ရွေးကောက်ပွဲရွှေ့ဆိုင်းရန် လုံး၀မရှိဟု ကော်မရှင်ပြောရေးဆိုခွင့် ရှိသူဆို

Local News

ကိုဗစ်ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ မရှိဟု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဏအတွက် အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုမှာ ဦးမြင့်နိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှု အကြောင်းကိုလဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားတာကို တွေ့ရှိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ အစီအမံတွေတော်တော်များများကို လုပ်ပြီးသွားပြီဖြစ်ပြီး ကိုဗစ်ကြောင့်ရွေးကောက်ပွဲ တစ်ခုလုံးကိုဖြစ်စေ၊ မဲဆန္ဒနယ်တစ်ခုကိုဖြစ်စေ ရွှေ့ဆိုင်းဖို့မရှိကြောင်း ဦးမြင့်နိုင်ကဆိုပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားနေချိန်ဖြစ်တာကြောင့် မဲဆန္ဒရှင်ပြည်သူတွေအတွက် အကောင်းဆုံးကာကွယ်မှုတွေ ပေးနိုင်အောင် ကျန်းမာရေးဝန်ကြီးဌာန နဲ့ညှိနှိုင်းဆောင်ရွက်ပြီး လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးသွားမယ်လို့လဲ ပြောပါတယ်။

ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပါတီအချို့ကတော့ ကိုဗစ်ဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာတွေရှိနေပါတယ်။

Leave a Reply