နေ့နံအလိုက်ရှောင်ရှားရမယ့် ဘုမ္မိအရပ် လာဘ်လာဘပွင့်တဲ့ တေဇအရပ် မင်္ဂလာရှိတဲ့သီရိအရပ်တွေက ဘယ်အရပ်တွေလဲ

Knowledge

နေ့နံအလိုက်သတိထားရှောင်ရှားရမယ့် ဘုမ္မိအရပ် လာဘ်လာဘပွင့်တဲ့ တေဇအရပ် မင်္ဂလာရှိတဲ့သီရိအရပ်တွေက ဘယ်အရပ်တွေလဲ။

ဘုမ္မိကျတဲ့အခါမျိုးမှာ အဆိုပါအိမ်တွေမှာ
စီးပွားရေးမှာ ဘယ်လိုပဲ ကြိုးစားလဲ အဖတ်မတင်ခြင်း ၊
အိမ်တွင်းရေးမိသားစုရေး ပျော်ရွှင်မှုပျက်သုဉ်းခြင်း ၊
မိသားစုတွင်း ကျန်းမာရေးအားနည်းချက်တစ်ဦးမဟုတ်တစ်ဦးဖြစ်တတ်ခြင်း စတဲ့
အခက်အခဲပြသနာအချို့ကြုံရတတ်တယ်လို့ အဆိုရှိခဲ့ပါတယ်။

နေ့နံအလိုက် သတိထားရှောင်ရှားရမယ့် ဘုမ္မိအရပ် ဆိုတာ ဘယ်အရပ်တွေဖြစ်မလဲ ??
နောက်ပြီး (မင်္ဂလာရှိတဲ့ အရပ်မျက်နှာ) က ဘယ်အရပ်ဖြစ်မလဲ ???
နောက်ပြီး လာဘ်လာဘပွင့်တဲ့ တေဇအရပ် က ဘယ်အရပ်တွေဖြစ်မလဲ ???

တနင်္ဂနွေသားသမီး ဘုမ္မိ (တောင်အရပ်) (ရှောင်ရန်)သီရိ (မြောက်အရပ်) တေဇ (အနောက်အရပ်)

တနင်္ဂလာသားသမီးဘုမ္မိ (အနောက်တောင်အရပ်) (ရှောင်ရန်)သီရိ (အရှေ့တောင်အရပ်)တေဇ (အနောက်မြောက်အရပ်)

အင်္ဂါသားသမီး ဘုမ္မိ (အနောက်အရပ်) (ရှောင်ရန်)သီရိ (အရှေ့အရပ်)တေဇ (မြောက်အရပ်)

ဗုဒ္ဒဟူးသားသမီးဘုမ္မိ (အနောက်မြောက်) (ရှောင်ရန်)သီရိ (အရှေ့တောင်) တေဇ (အရှေ့မြောက်)

ကြာသပတေးသားသမီး ဘုမ္မိ (အရှေ့မြောက်) (ရှောင်ရန်)သီရိ (အနောက်တောင်) တေဇ (အရှေ့တောင်)

ရာဟုသားသမီး ဘုမ္မိ ( အရှေ့အရပ်) (ရှောင်ရန်)သီရိ (အနောက်အရပ်) တေဇ ( တောင်အရပ်)

သောကြာသားသမီး ဘုမ္မိ (အရှေ့တောင်အရပ်) (ရှောင်ရန်)တေဇ (အနောက်တောင်အရပ်) သီရိ (အနောက်မြောက်အရပ်)

စနေသားသမီးဘုမ္မိ (မြောက်အရပ်) (ရှောင်ရန်)တေဇ (မြောက်အရပ်) သီရိ (အရှေ့အရပ်) တို့ဖြစ်ပါတယ်။

#မိုးနတ်မင်း
================

Leave a Reply