တစ်ကြိမ်ပဲ မြင်ခဲ့ဖူးတဲ့ ရှားပါးဂျယ်လီငါးကို ပစိဖိတ်သမုဒ္ဒရာအောက်ကနေ ထပ်မံတွေ့ရှိ

International News
တစ်ကြိမ်ပဲ မြင်ခဲ့ဖူးတဲ့ ရှားပါးဂျယ်လီငါးကို ပစိဖိတ်သမုဒ္ဒရာအောက်ကနေ ထပ်မံတွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ကြိမ်ပဲ မြင်ခဲ့ဖူးတဲ့ ရှားပါးဂျယ်လီငါးကို ပစိဖိတ်သမုဒ္ဒရာအောက်ကနေ ထပ်မံတွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ကြိမ်ပဲ မြင်ခဲ့ဖူးတဲ့ ရှားပါးဂျယ်လီငါးကို ပစိဖိတ်သမုဒ္ဒရာအောက်ကနေ ထပ်မံတွေ့ရှိ

ကမ္ဘာပေါ်မှာ တစ်ကြိမ်ပဲ တွေ့ဖူးခဲ့တဲ့ ရှားပါးဂျယ်လီငါးကို Ocean Exploration Trust အဖွဲ့ရဲ့ သိပ္ပံပညာရှင်တစ်စုက ထပ်မံတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှာ ပစိဖိတ်သမုဒ္ဒရာထဲက ဝေးလံခေါင်သီပြီး အနက်ပေများတဲ့နေရာကနေ ရှားပါးဂျယ်လီငါးကို တွေ့ရှိခဲ့တာပါ။

ရှားပါးဂျယ်လီငါးကို ၂၀၁၅ ခုနှစ်တုန်းက တစ်ကြိမ်ပဲ မြင်တွေ့ခဲ့ကြဖူးတာပါ။ ဦးခေါင်းထိပ်မှာ ဖိုခနောက်ဆိုင် ထိုးထွက်နေတဲ့ ရေဘဝဲလက်တံသုံးချောင်းကြောင့် ဒီဂျယ်လီငါးဟာ တခြားဂျယ်လီငါးတွေနဲ့ သိသိသာသာ ကွဲထွက်နေတာပါ။ သူတို့ဟာ ရှည်လျားတဲ့ ရေဘဝဲလက်တံတွေကိုသုံးပြီး တခြားဂျယ်လီငါးတွေ၊ ပင်လယ်မျော့တွေကို ဖမ်းယူစားသောက်လေ့ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။