ကျုံယွမ်ကျော်မြင့် နှင့် အာဏာရပါတီဟောင်း၏ ပတ်သတ်မှုများ

Local News

စက်တင်ဘာ ၂၂ ရက်နေ့၊ Myanmar Now ကစတင်လိုက်သော ‘မြန်မာပြည်၏လျှို့ဝှက် နက်နဲသော နိုင်ငံရေးပါတီ ဥက္ကဋ္ဌ’ ဆောင်းပါးမှသည် အဖြစ်အပျက် များက ဆက်တိုက်ဆိုသလိုမြန် ဆန်လွန်းလှသည်။

စက်တင်ဘာ ၂၉ ရက်နေ့ တွင် ကျုံယွမ်ကျော်မြင့်ကို ၎င်းနေ ထိုင်ရာ ရန်ကုန်မြို့ရှိနေအိမ်၌  သွားရောက်ဖမ်းဆီးကာ တစ်ချိန် က သူအကျဉ်းစံခဲ့ဖူးသော မန္တ လေး အိုးဘိုထောင်သို့တစ်ကျော့ ပြန်ပို့ဆောင်လိုက်ခြင်းက ဇာတ် ကိုတစ်ဆစ်ချိုးလိုက်ခြင်းဟု ဆို သော်မမှားပေ။

ထို့နောက် အောက်တိုဘာ ၁၀ ရက်နေ့သမ္မတရုံးသတင်းစာ ရှင်းလင်းပွဲတွင် မူဆယ်ဂိတ်မှ  နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်ဖြင့် မြန်မာနိုင်ငံတွင်းဝင်ရောက်ကာ  နေပြည်တော်၌ပင် နေထိုင်သွား ခြင်း၊၎င်း၏မှတ်ပုံတင်နှင့်စီးပွား ရေးလုပ်ငန်းများအကြောင်း ထပ်မံသိရှိခဲ့ရသည်။

အောက်တိုဘာ ၁၅ ရက်နေ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲ ရောက်တော့ ကျုံယွမ်ကျော်မြင့်၏ ရပေါက်ရလမ်းမပြနိုင်သည့်ငွေ ကြေး၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ သို့ တရားမဝင်ငွေလွှဲလမ်း ကြောင်းအဆင့်ဆင့်ဖြင့် ကျပ် ၁၆ ဘီလီယံကျော် တင်သွင်းလာမှု၊ ၎င်း၏တရားမဝင်ကုမ္ပဏီ၊ တရား မဝင်စီးပွားရေး၊ တရားမဝင်ပိုင် ဆိုင်မှု၊ နှင်းဆီပါတီအတွက် ကျပ် ၂၆ ဘီလီယံကျော် သုံးစွဲခဲ့မှုစ သည်ဖြင့် စစ်ဆေးဖော်ထုတ်ချက် များကို ထပ်မံသိရပြန်သည်။

အောက်တိုဘာ ၁၇ ရက်နေ့ ရောက်တော့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ညီညွတ် သောဒီမိုကရက်တစ်ပါတီ(ခ)နှင်း ဆီပါတီကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းကြောင့်၂၀၂၀ ရွေးကောက်ပွဲတွင် အမတ် လောင်း ၁,၁၃၁ ဦးဖြင့် ဒုတိယအ များဆုံး ဝင်ရောက်ယှဉ်ပြိုင်ရန်  ခတ်ကွင်းပြင်နေသော နှင်းဆီပါ တီမှာ ပွဲပြီးသွားရသည်။

