သီချင်းကောင်းကောင်း သီချင်းတောင်း ကဏ္ဍ

Local News

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ။ ကျွန်တော်တို့ မိုးနတ်မင်း ဝိုင်းတော်သားတွေအနေနဲ့  ကိုဗစ်ကာလ အိမ်တွင်းအောင်းနေချိန်မှာ entertainment လေးတစ်ခု လုပ်သွားဖို့ စဉ်းစားထားပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ၂၀၀၀ ခုနှစ်တွေ တုန်းက ထင်ရှားကျော်ကြားခဲ့တဲ့ သီချင်းလေးတွေကိူ သက်ဆိုင်ရာ themes လေးတွေ အလိုက်ခံစားရပြိးနားထောင် နိုင်အောင် ရွေးချယ်ပေးမှာဖြစ်ပါတယ်။  တစ်ပတ်ကို ၂ ရက် အထက်ပါ အစီအစဉ်လေးကို ကျင်းပမှာ ဖြစ်ပြီး အက်ဒမင်တွေရဲ့ သီချင်းတွေ အပေါ် မှတ်ချက်လေးတွေလဲ ပါဝင်မှာပါ။ လုပ်မဲ့ရက်ကိုတော့ စနေ ဗုဒ္ဓဟူး နှစ်ရက်ကို ရွေးချယ်ထားပါတယ်။ ပရိတ်သတ်ကြီး အနေနဲ့လဲ ကျွန်တော်တို့နဲ့ အကြိုက်ချင်းတူမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ တောင်းဆိုချင်တဲ့ သီချင်းတွေ ရှိရင်ပဲဖြစ်ဖြစ် ဒီ အစီအစဉ်လေးကို ဝေဖန်ချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ကွန်းမန့်ကနေ လာရောက် ပြောဆိုလို့ရပါတယ်။ တကယ်လို့ ကိုယ်ချစ်တဲ့လူတွေအတွက် ရည်ရွယ်ထားတဲ့ သီချင်းလေးတွေရှိရင်လဲ မိုးနတ်မင်း page ကနေ ခင်ဗျားတို့ပြောချင်တဲ့ စကားလုံးလေးတွေနဲ့အတူ အဲ့သီချင်းလေးကို တင်ပေးသွားဦးမှာ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့လူတွေနဲ့ ကိုယ့်ငယ်ဘ၀လေးကို ပြန်လည်ူခံစားနိုင်ပါစေလို့ ကျွန်တော်တို့ မိုးနတ်မင်း ဝိုင်းတော်သားတွေကနေ ဆုတောင်းပေးလိုက်ပါတယ် ကျွန်တော်တို့ page လေးကိူလဲ  like နဲ့ follow လေးတွေ လုပ်ပေးထားကြပါဦးနော်။  ပုံမှန်တင်နေကြ သတင်းတွေကိုလဲ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။

Leave a Reply