မန္တလေးက ဇာတ်မင်းသားမို့လို့လား ရုံမင်းသားမဟုတ်လို့ နှိမ်တာလားဆိုတဲ့ဇာတ်မင်းသားဝင်းနောင်

Celebrity Local News

မန္တလေးက ဇာတ်မင်းသားမို့လို့လား ရုံမင်းသားမဟုတ်လို့ နှိမ်တာလားဆိုတဲ့ ဇာတ်မင်းသားဝင်းနောင်

ဇာတ်မင်းသားဝင်းနောင် ဟာဆိုရင် မန္တလေးမြို့တွင်သာ မက အထက်မြန်မာပြည် တစ်ခွင်လုံးမှာ ဝီရိယမင်းသားဝင်းနောင်ရယ်လို့ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။

သဘင်အစည်းအရုံးရဲ့အတွင်းရေးမှုး တစ်ယောက်လည်းဖြစ်ပြီး ဇာတ် သဘင်လောကတိုးတက်ရေးအတွက် ကြိုးစားနေသူတစ်လည်းဖြစ်ပါတယ်။
ယနေ့မှာတော့ ဇာတ်မင်းသားဝင်းနောင် ဟာ မန္တလေးကဇာတ်မင်းသားမို့လို့လား..
ရုံမင်းသားမဟုတ်လို့လား နာမည်ကြီးမင်းသားမဟုတ်လို့လား.. ဆိုပြီး tv channel တစ်ခုကိုမေးခွန်းထုတ်ခဲ့ပါတယ်။
ဘာကြောင့်မေးခွန်းထုတ်ရလဲဆိုတာကို သူကိုယ်တိုင်ရေးထားတဲ့postကို ဆက်လတ်ဖော်ပြပေးလိုက်ပါတယ်။

မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်
ဗိုလ်အောင်ကျော်တဲ့ ..
မဟုတ်ဘူးဆိုတာကို ..အရင်ကလည်း
ဖုန်းဆက်ပြီးပြောတယ် မှားနေတယ်ဆိုတာကို..
သခင် ဗဟိန်း.. (အင်းဝ)
ဘာလဲ ခင်ဗျားတို့က
ကျနော်ကမန္တလေးက ဇာတ်မင်းသား မို့လို့လား ????
ရုံမင်းသားမဟုတ်လို့လား ????
နာမည်ကြီး မင်းသားမဟုတ်လို့လား..?????
ဝင်းနောင် သင်တို့လောက်ပညာမတတ်ပါဘူး
သို့သော်…..သိနေတယ်
သဘင်တစ်ခုခု လုပ်ပြီ ဆိုရင် သဘင်ကိုချစ်တဲ့
ပရိသတ်တွေက မှားရင် မှားနေတယ်
မှန်ရင် မှန်တယ် ကောင်းရင် ကောင်းတယ်..
ဆိုတာကို..မန္တလေး အခြေဆိုက် ဇာတ်မင်းသားမို့….ကျနော်ဆီကိုဖုန်းဆက်ပြောပါတယ်
ကျေးဇူးလည်းတင်ပါတယ်ဗျာ..
ဒါမှားနေတယ်ဆိုတာကို လေးလေးစားစား
ဖုန်းဆက်ပြီးပြင်ခိုင်းဖို့ပြောတော့လဲမပြင်ပေးဘူး
မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်..
သခင်ဗဟိန်း..
1917 ခုနှစ် June ..27…ရက် ဗုဒ္ဓဟူးသား
မန္တလေး တိုင်း
အင်းဝမြို့ ကိုင်းတန်းရပ်
အဖ..ပွဲစားကြီး ဦးမှင်
အမိ ဒေါ်ဦး တို့မှ မွေးခဲ့သည်

(မိုးနတ်မင်းကို Like & follow လုပ်ခြင်းဖြင့် ဗဟုသုတများနှင့်သတင်းများကို ဖတ်ရှုလိုက်ပါ။)

Leave a Reply