အသက် ၂၅ နှစ်နဲ့လွှတ်တော်အမတ် ဖြစ်လာတဲ့ အမေရိကန် မသန်စွမ်းလူငယ်တစ်ဦး

Local News

ယခုတစ်ခေါက် မိုးနတ်မင်းဝိုင်းတော်သားတွေ တင်ဆက်ပေးချင်တာကတော့ အမေရိကားမှာ ယခုရွေးကောက်ပွဲအတွင်း အရွေးချယ်ခဲံ့ရတဲ့ လွှတ်တော်အမတ် အချောလေးတစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ ခေါင်းစဉ်မှာဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ သူဟာ အသက်အရွယ်အရလဲ ၂၅ နှစ်သာရှိသေးပြီး မသန်စွမ်းတစ်ယောက်လဲဖြစ်ပါသေးတယ်။ ဒီလွှတ်တော်အမတ်လေးဟာ မြန်မာလူငယ်လူရွယ်တွေ အတွက် အတုယူထိုက်စရာ လူတစ်ယော်ဖြစ်လာနိုင်မလား။

နာမည်ရင်း Maidson လို့ခေါ်တဲ့သူက ယခု ၂၀၂၀ အမေရိကန်လွှတ်တော်ရွေးကောက်ပွဲအတွက် မြောက်ပိုင်းကယ်ရိုလိုင်းနား မဲဆန္ဒနယ်မြေကနေ ရွေးချယ်ပေးလိုက်တဲ့ အမတ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အသက်ဟာ ၂၅နှစ်ပဲရှိသေးတာမလို့ သူဟာ အမေရိကန် လွှတ်တော်သမိုင်းမှာ အသက်အငယ်ဆုံးသော လွှတ်တော်အမတ်တစ်ယောက်အဖြစ် စံချိန်သက်မှတ်နိုင်ခဲ့ပါတယ်။ သူဟာ အသက်၁၈ နှစ်အရွယ်မှာ ကားအက်ဆီးဒန့် တစ်ခုကြောင့် ဘီးတပ်ကုလားထိုင်ကို စတင်အသုံးပြုခဲ့ရပါတယ်။

ဘယ်လောက်ပဲလောကဓံတရားကြီးကစုတ်ပျက်နေအောင်ရိုက်ချပါစေ။စိတ်ဓာတ်ပြင်းထန်တဲ့လူတစ်ယောက်အနေနဲ့ဘယ်အရာကိုမဆိုအောင်မြင်နိုင်ကြောင်းသူ့ဘ၀ကြီးကပြောပြနေပါတယ်။ကဲမိုးနတ်မင်းပရိတ်သတ်ကြီးရောသူ့ဘ၀ဇာတ်လမ်းကိုကြားမိပြီးဘယ်လိုခံစားရပါသလဲ။မိမိရဲ့ထင်မြင်ယူဆချက်တွေကိုကွန်းမန့်ကနေတစ်ဆင့်ဝင်ရောက်ဆွေးနွေးငြင်းခုန်သွားကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ။

Leave a Reply