ကြံ့ခိုင်ရေးပါတီရဲ့ မသန်စွမ်းတွေအပေါ်သဘောထားပို ပြင်းထန်စွာ ရှုံချလိုက်တဲ့ မစုပုံချစ်

Local News

မိုးနတ်မင်း ပရိတ်သတ်ကြီးရေ။ အခုတစ်ခေါက် တင်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ ကြံ့ခိုင်ရေးပါတီရဲ့ မသန်စွမ်းတွေအပေါ်သဘောထားကို ဝေဖန်ရှုံ့ချခဲ့တဲ့ မစုပုံချစ်အကြောင်းပဲဖြစ်ပါတယ်။ မစုပုံချစ်ဟာ မသန်စွမ်းတစ်ဦးဖြစ်ပြီး BE (IT)နဲ့ ကျောင်းပြီးထားတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ မာစတာ ဒီဂရီကို UNSW  မှာတတ်ရောက်သင်ကြားနေတဲ့ လူတစ်ယောက်လဲ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ မသန်စွမ်းတွေအပေါ် သဘောထားကို မစုပုံချစ်က သူ့ရဲ့ fb စာမျက်နှပေါ်ကနေ အခုလို ဝေမျှခဲ့ပါတယ်။

♿️♿️♿️မသန်စွမ်းပြည်သူတွေကို တောင်းပန်ပါ။

USDP ပါတီရဲ့ တရားဝင်သတင်းလွှာ စာမျက်နှာ ၃ တွင်ပါဝင်သော မသန်စွမ်းသူ မဝင်းစန္ဒာခိုင် ဆန္ဒမဲပေးခြင်းအပေါ် ဝေဖန်လာသည်ကို တွေ့ရပါသည်။ နိုင်ငံသားတိုင်း အသက်ပြည့်မီလျှင် ဆန္ဒမဲပေးခွင့်ရှိပါသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအလင်း ပြဌာန်းထားပါသည်။ နိုင်ငံရေးပါတီတစ်ခု၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် မသန်စွမ်းသူများအား ယခုကဲ့သို့ နှိမ့်ချစွာ ဖော်ပြရေးသားခြင်းအား မသန်စွမ်းသူတစ်ယောက်အနေနှင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါသည်။

#မသန်စွမ်းလည်းနိုင်ငံသားပါ

ဆိုပြီး ဝေဖန်ခဲ့တာဖြစ်ပါတယ်။ USDP ရဲ့ တရားဝင်သတင်းလွှာကိုလဲ ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply