ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ တစ်ယောက် ရွေးကောက်ပွဲမှာမဲပေးမှာလား။ ဘယ်လိုပေးမယ်လို့ရော ထင်ကြလဲ။

Local News

နေပြည်တော်မှာ လက်ရှိနေထိုင်တယ်လို့ သိရတဲ့ တပ်မတော်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ အခု၂၀၂၀ ရွေးကောက်ပွဲကာလမှာ ကြိုတင်မဲ ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

သူအပါအဝင် တပ်မတော် အစိုးရလက်ထက်တုန်းက ခေါင်းဆောင်တွေဟာ လူကြီးတွေဖြစ်တာကြောင့် ရိုသေသမှုနဲ့ အိမ်အထိ ကြိုတင်မဲသွားယူဖို့ စီစဉ်နေတယ်လို့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာကော်မရှင် တာဝန်ရှိသူ ဦးလှငွေက ဒီနေ့ သတင်းထောက်တွေကို ပြောကြားပါတယ်။

သူအပါအဝင် တပ်မ တော် အစိုးရလက်ထက်က ခေါင်း ဆောင် တွေဟာ လူကြီး တွေ ဖြစ်တာကြောင့် ရိုသေသမှုနဲ့ အိမ်အထိ ကြို တင်မဲ သွားယူဖို့ စဉ်းစားထားတယ်လို့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ ကော်မရှင် တာဝန်ရှိသူ ဦးလှငွေက ဒီနေ့ သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့က အိမ်ထဲကို တမင်သွားပြီးတော့ အကြီးအကဲတွေဆိုတော့ ရိုသေသမှုနဲ့အိမ်ကိုသွားပြီးတော့ ကြိုမဲယူမယ်လို့ အဲဒီလို စဉ်းစားထားတာပါဗျ။ သူတို့ကတော့ ဘယ်လိုပုံစံရယ်လို့ မပြောသေးဘူးပေါ့”လို့ ဦးလှငွေက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအဝင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ သမ္မတဟောင်း ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌဟောင်း သူရ ဦးရွှေမန်း၊ ဒုတိယ သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးတင်အေးတို့ဟာ ဇမ္ဗူသီရိမြို့နယ်၊ ညောင်ပင်ကြီးစုရပ်ကွက်ထဲက A1 ကနေ A6 လို့ ခေါ်တဲ့ လုံးချင်း ခြံအကျယ်ကြီးထဲမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် အသက် ၆၀ နှင့်အထက်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကြိုတင်မဲ စပေးလို့ရတဲ့ ဒီနေ့မှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းက ညောင်ပင်ကြီးစု ရပ်ကွက်ထဲက မဲရုံမှာ ကြိုတင်မဲ လာပေးသွားခဲ့ပါပြီ။

သမ္မတဟောင်း ဦးသိန်းစိန်ကတော့ အပြင်ကိုထွက်ပြီး မဲပေးမှာ မဟုတ်ဘဲ သူ့အိမ်မှာပဲ ကြိုတင်မဲပေးဖို့ ရှိတယ်လို့ သူနဲ့ နီးစပ်တဲ့ သူတချို့က ပြောပါတယ်။

“သူတို့(၆ လုံးတန်းမှ လူကြီးများ)လာပေးရင်လည်း ကျနော်တို့လက်ခံမှာပေါ့။ လာမပေးရင်လည်း သူတို့ဆီကို သွားယူပေး မယ်လို့ စဉ်းစားထားပါတယ်။ ဘယ်နေ့ဘယ်ရက်ဆိုတာတော့ မြို့နယ်က အဆင်ပြေတဲ့ရက် သွားမှာပါခင်ဗျ။ အတိအကျတော့ မပြောထားသေးပါဘူး”လို့ ညောင်ပင်ကြီးစု ရပ်/ကျေးကော်မရှင်မှ ဦးလှငွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကတော့ ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ သေဆုံးသွားခဲ့တဲ့ သူ့သားမက် ဗိုလ်မှူးချုပ် သိန်းနိုင်ရဲ့ ဈာပနမှာ လူမြင်ကွင်းကို တခါထွက်ခဲ့ပေမယ့် သူအနားယူခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ နောက်ပိုင်းမှာ လူမြင်ကွင်းကို သိပ်ထွက်လေ့ မရှိပါဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) အစိုးရ အာဏာရ လာပြီး နောက်ပိုင်းမှာ ၂၀၁၆ ခုနှစ်က နေပြည်တော် စည်ပင် သာယာရေး ကော်မတီကပိုင်တဲ့ ဇမ္ဗူသီရိ ဆေးရုံကြီးမှာ ဦးသန်းရွှေဟာ ကျန်းမာရေး စစ်ဆေးမှု တကြိမ်ခံယူခဲ့ဖူးပြီး အဲဒီ နောက်ပိုင်းမှာတော့ နေပြည်တော် တပ်မတော်ဆေးရုံကြီးမှာပဲ ကျန်းမာရေး စစ်ဆေးမှု လုပ်တော့တယ်လို့ သိရပါတယ်။

Leave a Reply