မဆုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ဆုပန်ထွာနဲ့ပြန်ဆုံတွေ့ခဲ့တယ်ဆိုတဲ့ မင်းသမီးနဝရတ်

Celebrity Local News
မဆုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ဆုပန်ထွာနဲ့ပြန်ဆုံတွေ့ခဲ့တယ်ဆိုတဲ့ မင်းသမီးနဝရတ်

ပရိသတ်ကြီးရေ… မင်းသမီးချောနဝရတ်ကတော့ အနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်ပြီး အောင်မြင်မှုလည်းအများ အပြား ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နဝရတ်ဟာ အကယ်ဒမီဆုတွေနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့ပြီးတဲ့ နောက် အနုပညာအလုပ်တွေကို လုံးဝစွန့်လွှတ်လိုက်ပြီး ပြင်ဦးလွင်မြို့မှာ သွားရောက်နေထိုင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နဝရတ်က ပွဲတက်တွေကို အချိန်ပေး တက်ရောက်ဖြစ်နေပြီး အနုပညာညီအစ်ကိုမောင်နှမ တွေနဲ့လည်း ပြန်လည်ဆုံတွေ့နေပြီပဲဖြစ်ပါတယ်။ ဒီ ကနေ့မှာတော့ နဝရတ်က သူမရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင် ဆုပန်ထွာနဲ့ ဆုံတွေ့ ဖြစ်ခဲ့ကြောင်း “မဆုံ တာကြာပြီဖြစ်တဲ့ ပန်ပန် နဲ့ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာခဲ့ပါတယ်။

နဝရတ်နဲ့ ဆုပန်ထွာကတော့ အနုပညာအလုပ်တွေမှာ တွဲဖက်သရုပ်ဆောင်တာမျိုးတွေရှိခဲ့ဖူးသလို အပြင်မှာ လည်း သူငယ်ချင်းလို ညီအစ်မလို ဆက်ဆံရေးမျိုးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း နဝရတ်နဲ့ ဆုပန်ထွာတို့ရဲ့ပုံ ရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါ တယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။