ကိုဗစ်ကူးစက်ခံရတဲ့ ရခိုင်ကသင်တန်းလာတတ်တဲ့ရဲအုပ်ရဲ့ နောက်ဆက်တွဲသတင်း

Health

ရောဂါပိုးကူးစက်ခံရသူတွေထဲမှာ ရဲသင်တန်းကျောင်းက ရဲအုပ်တစ်ယောက်လည်းပါဝင်တယ်လို့ သတင်းတွေ ထွက်လာအပြီးမှာ  မန္တလေးတိုင်းရဲတပ်ဖွဲ့ မှူးရုံးကို အထက်ပါကိစ္စနဲ့ ပတ်သတ်ပြီးတော့ မေးမြန်းခဲ့ပါတယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ တိုင်းတပ်ဖွဲ့မှူးရဲမှူးကြီးမောင်မောင်အေး က  အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး “ မှန်ပါတယ်။ ရခိုင်က သင်တန်းလာတတ်တဲ့ ရဲအုပ်တစ်ယောက်ဆီက တွေ့ရှိတာဖြစ်ပါတယ်။ အဲ့ရဲအုပ်က  မန္တလေးတိုင်း ရဲအရာရှိသင်တန်းကျောင်းထဲမှာပဲ နေထိုင်ခဲ့ပြီး ပြင်ပကို သွားလာခြင်းမရှိဘူး” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုပါ ရဲအရာရှိဟာ မန္တလေးမှာ သင်တန်းတက်ဖို့  ရခိုင်ကနေ လေယာဉ်နဲ့ ရောက်လာတာဖြစ်ပြီး ရောက်လာကတည်းက ကျောင်းမှာသီးသန့်ထားပြီး အပြင်ကို သွားလာတာမျိုးမရှိကြောင်း သိရပါတယ်။ သင်တန်းကိုတော့ ဩဂုတ်လ ၂၄ ရက်နေ့မှာ စတင်တာဖြစ်ပြီး ပိုးတွေ့တာကတော့ ဩဂုတ်လ ၂၇ ရက်နေ့မှာပါ။ ပိုးတွေ့လူနာကို ကန်တော်နဒီဆေးရုံကို ပို့ဆောင်ပြီး   သင်တန်းကျောင်းက ထိတွေ့ဆက်စပ်မိနိုင်ခြေရှိတဲ့ သင်တန်းသား တစ်ရာကျော်ကို ဓာတ်ခွဲနမူနာယူထားပါတယ်။သင်တန်းကျောင်းကိုလည်း မနေ့ညပိုင်းကစတင်ပြီး Lockdown ချလိုက်ပြီး ဝင်ထွက်သွားလာတာကို ကန့်သတ်လိုက်ပြီလို့လည်း သိရပါတယ်။ 

Leave a Reply