အောက်တိုဘာ ၂၃ ရက်နေ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲ တွင်တော့ ကျုံယွမ်ကျော်မြင့်၏ ပိုင်ဆိုင်မှုမှာ  နောက်ထပ် ၁၈ ဘီ လီယံထပ်တိုးလာ၍ စုစုပေါင်း ၄၁ ဘီလီယံအထိရှိလာသည်။ ကျုံယွမ်ကျော်မြင့်သည် ယခင်အစိုးရအဖွဲ့ခေါင်းဆောင်အချို့နှင့် တွေ့ဆုံမှုရှိခဲ့ပြီး  ၎င်း၏တရားမဝင် ပြည်တော်ဝင်ခြင်းတွင် ယခင်အ စိုးရအဖွဲ့နှင့် ဆက်စပ်မှုရှိပါသ လားဟု မီဒီယာ၏မေးမြန်းမှုအ ပေါ်သမ္မတရုံးပြောခွင့်ရဦးဇော် ဌေးက ‘လူချင်းတွေ့တာ၊ မတွေ့ တာကတစ်ပိုင်း၊ဥပဒေနဲ့ငြိခြင်း၊ မငြိခြင်းက တစ်ပိုင်းပေါ့နော်။ ဒီ အတိုင်းပဲ ကျွန်တော်တို့ပြောလို့ ရမယ်။ အခု ကျွန်တော်တို့စစ် တဲ့အချိန်မှာ အခုစစ်တာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေး တာဝန်ရှိတဲ့သူတွေ စစ်တာပဲ။  ဒါတွေကတော့ ဥပဒေနဲ့မညီဘူး။ မညီတဲ့အလျောက်လုပ်တာပဲ။ ဒီ အပိုင်းမှာ တရားရုံးမှာ ပြောတာ ဆိုတာတွေက ဥပဒေနဲ့ညီဖို့လို တယ်။ သူ ဘယ်သူနဲ့တွေ့တွေ့ ပေါ့။ ပြောရရင်  ဘယ်သူနဲ့တွေ့ တွေ့၊တွေ့တဲ့သူက သူ့ကိုဥပဒေ နဲ့အညီလုပ်ထားသလား၊ မလုပ် ထားရင်တော့ ဥပဒေနဲ့အညီ အ ရေးယူခံထားရမှာပဲ’ဟု ဆိုသည်။ ယခင်အစိုးရအဖွဲ့ခေါင်းဆောင် အချို့အား စစ်ဆေးနေခြင်းရှိ၊မရှိ ကိုမူ ဦးဇော်ဌေးက တိကျစွာ ပြောဆိုခြင်းမရှိပေ။

ကျုံယွမ်ကျော်မြင့်၏အမှုအ ခင်းအခြေအနေမှာမူ   မန္တလေး ချမ်းအေးသာစံ တရားရုံးက ထောင်ပြေးမှုဖြင့် စွဲချက်တင်ပြီ ပြီးဖြစ်ပြီး လဝကဥပဒေပုဒ်မဖြင့်  ထပ်မံတရားစွဲထားသည်။ပြောရလျှင် ကျုံယွမ်ကျော် မြင့်ဇာတ်လမ်းမှာ Myanmar  Now စတင်လိုက်သည့်အချိန်မှ စ၍ တောက်လျှောက်ဆိုသလို (အီခြင်းအိုင်ခြင်းမရှိ)ကောင်းနေ သလို နောက်ထပ်လည်း  ဆက် ကောင်းမည်ဟုလည်း ထင်ရ သည်။ သို့သော် သမ္မတရုံးက  သတင်းစာရှင်းလင်းပွဲလုပ်မှသာ  ကျုံယွမ်ကျော်မြင့်အကြောင်းသိရ သဖြင့် ကိုရီးယားဇာတ်လမ်းတွဲ ပမာ အခန်းဆက်စောင့်ကြည့်နေ ရသည့်နှယ်ဖြစ်သည်။

မည်သို့ပင်ဆိုစေ Myanmar Now ၏ စုံစမ်းဖော်ထုတ်မှု ၏နောက်ဆက်တွဲအဖြစ် တရား မဝင်ငွေကြေးများဖြင့် မြန်မာနိုင်ငံ လွှတ်တော်ထဲသို့ ပါတီတစ်ရပ်အ သွင်ပုံဖော်ကာ ဝင်ရောက်ရန်ကြံ စည်သည့် ကျုံယွမ်ကျော်မြင့်၏ အိပ်မက်ကို ရွေးကောက်ပွဲမတိုင်မီ  လက်မတင်ကလေး ချေဖျက် လိုက်နိုင်သည်မှာ အရေးကြီး သည့် အောင်ပွဲတစ်ရပ်ပင်ဖြစ် သည်။

