မဲဆွယ်အင်အားပြရင်း ဂွေးဇိလှန်ပြတဲ့ ပြည်ခိုင်ဖြိုး (ရုပ်သံ)

Local News

မဲဆွယ်အင်အားပြရင်း ဂွေးဇိလှန်ပြတဲ့ ပြည်ခိုင်ဖြိုး (ရုပ်သံ)

“ဆရာထင်လင်းဦး..၏သတိပေးသံ”
•••••••••••••••••••••••••••••••••••••••••••

“NLD” ထောက်ခံသူများကို အလေးအနက် မေတ္တာရပ်ခံပန်ကြားပါရစေ…

အခြေအနေတွေက ဆိုးရွားတဲ့အခြေအနေတစ်ခုကို ဦးတည်လာနေပါတယ် … ။
ဒီကနေ့ဆိုရင် … လှည့်လည် ယာဉ်တန်းတွေပေါ်ကနေ မမြင်ဝံ့မရှုဝံ့ မဖွယ်မရာ လုပ်ပြနေတာတွေကို မြင်လာနေရပါပြီ …

“ဒါတွေဟာ ပြဿနာကို နည်းမျိုးစုံနဲ့ ရှာမဲ့သူတွေ ရှိလာနေပြီ ဆိုတဲ့ သဘောပါ”..
“အဲဒီအတွက် မခံချင်လို့တုံ့ပြန်ရင် ဆင်ထားတဲ့ခွင်ထဲ ဝင်မိလျက်သားဖြစ်ပါလိမ့်မယ်” …

“အဲဒီအတွက်ကြောင့်”… မြို့နယ် ..ရပ်ကျေး….အလုပ်အမှုဆောင်တွေ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ဒီလိုလှည့်လည်ပွဲတွေကို မလုပ်ကြတော့အောင် မေတ္တာရပ်ခံတားမြစ်ကြဖို့…

ကိုယ်တိုင်လဲ မလိုက်ပါကြဖို့ .. လုပ်ဖို့လဲ အားမပေးကြဖို့ အလေးအနက်သတိပေးချင်ပါတယ်…

ဖြစ်နိုင်ရင် မြို့နယ်အသီးသီး ရပ်ကျေးအသီးသီးမှာ “လှည့်လည်ခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်” ဆိုတဲ့ စာတွေကို ထုတ်ပြန်ထားသင့်တယ်လို့ အကြံပြုပါရစေ…

“NLD” ထောက်ခံသူတွေအနေနဲ့လည်း လူစုလူဝေးတွေနဲ့ လှည့်လည်တာတွေကို မနက်ဖြန်ကစပြီး လုံးဝရပ်နားထားစေချင်ပါတယ် “…

“အသံချဲ့စက်ဖိုးတွေ ကြိုပေးပြီးသားဖြစ်နေလို့
ယာဉ်ငှားရမ်းခတွေ ကြိုတင်ပေးပြီးသားဖြစ်နေလို့ ဆိုရင်တောင် စရံ အဆုံးခံလိုက်ပါ”

“မနက်ဖြန်က စပြီး လုံးဝ (လုံးဝ) မလှည့်လည်ပါနဲ့တော့…

အဲဒီလို လှည့်လည်ခြင်းဟာ NLD ကို ထောက်ခံအင်အားပြရာမရောက်ဘဲ..
မလိုမုန်းတီးသူတွေ လိုချင်တဲ့အကွက်ထဲ အဆင်အခြင်ကင်းမဲ့စွာ ပါဝင်မိကြသလို ဖြစ်ပါလိမ့်မယ်…

“အဲဒီလို လှည့်လည်ခြင်းဟာ”NLD”အတွက်အင်အား ပြရာမရောက်ဘဲ ပြဿနာတွေ မရှင်းရ ရှင်းရအောင် လုပ်ဆောင်သလိုဖြစ်လာပါလိမ့်မယ်”..

“ကိုယ့်ကြောင့် ကိုယ်ထောက်ခံတယ် ဆိုတဲ့ပါတီမှာ အခက်အခဲတွေ မကြုံရပါစေနဲ့ . ပြဿနာတွေ မဖြေရှင်းရပါစေနဲ့ ”

“ဉာဏ်နဲ့ဆင်ခြင် သတိယှဉ်ကြပါ ခင်ဗျား”

#ဒီစာကို မြို့နယ်အသီးသီးက မိတ်ဆွေများ မြင်တွေ့ဖတ်မိကြရလေအောင်
ပြန်လည်ဖြန့်ဝေပေးကြပါခင်ဗျာ”

မဲဆွယ်အင်အားပြရင်း ဂွေးဇိလှန်ပြတဲ့ ပြည်ခိုင်ဖြိုး (ရုပ်သံ)
အောက်မှာ video ကြည့်ပါ

“ဆရာထင်လင်းဦး..၏သတိပေးသံ”

Posted by Myo Myo on Tuesday, October 28, 2020

 

 

မှီငြမ်း – မျိုးမျိုး

Leave a Reply