ရောင်းချင်တာရောင်းကောင်းဖို့အတွက်ယတြာ

Astrology

ရောင်းချင်တာရောင်းကောင်းဖို့အတွက်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရောင်းချင်တာရောင်းကောင်းဖို့အတွက်ယတြာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရောင်းချင်တာရောင်းကောင်းဖို့အတွက်ယတြာ

ဈေးရောင်းကောင်းဖို့က နည်းတွေ အများကြီးရိှတယ်ဗျ။
ဂါထာရွတ်ရတာ ဝါသနာပါတဲ့သူက ဂါထာနဲ့ လာဘ်ဖွင့်လို့ရတယ်။
ဖယောင်းတိုင်ထွန်းရတာ ဝါသနာပါရင် ဖယောင်းတိုင်ထွန်းပြီး လာဘ်ဖွင့်လို့ရတယ်။
အခု နောက်တနည်း ထပ်ရေးပေးမယ်။
လိုက်နာဆောင်ရွက်ကြစေဗျာ။

တနင်္ဂနွေသားသမီးများ ဈေးရောင်းကောင်းလိုသော်
လှူရမည့်အချိန်

အင်္ဂါနေ့ နံနက် ၁၀နာရီခွဲမှ ၁၀နာရီ ၄၅မိနစ်ကြား(သို့မဟုတ်)တနင်္ဂနွေနေ့ နံနက် ၉နာရီ ၄၅မိနစ်

လှူဖွယ်

ကိတ်မုန့်တချပ်နှင့် ကံ့ကော်တပွင့်/ကံ့ကော်တညွန့်လှူဒါန်းပြီးနောက် ခဏကြာသော်ပြန်စွန့်ပါ၊ကိတ်မုန့်ကိုစား၍ ကံ့ကော်ပန်း၊ သို့မဟုတ် ကံ့ကော်ညွန့်ကို
ဆောင်ထား၍သော်လည်းကောင်း၊ ဆိုင်အဝင်အထွက် တံခါး၏အထက်တွင်လည်းကောင်းထားပါ။ ဈေးရောင်းကောင်း၍ လာဘ်ပွင့်ပါလိမ့်မည်။

တနင်္လာသားသမီးများ ဈေးရောင်းကောင်းလိုသော်
လှူရမည့်အချိန်

ဗုဒ္ဓဟူးနေ့ နံနက် ၁၀နာရီခွဲမှ ၁၀နာရီ ၄၅မိနစ်ကြား(သို့မဟုတ်)တနင်္လာနေ့ နံနက် ၉နာရီ ၄၅မိနစ်

လှူဖွယ်

ဇီးယိုတထုပ်နှင့် ဆားတထုပ်လှူဒါန်းပြီးနောက် ခဏကြာသော်ပြန်စွန့်ပါ၊ဇီးယိုကိုစား၍ ဆားထုပ်ကို ဆောင်ထား၍သော်လည်းကောင်း၊ ဆိုင်အဝင်အထွက် တံခါး၏အထက်တွင်လည်းကောင်းထားပါ။ ဈေးရောင်းကောင်း၍ လာဘ်ပွင့်ပါလိမ့်မည်။

အင်္ဂါသားသမီးများ ဈေးရောင်းကောင်းလိုသော်
လှူရမည့်အချိန်

ကြာသပတေးနေ့ နံနက် ၁၀နာရီခွဲမှ ၁၀နာရီ ၄၅မိနစ်ကြား(သို့မဟုတ်)အင်္ဂါနေ့ နံနက် ၉နာရီ ၄၅မိနစ်

လှူဖွယ်

ရွှေရင်အေးတခွက်နှင့် ရွက်လှတရွက်/တခက်လှူဒါန်းပြီးနောက် ခဏကြာသော်ပြန်စွန့်ပါ၊ရွှေရင်အေးကိုစားသောက်၍ ရွက်လှကို ဆောင်ထား၍သော်လည်းကောင်း၊ ဆိုင်အဝင်အထွက် တံခါး၏အထက်တွင်လည်းကောင်းထားပါ။ ဈေးရောင်းကောင်း၍ လာဘ်ပွင့်ပါလိမ့်မည်။

ဗုဒ္ဓဟူးသားသမီးများ ဈေးရောင်းကောင်းလိုသော်
လှူရမည့်အချိန်

သောကြာနေ့ နံနက် ၁၀နာရီခွဲမှ ၁၀နာရီ ၄၅မိနစ်ကြား(သို့မဟုတ်)ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီ ၄၅မိနစ်

လှူဖွယ်

ပေါင်မုန့်တချပ်နှင့် မေမြို့ပန်းတပွင့်လှူဒါန်းပြီးနောက် ခဏကြာသော်ပြန်စွန့်ပါ၊
ပေါင်မုန့်ကိုစား၍ မေမြို့ပန်းကို ဆောင်ထား၍သော်လည်းကောင်း၊ ဆိုင်အဝင်အထွက် တံခါး၏အထက်တွင်လည်းကောင်းထားပါ။ ဈေးရောင်းကောင်း၍ လာဘ်ပွင့်ပါလိမ့်မည်။

ကြာသပတေးသားသမီးများ ဈေးရောင်းကောင်းလိုသော်
လှူရမည့်အချိန်

စနေနေ့ နံနက် ၁၀နာရီခွဲမှ ၁၀နာရီ ၄၅မိနစ်ကြား(သို့မဟုတ်)ကြာသပတေးနေ့ နံနက် ၉နာရီ ၄၅မိနစ်

လှူဖွယ်

သင်္ဘောသီးတစိတ်နှင့် သပြေတညွန့်၊တခက်လှူဒါန်းပြီးနောက် ခဏကြာသော်ပြန်စွန့်ပါ၊သင်္ဘောသီးကိုစား၍ သပြေခက်၊ သပြေရွက်ကို ဆောင်ထား၍သော်လည်းကောင်း၊
ဆိုင်အဝင်အထွက် တံခါး၏အထက်တွင်လည်းကောင်းထားပါ။ ဈေးရောင်းကောင်း၍ လာဘ်ပွင့်ပါလိမ့်မည်။

သောကြာသားသမီးများ ဈေးရောင်းကောင်းလိုသော်
လှူရမည့်အချိန်

တနင်္ဂနွေနေ့ နံနက် ၁၀နာရီခွဲမှ ၁၀နာရီ ၄၅မိနစ်ကြား(သို့မဟုတ်)သောကြာနေ့ နံနက် ၉နာရီ ၄၅မိနစ်

လှူဖွယ်

နို့တခွက်နှင့် နှင်းဆီအနီတပွင့်လှူဒါန်းပြီးနောက် ခဏကြာသော်ပြန်စွန့်ပါ၊နို့ကိုသောက်၍ နှင်းဆီကို ဆောင်ထား၍သော်လည်းကောင်း၊ ဆိုင်အဝင်အထွက်တံခါး၏အထက်တွင်လည်းကောင်းထားပါ။ ဈေးရောင်းကောင်း၍ လာဘ်ပွင့်ပါလိမ့်မည်။

စနေသားသမီးများ ဈေးရောင်းကောင်းလိုသော်
လှူရမည့်အချိန်

တနင်္လာနေ့ နံနက် ၁၀နာရီခွဲမှ ၁၀နာရီ ၄၅မိနစ်ကြား(သို့မဟုတ်)စနေနေ့ နံနက် ၉နာရီ ၄၅မိနစ်

လှူဖွယ်

အုန်းသီးတစိတ်(သို့)အုန်းရည်တခွက်နှင့် အုန်းညွန့်တညွန့်လှူဒါန်းပြီးနောက် ခဏကြာသော်ပြန်စွန့်ပါ၊အုန်းသီးကိုစား၍(သို့မဟုတ်)အုန်းရည်ကို သောက်ပြီးအုန်းညွန့်ကို ဆောင်ထား၍သော်လည်းကောင်း၊ ဆိုင်အဝင်အထွက် တံခါး၏အထက်တွင်လည်းကောင်းထားပါ။ ဈေးရောင်းကောင်း၍ လာဘ်ပွင့်ပါလိမ့်မည်။

မိတ်ဆွေများအားလုံးရောင်းပန်းဝယ်ပန်းများ ပွင့်လန်းကြပါစေဗျာ။

ရေးသားသူ – ဒဂုန်ရောင် ရွှေကြေးစည်ဂမ္ဘီရဓာတ်နန်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။