သို့သော် ကျုံယွမ်ကျော်မြင့် ၏ပိုင်ဆိုင်မှုကို ဖော်ထုတ်ကာ  ယာယီထိန်းသိမ်းလိုက်နိုင်ခြင်း နှင့်နှင်းဆီ ပါတီကိုဖျက်သိမ်းလိုက် နိုင်ခြင်းသည် လမ်းခုလတ်တစ် ထောက်နားစခန်းသို့ ရောက်ရှိ သည့်အဆင့်မျှပင်ရှိသေးသည်။ နောက်ထပ်ခရီးဆုံးသို့  ရောက် အောင် ရှေ့ဆက်သွားရမည့်လမ်း မှာ နိုင်ငံရေးထဲသို့ ကျုံယွမ်ကျော် မြင့် ဝင်ရောက်လာခြင်းအ ကြောင်းမှန်နှင့် ၎င်း၏တရားမဝင် မြန်မာနိုင်ငံသို့ ပြန်ဝင်လာခြင်း၊ တရားမဝင်စီးပွားရေးနှင့် နိုင်ငံ ရေးပါတီဥက္ကဋ္ဌဖြစ်သည်အထိ  အာဏာဖြင့် အကာအကွယ်ပေး ထားသူများရှိ၊မရှိနှင့် မမြင်ချင်  ယောင်ဆောင်နေသူများရှိ၊ မရှိ  ဖော်ထုတ်အရေးယူရေးပင်ဖြစ် သည်။

ကျုံယွမ်ကျော်မြင့်၏တရား ရုံးထွက်ဆိုချက်ထဲတွင် ၎င်း သည်  အမေရိကန်၊ တရုတ် မြန်မာ ကောင်စစ်ဝန်၊ စစ်သံမှူးများနှင့် တွေ့ဆုံပြီးမှ ပြည်တော်ပြန်ခြင်း ဖြစ်ကြောင်း နှင်းဆီပါတီဥက္ကဋ္ဌအ ဖြစ်လျှောက်ထားချိန်တွင် ထိုအ ချိန်က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့် တွေ့ဆုံခဲ့ကြောင်း အကျဉ်းဦးစီး  ဌာနညွှန်ချုပ် ဦးကျော်ညွန့်နှင့် တွေ့ဆုံစဉ် ယခင်အမှုတွဲအ ကြောင်းဖြေရှင်းရန်ပြောခဲ့ရာ အ မှုတွဲ မရှိတော့ဟုပြန်ပြောကြောင်း ဆို၏။

ထို့အပြင် ကျုံယွမ်ကျော်မြင့် ထောင်ထဲပြန်ရောက်ပြီးနောက် ပိုင်းတွင် ပြည်ခိုင်ဖြိုးခေါင်းဆောင် ဟောင်း ဦးဌေးဦးနှင့်တွဲရိုက်ထား သည့်ဓာတ်ပုံ အွန်လိုင်းပေါ်တက် လာခဲ့သည်။ ယင်းဓာတ်ပုံက  ကျုံ ယွမ်ကျော်မြင့်သည် မြန်မာနိုင်ငံ တွင်းပြန်ဝင်လာပြီးနောက် အာ ဏာရှိသူများနှင့်ထိတွေ့ဆက်စပ် မှုရှိကြောင်း  အထောက်အထား တစ်ရပ်ပင်ဖြစ်သည်။

