ကျီးအာသီး အစွမ်း အံ့မခန်း

Health Knowledge
ကျီးအာသီး အစွမ်း အံ့မခန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျီးအာသီး အစွမ်း အံ့မခန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျီးအာသီး အစွမ်း အံ့မခန်း
ကင်း၊ မြွေ၊ ခွေးရူး အဆိပ်ဖြေဆေးသွေးစုနာ၊ အကြိတ်အဖု၊ သက်တန့်နာ လိမ်းဆေး
ထိပ်ကပ်နာ၊ ဝက်ရူးပြန်ရောဂါ

ကျီးအာ၏ဓာတုရသသည် စဥ်းငယ်အေး၏အရွက်သည်၊ဓာတ်အလိုအားဖြင့် အာပေါ ကြောင့်ခန္ဓာကိုယ်အတွင်းမှ အပူကြောင့်ဖြစ်ပေါ်ပြောင်းလဲသော ဝေဒနါများကို အေးပြီး တေဇော၊ဝါယော၊ပထဝီ၊အာပေါဓါတ်တို့ကိုသက်စေသောသွေး၊သည်းခြေ၊လေ၊သလိပ်နာ၊ပျို့အန်သောအနာပေါက်သောအနာ၊ကုဌနူနာတို့နှင့်သင့်လျော်သည်။ပိုးကိုနိုင်သည်။အင်အားကိုဖြစ်စေသည်။

ကျီးအာမြစ်ကို အခြောက်လှန်း အမှုန့်ပြု၍နှာနှပ်ဆေးလုပ် ရှူပါက နှာခေါင်းအတွင်းမှာရှိသောစိမ်းစိမ်းဝါဝါ အခဲများကျ၍ ထိပ်ကပ်နာပျောက်ကင်းစေသည်။

မြွေပွေးဆိပ်၊ကင်းဆိပ်၊ခွေးရူးဆိပ် ပူပြီးတက်သောအဆိပ်မှန်သမျှ ကျီးအာမြစ်ကိုသွေးပြီးငါးမိနစ်ခြား စတီးလ်ဇွန်းတစ်ဇွန်းတိုက်ပါ။အဆိပ်မှန်သမျှ ပျောက်သည်။

အတက်ရောဂါ အတွက်နီရဲနေသော ကျီးအာသီးအမှည့်တစ်လုံးကိုထိပ်လှီးပြီးအတွင်းမှ အစေ့များကိုထုတ်ပစ်ပြီးစမုန်နက် တကျပ်သားဆားပုပ် တကျပ်သားသိန္ဓောဆား တကျပ်သားအတွင်း၌ထည့် ထိပ်ပြန်ပိတ်ပြီးဖွဲမီးနှင့်ပြာကျအောင်ဖုတ်။ အထဲမှ ဆေးခဲကိုယူပြီး တရွေးသားခန့်တိုက်ပါက အတက်ရောဂါဟူသမျှပျောက်ကင်းသည်။

ဝက်ရူးပြန် ရောဂါ အတွက်ကျီးအာသီးပြာ တစ်ရွေးသားကို ရွှေဆိုင်းတစ်ချပ်နှင့်ပျားရည်စပ်တိုက်ပါတစ်နေ့တကြိမ် တိုက်ပါဝက်ရူးပြန်ရောဂါပျောက်သည်။သွေး စုနာ၊သက်တန့်နာ၊ အကြိတ်အဖုအတွက်ဖလံတောင်ဝှေး ကျီးအာရွက် လက်တဆုပ်ကို ညက်အောင်ထောင်းပြီး ကွမ်းစားထုံး ထည့်၍အုံပေးပါ၊ပြည်ရှိလျင်အမြန်ပေါက်ပြီး ပျောက်ကင်းသက်သာသည်။

အနာနုလျင် အလိုလိုပိန်ချပ်သွးပြီးပျောက်ကင်းချမ်းသာနိုင်သည်။အနာဖြစ်ပါက ကျီးအာပင်ပဉ္စငါးပါးပြုတ်ရည်နှင့်ဖန်ဆေးရည်ပေးပါ။

အားအင်ကုန်ခန်း နွမ်းနယ်ခြင်းများအတွက်ကျီးအာရွက်အနုကို သားငါးပုစွန်တို့ဖြင့်ကြော်ချက်၍သော်လည်းကောင်း ဟင်းချိုချက်၍သော်လည်းကောင်း စားသောက်ပေးပါကခြေမသယ်ချင် လက်မသယ်ချင် အားအင်ကုန်ခန်းခြင်းကိုပျောက်ကင်းသက်သာစေပြီး အားအင်ပြည့် ဖြိုးခွန်အားတိုးစေပါသည်။

ကျီးအာသီးအရွက်၊အသီးတို့ကို နွေ၊မိုး၊ဆောင်းရာသီမရွေးရနိုင်သည်။ဆေးအဖြစ်ယုံကြည်စိတ်ချစွာသုံးစွဲပါ။အထက်မြန်မာပြည်၊အောက်မြန်မာပြည်နယ်လှည့်သမားတော်အဖြစ် နှစ်လေးဆယ် ဆေးကုသခဲ့စဥ်ကလက်တွေ့နည်းများကို ဆရာစားမချန်အကုန်အစင်သွန်ပေးသော ကျီးအာသီးအစွမ်းအံ့မခန်းကို တင်ပြလိုက်ပါသည်။

“မြွေဆိပ်ဖြေဆေး”

သင်သိပြီးရင် မျှဝေပါ ။ဆေးထိုးရွာ နွားထိုးကြီးမြို့နယ် မြင်းခြံမြို့ကကိုဇော်လတ်က သူတို့အရပ်မှာ ပိုးထိတိုင်းသုံးစွဲလေ့ရှိတဲ့မြွေဆိပ်ဖြေဆေးကိုပြောပြခဲ့ပါတယ်။

သူတို့ရွာမှာမြွေပွေးပေါပါတယ်။တခြားမြွေဆိုးတွေလည်းရှိပါတယ်တဲ့။သူပြောတဲ့ဆေးပင်က “ကျီးအာသီးပင်”ပါ။ဆေးအသုံးက”ပိုးထိတဲ့သူကို ကျီးအာသီးပင်ရဲ့ဥကိုတူးယူပြီး အစိမ်းတိုင်းစားခိုင်းတာပါပဲ။အဲဒီလိုစားလိုက်ရင်မြွေဆိပ်တွေပြေပြီးဆေးရုံရောက်ရင်လည်းမြွေဆိပ်ရှာမရတော့ပါဘူးတဲ့။

သူတို့ရွာမှာအမြဲသုံးနေကြဖြစ်ပြီး ဒီဆေးကြောင့်တော့အခုအထိအဖိတ်အစင်မရှိသေးပါဘူးတဲ့။ဘယ်မြွေမျိုးရဲ့အဆိပ်ကိုမဆိုနိုင်တာတွေ့ရပါတယ်တဲ့။

သုတေသနပြုလုပ်ပြီးမြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ခဲ့ရင်လယ်ယာလုပ်ငန်းခွင်မှာပိုပြီးအန္တရာယ်ကင်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်မိပါတယ်။ဆေးနည်းပြောပြပေးတဲ့ကိုဇော်လတ်ကိုကျေးဇူးတင်မိပါတယ်ခင်ဗျာ ။

ရေးသားသူ –spfmyanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။