ရိုးရာလက်ဝှေ့ကို အိုးမည်းသုတ်တဲ့ ထွန်းထွန်းမင်းရဲ့ ရှက်ရွံ့ဖွယ် ဉပဒေဘောင်ပြင်မှ လုပ်ရပ်များ

Local News Sports
ရိုးရာလက်ဝှေ့ကို အိုးမည်းသုတ်တဲ့ ထွန်းထွန်းမင်းရဲ့ ရှက်ရွံ့ဖွယ် ဉပဒေဘောင်ပြင်မှ လုပ်ရပ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရိုးရာလက်ဝှေ့ကို အိုးမည်းသုတ်တဲ့ ထွန်းထွန်းမင်းရဲ့ ရှက်ရွံ့ဖွယ် ဉပဒေဘောင်ပြင်မှ လုပ်ရပ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွေးသစ်ဝင်းလှိုင်နဲ့ ထွန်းထွန်းမင်း ပွဲပြီးသုံးသပ်ချက်

သွေးသစ်ဝင်းလှိုင်နဲ့ ထွန်းထွန်းမင်းတို့က ဝိတ်ချိန်တုန်းမှာ ၃.၈ ကီလိုဂရမ် (၈.၃ ပေါင်) ကွာပေမယ့် ကြိုးဝိုင်းထဲမှာ အလုံးအထည်က တော်တော်ကွာတယ်။ ဆင်နဲ့ဆိတ်လိုပဲ။ ပွဲစပြီဆိုတာနဲ့ ထွန်းထွန်းမင်းက ဘီလူးဆိုင်းတီးပြီး သွေးသစ်ဝင်းလှိုင်ကို အောက်ခြေကန်တာပါ။ တွဲလုံးတွေ ဝင်လာတယ်။

ထွန်းထွန်းမင်း အောက်ခြေကန်တဲ့အချိန်မှာ သွေးသစ်ဝင်းလှိုင်က ယိုင်သလို စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်။ မနာပါဘူးပေါ့။ ရုတ်တရက်ဆိုတော့ ထွန်းထွန်းမင်းလည်း စိတ်လွတ်လာပြီး အားတင်းတယ်။ သွေးသစ်ဝင်းလှိုင် လဲကျသွားတဲ့အချိန်မှာ တမင်ကန်ထည့်တယ်။ Emotion များသွားတာပါ။ အကြီးတန်းတွေ ဥပဒေပြင်ပ ကစားတာက ရုပ်ပေါက်တယ်။ ခုံဒိုင်ချုပ်က ထွန်းထွန်းမင်းကို အချိန်အကြာကြီး သတိပေးရတယ်။ ပထမအချီတည်းက ထွန်းထွန်းမင်းဟာ တော်တော်ခံရပါတယ်။

ဒုတိယအချီမှာလည်း ထွန်းထွန်းမင်းက သွေးသစ်ဝင်းလှိုင်ကို ကြိုးဝိုင်းထောင့်မှာ ချောင်ပိတ်ထိုးဖို့ ကြိုးစားတယ်။ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းရဲ့ ညာခြမ်းကနေ ရှောင်ထွက်တယ်။ ထွန်းထွန်းမင်းရဲ့ ခြေကန်ချက်တွေကလည်း အပြင်းစားပါ။ သွေးသစ်ဝင်းလှိုင်က အေးဆေးပဲ ခံနိုင်တယ်။ ဒုတိယအချီမှာလည်း ထွန်းထွန်းမင်းက ဆက်ခံနေရတုန်းပဲ။

တတိယအချီမှာလည်း ထွန်းထွန်းမင်းဟာ ရှေ့ဆက်တိုးသေးတယ်။ သွေးသစ်ဝင်းလှိုင်ရဲ့ လက်သီးချက်တွေကို ထွန်းထွန်းမင်းက ရှယ်ပလန်နဲ့ ဇွန်းတပ်ခံနေရတာပါ။ လျှာထုတ်ပြပြီး အထိုးခံ၊ အကန်ခံရတာပါ။ ထွန်းထွန်းမင်းရဲ့ ကစားဟန်က Hero to Zero ပါပဲ။ အချီကြာလာလို့ Stamina Tank ကုန်သွားပါပြီ။

စတုတ္ထအချီမှာ ထွန်းထွန်းမင်းက ခွန်အားသုံးပြီး ဝင်တိုးတယ်။ ချိန်သားကိုက်ပဲ သွေးသစ်ဝင်းလှိုင်ရဲ့ မှော်ဆန်နေတဲ့ တွဲလုံးက အရုပ်ကြိုးပြတ်လဲကျစေခဲ့တာပါ။ အဝင်နဲ့ အထိုး နှစ်အားပေါင်းပြီး ကျတာပဲ။ ထွန်းထွန်းမင်းက မူးနောက်သွားပါပြီ။ အမှတ်စဉ်ရေခံရပြီး ပြန်ထလာနိုင်ပေမယ့် မူးနောက်နေတုန်းပါပဲ။

သွေးသစ်ဝင်းလှိုင်က ဖိအားပေးထိုးthetလို့ ထွန်းထွန်းမင်းဟာ ဆောက်တည်ရာမရဘဲ အထိုးခံရတယ်။ ကြိုးဝိုင်းဘေးမှာလည်း ခွေခွေလေးလဲနေလို့ ထွန်းထွန်းမင်းဟာ ဒုတိယအကြိမ် အမှတ်စဉ်ရေခံရတယ်။ သွေးသစ်ဝင်းလှိုင်ဟာ အလဲထိုးဖို့ ကြိုးစားပေမယ့် စတုတ္ထအချီပြည့်သွားလို့ ထွန်းထွန်းမင်း သက်သာသွားတယ်။

TGL 3 ပြိုင်ပွဲဟာ ပရိသတ်မပါဘဲ လူနည်းနည်းပဲ ကျင်းပတာဖြစ်လို့ ကြိုးဝိုင်းနဲ့ ပွဲကြည့်သူဟာ နီးကပ်လွန်းတယ်။

ပွဲကြည့်သူတွေကလည်း ထွန်းထွန်းမင်းရဲ့ ဥပဒေပြင်ပလုပ်ရပ်တွေကို ဒေါသဖြစ်နေတယ်။ လဲကျသူကိုတောင် ဆက်ကန်တာက မတင့်တယ်ဘူး။ “သွေးသစ်ရေ . . . အလဲထိုးဖို့ မလိုဘူး။ နိုင်ဖို့ပဲ လိုတယ်။ တစ်ချီပဲ ကျန်တယ်။ Distance ထိန်း” လို့ ပွဲကြည့်သူတွေက အော်ပြောတယ်။ သွေးသစ်ဝင်းလှိုင်က ဉာဏ်ရည်မြင့်တဲ့ ကစားသမား။ ပွဲကြည့်သူမပြောလည်း နားလည်တာပေါ့။ အေးဆေး။

အမှတ်နဲ့ဆုံးဖြတ်ရင် ရှုံးတော့မယ်ဆိုတာ ထွန်းထွန်းမင်းသိတယ်။ နိုင်လိုစိတ်များပြီး သွေးသစ်ဝင်းလှိုင် လဲနေတဲ့အချိန်မှာ ပိတ်ကန်သွားတယ်။ ဆက်မှားတာပါပဲ။ သွေးသစ်ဝင်းလှိုင်းက ထွန်းထွန်းမင်းကို စိတ်ကြိုက်ထိုးthetပြီး ပွဲချိန်ပြည့်သွားတယ်။ အမှတ်ပေးဒိုင်လူကြီးတွေက သွေးသစ်ဝင်းလှိုင်ကိုပဲ အနိုင်ပေးတယ်။ အမှတ်နဲ့ဆိုပေမယ့် ရလဒ်က ပြတ်သားတယ်။ ထွန်းထွန်းမင်းဟာ လူစင်စစ်ဘဝကနေ ကြေးစည်ခေါင်းလောင်းဖြစ်သွားတာပါ။

အကောင်ကြီးလည်း လဲအောင်ထိုးနိုင်တယ်လို့ ကြိုပြောထားတယ်။ ထိုးလိုက်တာ ထွန်းထွန်းမင်းက တုံးခနဲ။ သွေးသစ်ဝင်းလှိုင်က ပြောတဲ့အတိုင်း လုပ်ပြသွားတယ်။

ခြုံငုံသုံးသပ်ရရင် သွေးသစ်ဝင်းလှိုင်ဟာ အိမ်စာလုပ်လာတယ်။ ထွန်းထွန်းမင်းကို ဘယ်လိုရင်ဆိုင်ရမလဲ ကြိုတွေးထားတယ်။ ဒါပေမယ့် သွေးသစ်ဝင်းလှိုင် ဘယ်လောက်ပဲ နည်းစနစ်ကောင်းကောင်း မာဂုဏ်မရှိရင် ထွန်းထွန်းမင်းကို မနိုင်ဘူး။

