မင်းအောင်လှိုင်၏စစ်တပ်မှာ ရိုဟင်ဂျာများကို Genocide အမှုမြောက်ကြောင်း အမေရိကန်အစိုးရ ကြေညာ

Local News

မင်းအောင်လှိုင်၏စစ်တပ်မှာ ရိုဟင်ဂျာများကို Genocide အမှုမြောက်ကြောင်း အမေရိကန်အစိုးရ ကြေညာ

မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်းသ-တ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ယနေ့ ကြေညာသည်။

တိုက်ဆိုင်မှုလား (သို့) QUAD အဖွဲ့ဝင်နိုင်ငံတွေ နိုးထလာလေသလား.. Rfa သတင်းတစ်ပုဒ်အဆိုအရ မြန်မာစစ်တပ် လူမျိုးတုံးသ-တ်ဖြတ်မှုကျူးလွန်ကြောင်း အမေရိကန်အစိုးရကြေညာမည်ဟု သိရပါတယ်…

ဒါဟာ မြန်မာပြည်သူအများ အကြားချင်ဆုံးသတင်းစကားပါ…

ရုရှားသမ္မတပူကိုတောင် စစ်ရာဇဝတ်ကောင်လို့ ကြေညာတဲ့အမေရိကန်ဟာ မအလလောက်တော့ စာဖွဲ့နေမှာ မဟုတ်ပါဘူး…

အမေရိကန်အစိုးရက အကြမ်းဖက်မှုအနေနဲ့သာ သတ်မှတ်ပြောဆိုခဲ့ပေမယ့် အဲဒီလုပ်ရပ်ဟာ Genocide ဆိုတဲ့ လူမျိုးတုံးသုတ်သင်ရှ-င်း လင်းမှု မြောက်တယ်လို့ သတ်မှတ်ကြေညာ တော့မယ့်အကြောင်း သတင်းရရှိပါတယ်…

ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမျိုးတုံးသု-တ်သင်ရှ-င်းလင်းမှုပြတိုက်မှာ မတ်လ ၂၁ ရက်နေ့ ဒီနေ့ ပြုလုပ်မယ့်ရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာလိမ့်မယ်လို့ အစိုးရအရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်…

မြန်မာစစ်တပ်က လူမျိုးတုံးသု-တ်သင်ရှ-င်းလင်းမှု ကျူးလွန်ခဲ့တယ်လို့ ကြေညာမယ့်ကိစ္စက သူတို့အနေနဲ့ နောက်ထပ်ကျူးလွန်မှာတွေကို ဟန့်တားနိုင်ဖို့ရည်ရွယ်ကြောင်းဆိုပါတယ်….

လက်ရှိစစ်ရာဇဝတ်မှုတွေကို မြိန်ယှက်စွာကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို ပြင်းထန်စွာအရေးယူပေးဖို့ ပြည်သူအားလုံးကလည်း တပ်မက်စွာမျှော်လင့်စောင့်စားနေကြပါတယ်…

ဒါဟာ ဩဇီက အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာသူမှန်သမျှ ခိုလှုံခွင့်ပေးသွားမည်ဟု ကြေညာပြီးနောက် နောက်ထပ် ကြားရတဲ့ သတင်းကောင်းတစ်ခုဖြစ်ပါတယ်…

ထို့အပြင် QUAD အဖွဲ့ဝင်နိုင်ငံတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာတာကိုလည်း ထူးခြားစွာ တွေ့မြင်လာပါတယ်…

ယမန်နေ့ကလည်း အာဆီယံဘုံသဘောတူညီချက်တွေ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ ဂျပန်&အိန္ဒိယက ပူးတွဲထုတ်ပြန်ကြေညာခဲ့ပါတယ်…

မြန်မာပြည်သူအများ၏ ဆန္ဒအမှန်မှာလည်း စစ်အုပ်စု၏ ကျရှုံးခန်းကို မြင်တွေ့ချင်ပါပြီ…

ဒါတွေဟာ တိုက်ဆိုင်မှုပေလား… (သို့) QUAD အဖွဲ့ဝင်နိုင်ငံတွေ နိုးထလာသလား ဆိုတာတော့…………..

အင်းဝသားကြီး ဖော်ကောင် ငထင်

Leave a Reply