ ရှေ့တိုးဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အလုပ်မှာရှိနေတဲ့ ပြဿနာတွေလည်း ပြေလည်ပြီး သင့်ကိုယ်သင် ယုံကြည်မှု တိုးလာမှာ ဖြစ်တယ်။ ဒီနှစ်မှာ ကဏ္ဍအများကြီးမှာ ကောင်းမွန်ပေမယ့် သတိထားရမယ့် ကဏ္ဍတချို့လည်း ရှိပါသေးတယ်။ ဒါပေမယ့် သင့်ဉာဏ်ပညာနဲ့ ရင်ဆိုင်နိုင်ပါတယ်။ ဘယ်ကဏ္ဍတွေမှာ ဂရုပြုရမလဲ ဆိုတာကို နောက်ပိုင်းမှာ ပြောသွားပါမယ်။

– ဇန်နဝါရီလ အစပိုင်းမှာ စိတ်ဖိစီးမှုတွေ ရှိနိုင်ပေမယ့် ဇန်နဝါရီ ၁၇ရက် နောက်ပိုင်းက စပြီး အထူးကောင်းမွန်တဲ့ အခြေအနေကို ရရှိပါလိမ့်မယ်။ ရပ်တန့်နေသော အလုပ်များ ပြီးမြောက်ပြီး စိတ်ဖိစီးမှုကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းရည်တွေ တိုးတက်လာမယ်။ ပတ်ဝန်းကျင်ရှိ အခြေအနေအားလုံးမှာ အပြောင်းအလဲများ ရှိလာမှာဖြစ်တယ်။ ခရီးရှည်နဲ့ နိုင်ငံခြားခရီး သွားလာနိုင်ဖို့ အလားအလာတွေ ရှိလာပါလိမ့်မယ်။

– အလုပ်မှာ အပြောင်းအရွေ့ တစ်ခု ရှိနိုင်ချေရှိပြီး ရှိလာရင်တော့ သင့်အတွက် အကျိုးရှိပါတယ်။ ဒီနှစ် စစချင်းမှာတော့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိပြီး ပြန်လည်ကောင်းမွန်ဖို့ အချိန်အနည်းငယ် ယူနိုင်ပါတယ်။ သင်ဟာ လက်ရှိကုမ္ပဏီကနေ ထွက်ဖို့ရွေးချယ်နိုင်ပြီး နှစ်အစပိုင်း လတွေမှာတင် အလုပ်ကောင်းကောင်း ရနိုင်ပါတယ်။ အဲ့ဒီအလုပ်ဟာ ရေရှည်အကျိုးရှိစေ နိုင်ပါလိမ့်မယ်။

– ဒီနှစ်အစောပိုင်း လတွေမှာ သားသမီးရေးနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိနိုင်ပြီး အချစ်ရေးမှာ အခက်အခဲများ ကြုံနိုင်သော်လည်း ငွေရေးကြေးရေး ကောင်းမွန်ပြီး အမြတ်အစွန်းများ ရနိုင်ပါတယ်။ ဒုတိယ သုံးလပတ်နဲ့ တတိယ သုံးလပတ်မှာ ဘဏ္ဍာရေး အခြေအနေ ကောင်းမွန်ပြီး ဝင်ငွေတိုးလာနိုင်ပါတယ်။

– ဒီနှစ်ရဲ့ ပထမ သုံးလပတ်မှာ အတက်အကျတွေနဲ့ ပြည့်နေနိုင်ပါတယ်။ သင့်ရည်ရွယ်ချက်တွေဟာ မြင့်မားနေပြီး အောင်မြင်အောင် ဖြည့်ဆည်းဖို့ စိန်ခေါ်မှုတွေ ရှိနေတဲ့အတွက် ငွေကြေးကိစ္စတွေမှာ သတိထားရပါမယ်။ ရည်မှန်းချက်နောက်ကို အတင်းလိုက်မယ်ဆိုရင် အမှားအမှန် ခွဲခြားနိုင်ဖို့ ခက်ခဲသွားပြီး ထိခိုက်နိုင်ပါတယ်။

– ဒီနှစ်မှာ နိုင်ငံခြားခရီးနဲ့ ခရီးရှည် ထွက်ရဖို့ အခွင့်အလမ်း ရလာနိုင်ချေရှိတယ်။ ဒီနှစ်မှာ ကံကောင်းနေတယ်လို့ ခံစားရပြီး နည်းနည်းကြိုးစားရုံနဲ့ ရလဒ်ကောင်းတွေ ရရှိနေပါလိမ့်မယ်။

– ဒီနှစ်ရဲ့ ပထမ သုံးလပတ်မှာ မိသားစုအတွင်း ကောင်းမွန်တဲ့ အခြေအနေတွေ ရှိမယ်။ ကုသိုလ်ကောင်းမှုတွေ ပြုနိုင်မယ်။ မိသားစုဝင် တစ်ဦးဦး လက်ထပ်ဖြစ်မယ့် အလားအလာလည်း ရှိပါတယ်။ ဒီသုံးလမှာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး အမှားတွေ ထပ်ခါ မလုပ်မိဖို့ အကြံပြုပါတယ်။