မကြာသေးမီက (ဦး)မြတ် ခိုင်နှင့် ရုပ်သံအင်တာဗျူးတွင် ဦးဌေးဦးက ကျုံယွမ်ကျော်မြင့်နှင့် တွဲရိုက်ထားသည့်ဓာတ်ပုံမှာ အ စစ် ဖြစ်ပြီး ၎င်း၏နေပြည်တော် အိမ်တွင် ရိုက်ထားခြင်းဖြစ် ကြောင်း၊ ၎င်းသည် ရှမ်းပြည်နယ် မှဦးကျော်မြင့်ဆိုသည့်နာမည်နှင့် လူတော်တော်များများနှင့် သိ ကြောင်း ဦးဌေးဦးနေပြည်တော်၌ ရှိနေစဉ် ၎င်း၏ကိုယ်ရေးအရာရှိ က ရှမ်းပြည်ဘက်က ဦးကျော်မြင့် ဆိုသူတွေ့ချင်သည်ဟုလာပြော ရာ ၎င်းနှင့်အသိ မိတ်ဆွေဟုထင် ပြီး နေပြည်တော်အိမ်၌ တွေ့ဆုံ ခြင်းဖြစ်ကြောင်း ယင်းသည်ပထမ ဆုံးစတင်တွေ့ဖူးခြင်းဖြစ်ပြီး လာ ရောက်မိတ်ဆက်သည့်သဘော တွေ့ဆုံခြင်းဖြစ်ကြောင်း တွေ့ဆုံ မှုအပြီး လိပ်စာကတ်ပေးမှ ကျုံ ယွမ်ဦးကျော်မြင့်ဟု ရေးထားသ ဖြင့် သိရပြီး နောက်ထပ်လည်း  ဆုံတွေ့မှုမရှိတော့ကြောင်း၊ ယခု အရေးယူသည့်အချိန်ကျမှ သူမှန်း သိရှိခြင်းဖြစ်ကြောင်းပြောကြားခဲ့ သည်။

မည်သည့်အချိန်တွင် လာ တွေ့သည်ကိုမူ မပြော။ သို့သော်ဦးဌေးဦး၏နေပြည်တော်အိမ်တွင်  တွေ့ဆုံခြင်းဟုဆိုသဖြင့် နေပြည် တော်သို့ စတင်ပြောင်းရွှေ့ကြရ သည့် ၂၀၀၅ ခုနှစ်နိုဝင်ဘာ ၆ ရက်နေ့ နောက်ပိုင်းကာလဖြစ် သည်။ ကျုံယွမ်ကျော်မြင့်သည် ၁၉၉၉ ခုနှစ်တွင် ထောင်ပြေးဘဝ ဖြင့် ပြည်ပသို့တိမ်းရှောင်သွားခဲ့ ပြီး ၂၀၁၃ ခုနှစ်ကျမှ ပြန်လည်ခိုး ဝင်လာခြင်းဖြစ်သဖြင့် ၂၀၁၃ ခုနှစ်နှင့်နောက်ပိုင်းကျမှ ဦးဌေးဦး နှင့်တွေ့ဆုံခြင်းဖြစ်သည်။

ဦးဌေးဦးသည် စစ်အစိုးရ ကာလတွင်ဗိုလ်ချုပ်ဌေးဦးအဖြစ်  သမဝါယမဝန်ကြီးနှင့်လယ်ဆည် ဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၀ ရွေး ကောက်ပွဲတွင် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ်ရွေးကောက် တင် မြှောက်ခံရသည်။ ၂၀၁၀ ဇွန်-၂၀၁၂ အောက်တိုဘာတွင် အာ ဏာရ ပြည်ခိုင်ဖြိုးပါတီအထွေ ထွေအတွင်းရေးမှူး။ ထို့နောက်  ၂၀၁၅ သြဂုတ်အထိ ပြည်ခိုင်ဖြိုး ပါတီဒုဥက္ကဋ္ဌတာဝန်ယူခဲ့ခြင်း ကြောင့် ကျုံယွမ်ကျော်မြင့်နှင့်နေ  ပြည်တော်အိမ်၌ တွေ့ဆုံချိန် သည် ဒုဥက္ကဌတာဝန်ယူထားချိန် ဖြစ်မည်ဟုထင်၏။

