၂၀၂၀ ရွေးကောက်ပွဲ အတွက် တောင်ကုတ်မြို့မှာ မဲဆွယ်နေတဲ့ NLD အမတ်လောင်းတွေကို လက်နတ်ကိုင်တပ်တွေက ဖမ်းဆီး

Local News

ရခိုင် ပြည်နယ် တောင်ကုတ်မြို့မှာ မဲဆွယ်နေတဲ့ NLD အမတ်လောင်း ၃ ဦးကို အောက်တိုဘာ ၁၄ ရက်နေ့ မနတ် ၁၁ နာရီကျော်လောက်က အမည်မသိ လက်နက်ကိုင် တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့နယ် NLD ပါတီ ဥက္ကဌ ဦးတင်သိန်းအောင်က အတည်ပြုပြောကြားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဒေါ်နီနီမြင့် (ပြည်သူ့လွှတ်တော်) ၊ဦးမင်းအောင် (ပြည်သူ့လွှတ်တော်)၊ ဒေါ်ချစ်ချော (အမျိုးသားလွှတ်တော်) ကိုယ်စားလှယ်လောင်းများ ဖြစ်ကြပြီး  ဒေါ်နီနီမြင့်နဲ့ ဦးမင်းအောင်တို့ဟာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားကြသူတွေ ဖြစ်ကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ယနေ့ညနေအထိ အဆက်အသွယ် မရသေးကြောင်း မြို့နယ် NLD ပါတီ ဥက္ကဌက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အဆိုပါ ဖမ်းဆီးခံရသူတွေဟာ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မြေကနေ ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြောင်းလဲ သိရှိရပါတယ်။

NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကတော့ ကိုယ်စားလှယ်လောင်းတွေ ပြန်လွတ်ရေးအတွက် ကြိုးစားလျက်ရှိပြီး ယခုလောလောဆယ်အထိတော့ အခြေအနေမထူးခြားသေးကြောင်း ပြောကြားပါတယ်

ပရိတ်သတ်ကြီးရော ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားတယ်ထင်ပါသလဲ။ မိမိထင်တဲ့ အကြောင်းအရာတွေကို comment မှာ ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်နော်

Leave a Reply