– ဒုတိယနဲ့ တတိယ သုံးလပတ်တွေမှာ ဆန္ဒတွေ ပြည့်ဝလာမယ်။ အကြံအစည်တွေ အောင်မြင်မယ်။ ဝင်ငွေတိုးမယ့် အလားအလာတွေ ရှိတယ်။ အလုပ်လျောက်ထားသူတွေလည်း အဆင်ပြေပြီး အလုပ်အကိုင် အသစ်တွေ ရရှိမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာမှာဖြစ်သလို အထက်လူကြီးတွေကလည်း သင့်ကို ယုံကြည်မှု တိုးလာမှာ ဖြစ်တယ်။ အလုပ်မှာ နေရာကောင်း ရရှိမယ်။ အလုပ်ကြောင့်ဖြစ်မယ့် အထူးဘဏ္ဍာရေး အမြတ်တွေနဲ့ ဝင်ငွေကောင်းဖို့ အလားအလာလည်း ရှိပါတယ်။

Doc destiny: Understanding the zodiac sign Gemini; personality traits,  likes, dislikes, and more

– ဇန်နဝါရီလအတွင်း

လုပ်ငန်းခွင်မှာ အတက်အကျတွေရှိမယ်။ မိသားစုရေးမှာ ဖိစီးမှုတွေ ရှိမယ်။

– ဖေဖော်ဝါရီလ မှာတော့

ပြဿနာတွေကနေ သက်သာရာ ရလာမယ်။ ခရီးရှည်များ ထွက်ရနိုင်ချေ ရှိပြီး မိသားစုအတွင်း ဘာသာရေး ကိစ္စတွေ ရှိနိုင်တယ်။

– မတ်လမှာ

ကြမ်းတမ်းခက်ထန်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ရမယ်။

– ဧပြီလမှာ

ဝင်ငွေတိုးလာမယ်။ သားသမီးနဲ့ ပတ်သက်တဲ့ ပျော်ရွှင်စရာနဲ့ သတင်းကောင်းတွေ ရှိနိုင်ချေ ရှိတယ်။ လစာတိုးခြင်းနှင့်အတူ လုပ်ငန်းခွင်မှာ အောင်မြင်မှုရဖို့ အလားအလာလည်း ရှိပါတယ်။

– မေလမှာ

မိသားစုအတွင်း တင်းမာမှုများ တိုးလာနိုင်တယ်။ မြေယာနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စတွေမှာ ပြဿနာများ ကြုံရနိုင်ချေရှိပြီး တစ်ယောက်ယောက်နဲ့ စကားများရန်ဖြစ်မှုများ ရှိတတ်ပါတယ်။ တရားရုံးကိစ္စတွေ မှာတော့ အောင်မြင်မှု ရရှိပြီး အကျိုးအမြတ် ရရှိနိုင်ပါတယ်။

– ဇွန်လမှာ

အကောင်းဘက်ကို ပြောင်းလဲလာမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ ရလာပြီး ယုံကြည်မှုတိုးလာမယ်။

– ဇူလိုင်လမှာ

ငွေရေးကြေးရေး ကောင်းမွန်မယ်။

– ဩဂုတ်လမှာ

သင်ဟာ ပြိုင်ဖက်တွေထက် ပိုမိုအားကောင်းနေမယ်။ ကုန်ကျစရိတ် အနည်းငယ်တော့ တိုးလာနိုင်တယ်။

– စက်တင်ဘာလမှာ

သတင်းကောင်းတွေ ရှိမယ်။ ဘဝရဲ့ ကဏ္ဍများစွာမှာ ရှေ့ဆက်တိုးတက်မယ်။ မိတ်ဆွေတွေထံမှ အကူအညီတွေ ရမယ်။

– အောက်တိုဘာလဟာ

သင့်အတွက် အလွန်ကောင်းမွန် မှာပါ။ အိမ် ဒါမှမဟုတ် ကား တစ်စီး ဝယ်ယူနိုင်ချေ ရှိတယ်။

– နိုဝင်ဘာလမှာ

အချစ်ရေး ကောင်းမွန်ပါတယ်။ သားသမီးရေးလည်း ကောင်းမွန်ပါတယ်။

– ဒီဇင်ဘာလမှာ

မြေယာ၊ ပိုင်ဆိုင်မှု နဲ့ ပတ်သက်ပြီး အငြင်းပွားရတာလိုမျိုး အခက်အခဲတွေ ကြုံရနိုင်တယ်။ မိခင်ကျန်းမာရေး ကိုလည်း ဂရုစိုက်ရပါမယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။