ဗိုလ်ချုပ်ဟောင်းတစ် ယောက်၊ အာဏာရပါတီ၏ ဒုဥက္ကဋ္ဌတစ်ယောက်ကို တွေ့ဆုံဖို့ ဆိုသည်မှာ ရင်းနှီးကျွမ်းဝင်မှုရှိသူ များပင်  ဦးဌေးဦးရုပ်သံအင်တာ ဗျူးတွင်ဖြေသလို မလွယ်ကြောင်း  အားလုံးအသိဖြစ်သည်။ ကျုံယွမ် ကျော်မြင့်ကို  (ထောင်ပြေးတစ် ယောက်မှန်း၊ တရားမဝင်နေထိုင် သူမှန်းမသိဟုဆိုတောင်) အ ကြောင်းအရာ မည်မည်ရရမရှိဘဲ   အချိန်ပေး လက်ခံတွေ့ဆုံစရာ  အကြောင်းမရှိပါ။ မည်သို့သော  လမ်းကြောင်းဖြင့် ဦးဌေးဦးထံအ ရောက်လှမ်းနိုင်ခဲ့သလဲနှင့် မည် သည့်အကြောင်းကြောင့် လာ ရောက်တွေ့ဆုံသလဲဆိုသည်မှာ  ကာယကံရှင်နှစ်ဦးသာ အသိဆုံး ဖြစ်ပါမည်။ ထား….။

ကျုံယွမ်ကျော်မြင့်သည် ထောင်ပြေးတစ်ဦးဖြစ်သော်ငြား  သူခရီးထွက်သည့်အခါ အာဏာရှိ သူတစ် ဦးကဲ့ယာဉ်တန်းပုံစံ မီးထိုး ပြီးသွားခြင်းမျိုး၊ တရားမဝင်ငွေ ကြေးများဖြင့် တရားမဝင်လှည့် ပတ်စီးဆင်းနေခြင်းမျိုးစသည့် သူ ၏အနေအထိုင်နှင့်အလုပ်အကိုင် တို့မှာ အာဏာရှိသူများထံ ကျွန် တော့်ကို စောင့်ရှောက်ပါဟူ၍ မျက်နှာသွားပြကာ အာဏာဘုန်း ရိပ်အောက် ခိုလှုံခွင့်တောင်းခဲ့ခြင်း ကြောင့်ဟု မှတ်ထင်စရာဖြစ်ရ သည်။သတင်းများအရ ကျုံယွမ် ကျော်မြင့်သည် ဦးဌေးဦးတင်မက  အခြားသောအာဏာရှိသူများထံ သို့လည်း ချဉ်းကပ်ခဲ့ပုံရသည်။ ထောင်ပြေးတစ်ယောက်၊ တရား မဝင်ခိုးဝင်လာသူတစ်ယောက်  ၏ အာဏာရှိသူများထံ အရောက်  ဖောက်ရသည့်လမ်းမှာ မလွယ်။ သို့သော် ငွေကိုထွေခင်းကစားနိုင် ပြီး စစ်အစိုးရခေတ်ဦးကာလတွင် ဗိုလ်ချုပ်ကြီးများကို ပေါင်းပုံ ပေါင်းနည်း အံတိုခဲ့ပြီးသော ကျုံ ယွမ်ကျော်မြင့်အတွက် ခက်ခက်ခဲ  ခဲမဟုတ်ဟု ထင်၏။