ထွန်းထွန်းမင်းရဲ့ ပါဝါကလည်း အဆိပ်ရှိတုန်းပဲ။ အစောပိုင်းမှာ ဖြဲပြီးထိုးနိုင်တယ်။ ထွန်းထွန်းမင်းရဲ့ ပုံရိပ်ကလည်း နည်းတာမှ မဟုတ်တာပဲ။ သွေးသစ်ဝင်းလှိုင်က ခံနိုင်တယ်။ နည်းစနစ်နဲ့ မာဂုဏ်ပေါင်းလိုက်လို့ ထွန်းထွန်းမင်းက အခံသက်သက်ဖြစ်သွားတယ်။

ထွန်းထွန်းမင်းက ချန်ပီယံဆိုတဲ့ မာန်မာနရှိတယ်။ သွေးသစ်ဝင်းလှိုင်ကိုလည်း ထည့်မတွက်ဘူး။ ပွဲစတည်းက ဖြဲထိုးတယ်။ သွေးသစ်ဝင်းလှိုင်ဘက်က ပြန်တုံ့ပြန်ရင် ထွန်းထွန်းမင်းက စိတ်တိုတယ်။ သွေးသစ်ဝင်းလှိုင်က ခြေရာချင်းလာတိုင်းတယ်လို့ ယူဆတယ်။

နိုင်လိုစိတ်များပြီး ဥပဒေပြင်ပတွေ လုပ်လာတယ်။ လဲကျနေတဲ့လူကို ပထမအချီနဲ့ ပဉ္စအချီမှာ ဆက်ကန်တာ အကျည်းတန်တယ်။ သွေးသစ်ဝင်းလှိုင်က အောက်ခြေကန်တယ်။ ဘောကို မထိဘူး။ ထွန်းထွန်းမင်းက ဘောထိတယ်ဆိုပြီး ကြိုးဝိုင်းဒိုင် ဦးဗမာလေးကို စောဒကတက်နေတယ်။ ရုပ်ပေါက်တယ်။ အနှေးပြကွက်မှာ မထိတာ အသိသာကြီး။

ကြုံလို့ပြောရဦးမယ်။ အဲမွီ ခြေကန်တဲ့အချိန်မှာ အချိန်စေ့ခေါင်းလောင်းသံမြန်လာတယ်။ ကမ္ဘာရှားကို ဆက်ကန်လိုက်လို့ရတယ်။ ခေါင်းလောင်းသံမြည်တာနဲ့ ခြေထောက်က လမ်းတစ်ဝက်မှာတင် ရပ်သွားတယ်။ အဲမွီဆိုတာက မနေ့တနေ့ကမှ ကစားတဲ့ ရိုးရာလက်ဝှေ့သမားပါ။ သက်တမ်းမရင့်သေးဘူး။

ဂျူနီယာ အဲမွီတောင် ခေါင်းလောင်းသံကို ထိန်းနိုင်သေးတယ်ဆိုရင် လဲကျနေတဲ့ သွေးသစ်ဝင်းလှိုင်ကို ထွန်းထွန်းမင်းက ဘာလို့ကန်ရတာလဲ။ တစ်ခါမကဘူး။ ရလဒ်ရှုံးတာက ကိစ္စမရှိဘူး။ အဆင့်တန်းရှိရှိ ရှုံးဖို့ပဲလိုတယ်။ အကြီးတန်းဖြစ်ပြီး ဥပဒေပြင်ပလုပ်တာက အဆင်မပြေဘူး။

ထိချက်နည်းလို့ ရှုံးတာက ကိစ္စမရှိဘူး။ ဥပဒေပြင်ပကစားပြီး ထွန်းထွန်းမင်း ရှက်စရာတွေ လုပ်တယ်။ သွေးသစ်ဝင်းလှိုင်က ဘောင်းဘီဆွဲတင်ပြီးတော့ လျှာထုတ်ပြတဲ့ ထွန်းထွန်းမင်းကို အားရပါးရထိုးသွားတာပါ။ အထိုးခံရတိုင်း လျှာထုတ်ပြလွန်းလို့ သူငယ်တော်နဲ့ တူနေတယ်။

ပွဲကြိုအင်တာဗျူးမှာ “ချန်ပီယံခါးပတ်ဆိုတာ ဈေးကဝယ်ခဲ့လို့ရတာ မဟုတ်ဘူး” လို့ ထွန်းထွန်းမင်း ပြောဖူးတယ်။ ဟုတ်ကဲ့။ သွေးသစ်ဝင်းလှိုင်အတွက် ချန်ပီယံခါးပတ်ဆိုတာ အိမ်မှာပဲ ဖက်လုံးထိုးပြီး ရသွားသလိုပါပဲ။

ရေးသားသူ – Myanmar Fight Edition

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။