ယနေ့တနေ့စာအတွက် တားရော့ဗေဒင်

Astrology
ယနေ့တနေ့စာအတွက် တားရော့ဗေဒင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယနေ့တနေ့စာအတွက် တားရော့ဗေဒင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယနေ့တနေ့စာအတွက် တားရော့ဗေဒင်

အလုပ်/စီးပွါးရေး

အလုပ်အကိုင်အကြံစည်အထမြောက်အောင်မြင်မယ်။ ရင်းနှီးမြုပ်နှံမှုတွေ ထဲက အမြတ်စွန်းရမယ်။ အရောင်းအဝယ်အဆင်ပြေမဲ့နေ့ပါ။ ကိုယ့်အကြံစည်တွေ အထမြောက်မယ်။ လုပ်ငန်းသစ်၊ အကြံစည်သစ်၊ ရင်းနှီးမြုပ်နှံမှုတွေရှိမယ်။ ပြိုင်ဖက်တွေများအား အသာစီးရမယ်။ လူသုံးကုန်၊ စားသောက်ကုန်၊ သဘာဝထွက်ကုန်ပစ္စည်းများ၊ ရတနာလုပ်ငန်း၊ ငွေနှင့်ပတ်သက်သောလုပ်ငန်းအဆင်ပြေမယ်။ ဝန်ထမ်းတွေအထက်လူကြီး ကူညီစောင့်ရှောက်မှုရမယ်။ upgrade အတွက်သင်တန်း၊ ရာထူးတက်တာတွေရှိလိမ့်မယ်။

ငွေကြေး

တချို့တွေအတွက် ငွေကြေးအနည်းငယ် ကြပ်တည်းမှုတွေကြုံရတတ်တယ်။ ငွေထင်သလောက် မဝင်ပဲဖြစ်နေမယ်။ ရုန်းကန်ကြိုးစားရင် ပြန်အဆင်ပြေလာပါလိမ့်မယ်။ ငွေကြေးအတွက် ကတိကဝတ်စာချုပ် ချုပ်ဆိုမှုတွေတော့အဆင်တော့ပြေနေပါမယ်။ ကူညီမဲ့သူလဲရှိနေပါတယ်။ သို့သော် အဂတိ လိုက်စားမှုမျိုးတွေရှိသောကြောင့် သတိထားပါ။ လောလောဆယ်ချွေတာစုဆောင်းရန် အရေးကြီးသော အချိန်ကာလဖြစ်နေပါတယ်။ ငွေချေးငှါးခြင်းကိုတော့ မိမိဘက်ကရှောင်ပါ။ မိမိအနေနှင့် ရှိပြီးသား ပစ္စည်းဥစ္စာ၊ ငွေကြေးအား ထိန်းသိမ်းစောက်ရှောက်ရန်လိုပါတယ်။

အချစ်ရေး

RSတွေ အချစ်ရေးမှာ အဆင်မပြေမှုတွေ၊ အတိုက်အခိုက်ရန်များနဲ့ရင်ဆိုင်နေရမယ်။ပြသနာများ၊ စကားများနေရ၍ တစ်ယောက်ကသီးခံနေရပြီး၊ တစ်ယောက်ကတော့အတ္တကြီးခေါင်းမာနေမယ်။ သူမှန်တယ်ကိုယ်မှားတယ်နဲ့ တဖက်သတ်ပဲဖြစ်နေလိမ့်မယ်။ အတွေးနဲ့လက်ရှိအခြေအနေမတူတာသိမြင်ဖို့လိုပါတယ်။ အတိတ်ကအရိပ်တွေ ပစ္စုပ္ပန်ကိုခြောက် လန့်နေတတ်တယ်။

စိုးရိမ်စိတ်တွေများပြီး အတွေးမှာတင်ချာချာလည်နေလိမ့်မယ်။ သတိကပ်ဖို့လိုတယ်။ တချို့ကိစ္စတွေ ဥပေက္ခာပြုနိုင်မှ နှစ်ယောက်လုံးအတွက်အဆင်ပြေမယ်။ သံသရစိတ်ဝင်လွယ်နေမယ်။ အချစ်ကြီး၊ အတ္တကြီးခြင်းကြောင့် အမှားပြောမိတတ်တယ်။ မိမိခံစားချက်ကိုပွင့်ပွင့်လင်းလင်းနဲ့ မေတ္တာရေးတောင်းဆိုပါ။

မိမိပြောင်းလဲနိုင်သောအတိုင်းအတာတခုထိလဲ အကောင်းဆုံးပြောင်းလဲဆောင်ရွက်သင့်တယ်။ မလိုအပ်သောအပူသောကတွေ စွန့်ပစ်လိုက်ပါ။ ညှိနှိုင်းနားလည်မှုနှင့်ရှေ့ဆက်ဖို့လိုမယ်။ မိမိအပေါ်အတွင်းကျကျ နားလည်ပေးနိုင်သူနှင့်သာရေရှည်လက်တွဲနိုင်မယ်။

Single- crush ကိုအပြိုင်အဆိုင်လိုက်နေရလိမ့်မယ်။ တဖက်ကစိတ်တွေဝေနေမယ်။ ကမ်းလှမ်းသူကိုလဲလက်မခံနိုင်သေးပဲဖြစ်နေမယ်။ တဖက်လူသဘောကျအောင် နည်းလမ်းပေါင်းစုံအားထုတ်နေရတတ်တယ်။ မမြင်ရတဲ့ အခက်အခဲ အတားစီးရှိနေပေမယ့် ဇွဲရှိကကျော်လွှားနိုင်မယ်။ အများလက်မခံနိုင်သော မေတ္တာရေးမျိုးကို အတိုင်အခိုက်ကြားက တည်ဆောက်ရတတ်တယ်။ အိမ်ထောင်ရှိသူအား ပြစ်မှားမိတာ၊ ပြစ်မှားခံရတာမျိုးဖြစ်တတ်တယ်။

အိမ်ထောင်ရှင်- စကားနိုင်လုနေရမယ်။ စိတ်တွေရှုတ်ထွေးနေတတ်တယ်။ အမြင်မတူ စကားများရန်ဖြစ်နေရမယ်။ အိမ်ထောင်ဖက်ရဲ့လိုအပ်ချက်ကိုမစဉ်းစာနိုင်ပဲ တယူသန်အတ္တကြီးနေလိမ့်မယ်။ စိတ်လျော့ပြီးဘာသာရေးသာလုပ်ဆောင်ပါ။ အစွန်းရောက်အတွေးအခေါ်များကြောင့်လူ့ခွစာဖြစ်နေမယ်။ လူမှုရေးအရှုတ်အထွေးများဖြစ်တတ်တယ်။ ပတ်ဝန်းကျင်က စောင့်ကြည်ဝေဖန်တိုက်ခိုက်မှုများခံရတတ်တယ်။

ရေးသားသူ –The Goddess Tarot by Yu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။