ထို့ကြောင့် ကျုံယွမ်ကျော် မြင့်၏ ၂၀၁၃ ခုနှစ်မှသည် ၂၀၂၀ စက်တင်ဘာ ၂၉ ရက်နေ့အထိ ခလုတ်မထိဆူးမငြိသောခရီးတွင်  ကျည်ကာအင်္ကျီဝတ်ဆင်စေကာ  အကာအကွယ်ပေးခြင်းနှင့် ကျုံ ယွမ်ကျော်မြင့်ကို မည်သူမျှမမြင် အောင် ကိုယ်ပျောက်ဝတ်စုံချုပ် လုပ်ပေးသော အာဏာပိုင်မည်မျှ ရှိနေသလဲဆိုသည်မှာ ပြည်သူတို့ နားစွင့်နေကြသော ကျုံယွမ်ကျော်မြင့်နောက်ဆက်တွဲပင်ဖြစ်သည်။

ကျုံယွမ်ကျော်မြင့်အကြောင်း ခြုံငုံကြည့်လိုက်သော် ၁၉၉၉ ခုနှစ် ထောင်မှပြေးခဲ့စဉ်ကလည်း မမိ၊ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင်း ပြန်လည်ခိုးဝင်လာတုန်းကလည်း မမိ။ ရပေါက်ရလမ်းမပြနိုင်သည့် ငွေများဖြင့် တရားမဝင်ကုမ္ပဏီ ထောင်၊ လယ်မြေဧကများစွာ ဝယ်၊ ဇိမ်ခံအိမ်ကြီးဆောက်ကာ  တခမ်းတနားနေပြတုန်းကလည်း မမိ။ ထောင်ပြေးတစ်ယောက်က  နှင်းဆီပါတီဥက္ကဋ္ဌလုပ်တော့ လည်းမမိ။ (Myanmar Now သ တင်းဌာနသာ မဖော်ထုတ်ခဲ့လျှင် တော်ရုံနဲ့ မိဖို့ရာလည်း လမ်း မမြင်။)ထိုသို့မမိခြင်း၊ မသိခြင်း အပေါ် တရားဥပဒေစိုးမိုးမှုအား နည်းချက်ကြောင့်ဟု ခြုံပြောနိုင်  ပြီး လုပ်ငန်းတာဝန်ပိုင်းအရဆိုပါ က အဓိကတာဝန်ရှိသောဌာနမှာ  အစဉ်အဆက် ပြည်ထဲရေးဝန်ကြီး ဌာနပင် ဖြစ်သည်။

တာဝန်မကျေခဲ့သော ပြည် ထဲရေးဝန်ကြီးဌာနသည် ယခုကျုံ ယွမ်ကျော်မြင့်နှင့်ပတ်သက်၍ စစ် ဆေးဖော်ထုတ်နေသည်ဟုသိရ သည်။ မီဒီယာသို့သမ္မတရုံးပြော ပြသမျှ ကျုံယွမ်ကျော်မြင့်အ ကြောင်း လက်ရှိအချိန်ထိ ဖော် ထုတ်နိုင်မှုမှာ အားရစရာပင်ဖြစ် သည်။ သို့သော် အထက်တွင်ပြော ခဲ့သလို ကျုံယွမ်ကျော်မြင့်အပေါ် အာဏာပိုင်တချို့၏ အကာအ ကွယ်ပေးမှု၊ မသိချင်ယောင် ဆောင်မှုနှင့်နောက်ဆက်တွဲ အဂ တိရှိ၊မရှိတို့ကိုမူ ပြည်ထဲရေးအ နေနှင့် မခြွင်းမချန်ထပ်မံဖော် ထုတ်နိုင်မလားဆိုသည်မှာ စိတ် ဝင်စားစရာပင်ဖြစ်သည်။ မကြာမီ ရုံတင်တော့မည့် ကျုံယွမ်ကျော် မြင့် ဒုတိယပိုင်း(သို့မဟုတ်)ဇာတ် သိမ်းသည် မည်သို့ရှိမည်ကိုကျွနု်ပ် တို့ စောင့်ကြည့်ရပေဦးတော့ မည်။

(ဆောင်းပါးရှင် လင်းဆက်ငြိမ်းချမ်းသည် နိုင်ငံရေးနှင့် မျက်မှောက်ရေးရာဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)

Leave a Reply