ဟားခါးနှင့် ထန်တလန်အကြား နိုဝင်ဘာလတိုက်ပွဲအတွင်း စစ်သား ၅၅ ဦးthayဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရမိ

Local News

ဟားခါးနှင့် ထန်တလန်အကြား နိုဝင်ဘာလတိုက်ပွဲအတွင်း စစ်သား ၅၅ ဦးthayဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရမိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟားခါးနှင့် ထန်တလန်အကြား နိုဝင်ဘာလတိုက်ပွဲအတွင်း စစ်သား ၅၅ ဦးthayဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရမိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁

ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလင်းမြို့အကြား ဖြစ်ပွားခဲ့သော နိုဝင်ဘာလ တစ်လတာ တိုက်ပွဲ များအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅၅ ဦးthayဆုံးခဲ့ကြောင်း CNF ထုတ်ပြန် ချက် အရ သိရသည်။
နိုဝင်ဘာလအတွင်း ဟားခါးမြို့နှင့် ဟားခါး – ထန်တလန် အကြားတွင် CNA ဦးဆောင်သည့် ချင်း တော် လှန်ရေး ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၅ ဦးကျော် thayဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- CNA က သိမ်းဆည်းရမိသည့် အကြမ်းဖက်စစ်တပ်၏ lat nat ခဲယမ်းများ။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ဂျက်ဖိုက်တာ ၂ စီးနှင့် တိုက်ခိုက်ရေး ရဟတ် ယာဥ် ၃ စီးတို့ဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ဟားခါးမြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်းမှလည်း lat natကြီးများဖြင့် နေ့စဥ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ lat nat ၉ လက်နှင့် ခဲယမ်းများ သိမ်း ဆည်း နိုင်ခဲ့ပြီး တစ်လတာ တိုက်ပွဲအတွင်း CNA ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။