အမြန်လမ်းပေါ်မှ အန္တရာယ်ထောင်ချောက် ကားမောင်းသူအားလုံးသတိရှိကြပါ။

Local News

အမြန်လမ်းပေါ် မှာကားများပြန်သွားခွင့် ပြုပြီးနောက်ပိုင်း အခုရက်ပိုင်းမှာ ကိုယ်တွေ့ကြုံခဲ့ရသူမှ ပြန်လည်မျှဝေထားခြင်းပါ။

အမြန်လမ်းပေါ် မှာ ကိုယ်တိုင် ကားမောင်၍သွားလာနေသူ ဦးတင်သန်းတယောက် မိတ္ထီလာကနေ မန္တလေးသို့အသွား အမြန်လမ်းမိုင်

၃၃၆ မှာ ကြသောင်းဝါးတချောင်းလမ်းပေါ် လဲနေတာတွေ့ လို့ ကားရပ်ပြီး ဆင်းဖယ်လိုက်ချိန်မှာတော့

ဝါးလုံးတခုလုံးကို အင်ဂျင်ဝိုင်တွေရွဲနေအောင်သုတ်လိမ်းထားပြီး ဝါးရဲ့ အဆုံးတဖက်မှာသွပ်ကြိူးကိုချည်‌နှောင်ထားတာကို

တွေ့ခဲ့ရတယ်လို့ ဦးတင်သန်းရဲ့ Facebook မှာပြန်လည်မျှဝေထားပါတယ်။

ဒီလို ဝါးလုံးမျိုးဟာ အရှိန်မောင်းလာတဲ့ ကားတစီးကို  slip ဖြစ်သွားစေနိုင်ပြီး  အန္တရာယ် အလွန်ရှိပါတယ်။

အရင် ကလဲ မိတ္ထီလာနှင့် မန္တလေးကြားမှာ မကြာခဏ  မမြင်ရတဲ့ အန္တရာယ်တွေ ကြုံရကြောင်း သတင်းများလဲ ကြားဖူးကြမှာဖြစ်တဲ့

အတွက် အမြန်လမ်းမှာသွားလာမောင်နှင်နေကြတဲ့ ကားသများများ အထူးဂရုစိုက်ကြပါလို့။

ကားသမားအားလုံး ဘေးအန္တရာယ်ကင်း၍  အေးချမ်းစွားအိမ်သို့ရောက်ကြပါစေ။

Leave a Reply