ဒေါ်နယ်ထရန်နဲ့ ယှဉ်ပြီးအရွေးခံတဲ့ သမ္နတလောင်း ဂျိုးဇက် အကြောင်း တစေ့တစောင်း

Knowledge

ဂျိုးဇက်ရိုဘင်နက်ဘိုင်ဒန်ဂျူနီယာ (ခေါ်) ဂျိုးဘိုင်ဒန်သည် ဒီမိုကရက် တစ်ပါတီ၀င်တစ်ဦးဖြစ်သည်။ ၁၉၄၂၊ ပယ်ဆလ်ဗေးနီး ယားပြည်နယ်တွင် ဖွားမြင်သည်။ ဘိုင်ဒန်မွေးဖွားစဉ်က ဆင်းရဲခဲ့သည်။ နောက်ပိုင်း ဖခင်လုပ်ငန်းအဆင်ပြေလာ၍ လူလတ်တန်းစားသို့ ရောက်ရှိလာသည်။ ငယ်စဉ်က စကား ထစ်သည့်ရောဂါရရှိခဲ့ပြီး အတော်လေ့ကျင့်ယူခဲ့ရပါသည်။ ၁၉၆၅တွင် နိုင်ငံရေးသိပ္ပံဖြင့် ဘွဲရခဲ့သည်။

ဘိုင်ဒန်သည် အရက်မသောက်တတ်..။ ဆွေမျိုးထဲတွင် အရက်သမား အလုံအလောက်ရှိပြီးဟု ဆိုသည်။ ၁၉၆၆ တွင် ပထမအိမ်ထောင်ကျပြီး သားနှစ်ယောက် သမီးတစ် ယောက် ဖွားမြင်သည်။

၁၉၆၈ တွင် ဥပဒေဘွဲ့ထပ်မံရရှိခဲ့ ပြီး ရှေ့နေလုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကားအက်ဆိဒင့် ဖြင့် ဇနီးနှင့် တစ်နှစ်သမီးလေးတို့ ကွယ်လွန်ခဲ့သည်။ ၁၉၇၇ တွင် (လက်ရှိ) ဒုတိယအိမ်ထောင်ပြုခဲ့သည်။

၁၉၇၀ တွင် အမေရိကန်သမိုင်းတစ်လျှောက် ဆဌမမြောက် အသက်အငယ်ဆုံး ဆီးနိတ်လွတ်တော်အမတ် ဖြစ်လာ သည်။

အမေရိကန်ဆီးနိတ်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီ၏ဝါရင့်အဖွဲ့၀င်တစ်ဦးဖြစ်သည်။ စစ်အေးတိုက် ပွဲအပြီး အရှေ့ဥရောပသို့ နေတိုးအဖွဲ့ ချဲ့ထွင်ခြင်းများ၊ ၁၉၉၁ ယူဂိုဆလပ်စစ်ပွဲများသို့ အမေရိကန်၀င်ရောက်ခြင်း နှင့် ၂၀၀၂တွင် အီရတ်စစ်ပွဲတို့ကို ထောက်ခံဦးဆောင်ပါ၀င် ခဲ့သည်။

ထို့နောက် ဆီးနိတ်တရားရေးကော်မတီဥက္ကဌ ဖြစ် လာသည်။ တက္ကသိုလ်များတွင်လည်း အခြေခံဥပဒေဆိုင် ရာ ဘာသာရပ်တို့ကို ပို့ချခဲ့သည်။

၁၉၈၈ တွင် ဒီမိုကရက် တစ်သမ္မတလောင်းအဖြစ် ၀င်ရောက်အရွေးခံသော်လည်း ရှုံးနိမ့်ခဲ့ပါသည်။

အမေရိကန်သမိုင်း၏ ၁၆ယောက်မြောက် သက်တမ်းအရင့်ဆုံး လွှတ်တော်အမတ် ဖြစ်လာသည်။ အမေရိကန်လွှတ်တော်၏ အမွဲဆုံးလွှတ်တော်အမတ်များ အနက်တစ်ဦးလည်း ဖြစ်သည်။ အမတ်လုပ်ရတာကြာသွား လို့ဟု ဆိုသည်။ ပျော်ပျော်နေတတ်ပြီး အပေးအကမ်းရက် ရောသူ၊ အေးအေးနှင့် အငြင်းသန်သန်သူဟုလည်း ဆိုကြ သည်။

ဆီးနိတ်တွင် () ကြီမ်ပြန်လည်အရွေးခံခဲ့ရပြီး ၂၀၀၈ တွင် အိုဘားမားနှင့် တွဲဖက်၍ ဒုသမ္မတအဖြစ် နှစ်ကြိမ် ထမ်း ဆောင်ခဲ့ပါသည်။

အမေရိကန်ကို စီးပွားပျက်ကပ်အတွင်းမှ ဆွဲထုတ်ရာတွင် ဦးဆောင်ခဲ့သည်။ တက္ကသိုလ်နှင့် အဖွဲ့အ စည်းပေါင်းများစွာမှ ဂုဏ်ထူးဆောင်ဘွဲ့တို့ ရရှိထားပြီး ၂၀၁၇ တွင် အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးဆု President- -ial Honor of Freedom ကို သမ္မတအိုဘားမားမှ ချီးမြှင့် ခဲ့သည်။

Leave a Reply