အရာတော်၊ ဝက်ပြစ်ရွာမှ ကိုဖိုးလပြည့်နှင့် ကိုစိန်သန့်တို့ကို စစ်တပ်က ဦးခေါင်းကို thay နတ်ဖြင့် တေ့၍ပစ်thet ခဲ့၊ စစ်သားများက PDF အယောင်ဆောင်ပြီး ရွာကို ဝင်ရောက်စီးနင်းခဲ့

Local News

အရာတော်၊ ဝက်ပြစ်ရွာမှ ကိုဖိုးလပြည့်နှင့် ကိုစိန်သန့်တို့ကို စစ်တပ်က ဦးခေါင်းကို thay နတ်ဖြင့် တေ့၍ပစ်thet ခဲ့၊ စစ်သားများက PDF အယောင်ဆောင်ပြီး ရွာကို ဝင်ရောက်စီးနင်းခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရာတော်၊ ဝက်ပြစ်ရွာမှ ကိုဖိုးလပြည့်နှင့် ကိုစိန်သန့်တို့ကို စစ်တပ် ဦးခေါင်းကိုthay နတ် ဖြင့် တေ့၍ပစ်thetခဲ့၊ စစ်သားများက PDF အယောင်ဆောင်ပြီး ရွာကို ဝင်ရောက်စီးနင်းခဲ့ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ၂ ဦးဖြစ်သည့် ကိုဖိုးလပြည့်နှင့်ကိုစိန်သန့်တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ပစ်သတ်ခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ဝက်ပြစ်ရွာသို့ စစ်ကြောင်းထိုးလာစဥ် ကျေးရွာသား အသက် ၂၆ နှစ်အရွယ် ကိုဖိုးလပြည့်နှင့် အသက် ၂၀ နှစ်အရွယ် ကိုစိန်သန့်တို့ကို လက် ပြန်ကြိုးတုပ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် ကြောင်း၊ ပြည်သူ ၂ ဦးကို မဖမ်းဆီးမီ ထွက်မပြေးစေရန် စစ်သားများက “ငါတို့ကို မကြောက်နဲ့ ၊ ငါတို့က PDF တွေ ။ မင်းတို့ခေါင်းဆောင် ဘယ်မှာလဲ ”ဟု အယောင်ဆောင်ပြောဆို ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရှိရသည်။
ထို့နောက် စစ်တပ်က ဖမ်းဆီးထားသော ကိုဖိုးလပြည့် နှင့် ကိုစိန်သန့် တို့ကို အရာတော်-ဝါးတောမ လမ်းပိုင်းရှိ ကျွဲခြံရွာဇရပ်အနီး လမ်းဘေးတစ်နေရာ၌ လက်ပြန်ကြိုး တုပ်လျက် ဦးခေါင်းကို တေ့၍ ပစ်သတ်ခဲ့ကြောင်း၊ ကိုဖိုးလပြည့်နှင့်ကိုစိန်သန့်တို့၏ ရုပ်အလောင်းများကို ကျေးရွာသားများက ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဖိုးလပြည့်သည် တောင်သူ အလုပ်လုပ်ကိုင်ပြီး ကိုစိန်သန့်သည် ကုန်ထမ်အလုပ်လုပ်ကိုင်သည့် သာမာန် အရပ်သား ပြည်သူများဖြစ်ကြောင်း၊ စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး အကြောင်းမဲ့ ပစ်thet သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကောင်တွေက အခုနောက်ပိုင်း စစ်ကြောင်းထိုးရင် စစ်ဝတ်စုံ မဝတ်တော့ဘူး။ PDF ဝတ်စုံတွေဝတ်လာတယ်။ ဘောင်းဘီအတိုနဲ့ တောစီးဖိနပ်လေး ဝတ်ပြီး စစ်ကြောင်းထိုးတယ်။ နောက်ပြီး ပြည်သူတွေကို အယောင်ဆောင်ပြီး သတ်တဲ့ ဖြစ်စဉ်တွေ များပြားလာပါတယ်။ အကြမ်းဖက်စစ်တပ်ကတော့ ရသမျှ နည်းလမ်းနဲ့ ပြည်သူအပေါ်ကို PDF တွေ အင်အား ယုတ်လျော့သွားအောင်။ PDF ကို တော်လှန်ရေးကို ထောက်ခံတဲ့သူတွေ အင်အား ကျဆင်းသွား အောင် နည်းမျိုးစုံသုံးလုပ်မှာပဲ။ ကျေးလက်နေပြည်သူတွေက နည်းပညာအလှမ်းဝေးတော့ မိမိရဲ့ ဖုန်းတွေကို လုံခြုံရေး ဂရုမစိုက်မိတာများတယ်။ အဲဒါကို တတ်ကျွမ်းနားလည်တဲ့လူတွေက ကိုယ့်ရွာမှာ အချင်းချင်း သတိပေးသင့်တယ်။ ဖုန်းတွေထဲမှာ အရင်တုန်းက ဆန္ဒပြတုန်းက ပုံတွေ တွေ့ရင်တောင်မှ PDF ထောက်ခံသူဆိုပြီး စစ်တပ်က thet ဖြတ်တာတွေ လုပ်လာတယ်။ ပြီးတော့ ရွာလုံးကျွတ်မီးရှို့ပြီး အဘိုး၊ အဘွားတွေ ကလေးတွေကိုပါ thet ပစ်နေတာ အား လုံးလည်းမြင်သာပါတယ်။ ဒီလူငယ် ၂ ဦးက သာမန်အရပ်သားတွေ။ PDF လည်းမဟုတ်ဘူး။ တောင်သူလုပ်ကြတာ” ဟု အရာတော်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က thet ဖြတ်ထားသော ကိုဖိုးလပြည့် နှင့် ကိုစိန်သန့် ၏ ရုပ်အလောင်းများ။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး