‘Renaissance’ ကမ္ဘာလှည့်ဖျော်ဖြေပွဲကနေ ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလျံနီးပါး ဘီယွန်းစေးရရှိနိုင်

Celebrity International News
‘Renaissance’ ကမ္ဘာလှည့်ဖျော်ဖြေပွဲကနေ ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလျံနီးပါး ဘီယွန်းစေးရရှိနိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ‘Renaissance’ ကမ္ဘာလှည့်ဖျော်ဖြေပွဲကနေ ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလျံနီးပါး ဘီယွန်းစေးရရှိနိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

‘Renaissance’ ကမ္ဘာလှည့်ဖျော်ဖြေပွဲကနေ ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလျံနီးပါး ဘီယွန်းစေးရရှိနိုင်

၆ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာလှည့်ဖျော်ဖြေပွဲကျင်းပမယ့် အဆိုတော် ဘီယွန်းစေးက သူ့ရဲ့ ‘Renaissance’ ဖျော်ဖြေပွဲကနေ ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလျံနီးပါး ဝင်နိုင်တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ ဒါဟာ Eras ဖျော်ဖြေပွဲက‌နေအဆိုတော် တေလာဆွစ်ဖ် ရရှိနိုင်တဲ့ ဒေါ်လာ ၁.၆ ဘီလျံထက် ဒေါ်လာ သန်း ၅၀၀ ပိုများပါတယ်။

ဒီခန့်မှန်းချက်ကတော့ လက်မှတ်တွေဝယ်ယူတဲ့ ပရိသတ်အရေအတွက်နဲ့ ဒေါ်လာ ၇၀၀ လောက်ရှိတဲ့ ပျမ်းမျှလက်မှတ်ဈေးနှုန်းတွေအပေါ် အခြေခံထားတာပါ။ “Renaissance” ဖျော်ဖြေပွဲဟာ စက်တင်ဘာလ ပြီးဆုံးတဲ့အချိန်မှာ လက်မှတ်တွေရောင်းရတာတစ်ခုတည်းကနေ ဒေါ်လာ ၂၇၅ သန်းကနေ ဒေါ်လာ ၂.၄ ဘီလျံကြား ရရှိနိုင်ပါတယ်။ ဘီယွန်းစေးရဲ့လက်မှတ်ဝင်ငွေ ခန့်မှန်းခြေ ဒေါ်လာ ၂.၄ ဘီလျံက Eraဖျော်ဖြေပွဲရဲ့ ဒေါ်လာ ၁.၉ ဘီလျံထက်များနေပါတယ်။

နှစ်တော်တော်ကြာမှ ဘီယွန်းစေးရဲ့ပရိသတ်တွေက သူ့ရဲ့ဖျော်ဖြေပွဲကို ပြန်ကြည့်ရတာလည်းဖြစ်ပါတယ်။ ဒီကမ္ဘာလှည့်ဖျော်ဖြေပွဲက ဘီယွန်းစေးရဲ့အအောင်မြင်ဆုံးဖျော်ဖြေပွဲဖြစ်နိုင်ပါတယ်။ ဒီက ရရှိတဲ့ဝင်ငွေက သူ အရင်ဖျော်ဖြေပွဲတွေက ရရှိတဲ့ဝင်ငွေထက် ကျော်လွန်သွားနိုင်ပါတယ်။ ဘီယွန်းစေးက ဖေဖော်ဝါရီလကမှ ကမ္ဘာ့စင်မြင့်ထက်ကို ပြန်လာမယ်လို့ ကြေညာခဲ့တာပါ။

ဘီယွန်းစေးရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲဟာ မေလ ၁၀ ရက်နေ့ကနေစတင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။