သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီး ဝေဖန်တဲ့သူတွေကို ပြန်ချေပပြောဆိုခဲ့တဲ့ အေးဝတ်ရည်သောင်း

Celebrity Local News
သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီး ဝေဖန်တဲ့သူတွေကို ပြန်ချေပပြောဆိုခဲ့တဲ့ အေးဝတ်ရည်သောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီး ဝေဖန်တဲ့သူတွေကို ပြန်ချေပပြောဆိုခဲ့တဲ့ အေးဝတ်ရည်သောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီး ဝေဖန်တဲ့သူတွေကို ပြန်ချေပပြောဆိုခဲ့တဲ့ အေးဝတ်ရည်သောင်း

ပရိသတ်တွေကအေးသောင်းလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့အနုပညာ အလုပ်ကို ဆယ်စုနီးပါးမကလုပ်ကိုင်လာခဲ့ပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ အေးသောင်းဟာ ယခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အေးသောင်းကတော့ အသက် ၄၀ အရွယ် အနီးအနားကို ကပ်နေပေမယ့် ယခုအချိန်ထိ နုပျိုလှပပြီး လူငယ်တစ်ယောက်လို ပြုမှုနေထိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာကတော့ ချစ်စရာပါ။ ဒါ့အပြင် ဆယ်ကျော်သက်တစ်ယောက်လိုလည်း နုပျိုလှပေနပြီး ဝတ်စားဆင်ယဉ်မှုမှာ ဘယ်လိုဖက်ရှင်မျိုးကိုမဆို စမတ်ကျကျ လိုက်ဖက်အောင် ဝတ်ဆင်တတ်တာတွေ့ ရပါတယ်။

ယခုအခါမှာတော့ သူမရဲ့ ခန္ဓာကိုယ်ကို ကြည့်ပီး ဝေဖန်တဲ့ သူတကို ပြန်လည် ရှင်းပြလာတာပဲဖြစ်ပါတယ် သူမကတော့ “Healthy Body ခေတ်ပါ ပိန်တဲ့ခေတ်လဲမဟုတ်သလို ကိတ်တဲ့ခေတ်လဲမဟုတ်တော့ပါကျန်းမာတဲ့လူနေမှုပုံစံနဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ကြတဲ့ခေတ်ပါMy body My Choice ဆိုတာမှန်ပေမဲ့ ကျန်းမာမှ လှနိုင်မှာပါ။


မကျန်းမာတဲ့လူဟာ မလှပနိုင်ပါဘူး။ social media ကြောင့်လဲပါမယ်။ ပြီးတော့ လူတွေကတွေ့ရင်စပြောတာက ပိန်သွားတယ် ဝလာတယ်တို့ ဖြူလာတယ်တို့ မဲသွားတယ်တို့ (အဲ့လိုပြောတာတအားရိုင်းတာ ခုထိမသိတဲ့သူတွေအများကြီး) အဲ့လိုပြောတဲ့လူတွေကတအားအဆိပ်အတောက် ဖြစ်စေတာကြောင့်လဲပါမယ်။

လူတွေကလဲတွေ့ရင် ဓာတ်ပုံထဲကလိုမျှော်လင့်ထားကြတာလားမသိဘူး။ သူတို့မေ့နေတာက ဓာတ်ပုံရိုက်တယ်ဆိုတာ လှတဲ့ပုံကိုရွေးတင်တာဖြစ်သလို့ မလှတဲ့နေရာကိုဖုံးရိုက်လို့ရတယ်လေနော်။ကျန်းမာပြီးလှပနိုင်ကြပါစေ “ဆိုပြီးပြန်လည်ချေပပြောပြခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။