Running Man အပိုင်းသစ် ၅၂၉ မှာဆော့ကစားခဲ့တဲ့ ကစားနည်းကြောင့်ထုတ်လုပ်သူတွေကိုဝေဖန်နေကြ

Celebrity International News

Running Man အပိုင်းသစ် ၅၂၉ မှာဆော့ကစားခဲ့တဲ့ ကစားနည်းကြောင့်ထုတ်လုပ်သူတွေကိုဝေဖန်နေကြ

မနေ့ကထုတ်လွှင့်ပြသခဲ့တဲ့ Running man အပိုင်းသစ် ၅၂၉ မှာတော့ ကိုရီးယားကပြည်သူတွေက
ဆုန်းဂျီဟိုတို့အဖွဲ့ ( ဆုန်းဂျီဟို ၊ ဂျောင်ဆိုမင်း ၊ ယန်ဆယ်ချန်း ၊ Hoshi ( SVT) နဲ့ Mingyu ( SVT) ) တို့ရဲ့ ‘ရာဘာကြိုးဂိမ်း’ ကစားပြီး ခေါက်ဆွဲစားရမယ့် မစ်ရှင်နဲ့ ပတ်သတ်ပြီး အပြစ်တင်ဝေဖန်နေကြပါတယ် ။


ထိုဂိမ်းမှာ မန်ဘာတွေက သရေကွင်းတွေကို မျက်နှာမှာ တန်နိုင်သလောက် ချည်ရမှာဖြစ်ပြီး အများဆုံးသူက နိုင်မှာဖြစ်ပါတယ် ။
ယန်ဆယ်ချန်းက သရေကွင်းကို သူ့ပါးစပ်မှာပတ်လိုက်ပြီး ချက်ချင်းဆိုသလို
“ဒါကငါထင်တာထက်နာတယ်ဟ” လို့အော်လိုက်ပါတယ် ။
ပြီးတော့ဆုန်းဂျီဟိုနဲ့ဆိုမင်းက ဆက်ကစားပြီး အရမ်းနာကျင်ခဲ့ကြပါတယ် ။
ဂိမ်းတစ်လျှောက်လုံး မန်ဘာတွေက သရေကွင်းရဲ့မျက်နှာပေါ်တင်းကြပ်စွာဖိထားခြင်းခံရပြီး ဆိုးဆိုးရွားရွား နာကျင် နေခဲ့ကြပါတယ် ။

ဂျီဟိုဆိုလည်း သားရေကွင်းတွေနဲ့ရုပ်တောင်မမှတ်မိနိုင်အောင် ဖြစ်ခဲ့ရပါတယ်
Hoshi နဲ့ Mingyu ကလည်း ထိုနည်းအတိုင်း ကစားခဲ့ပြီး သရေကွင်း ၁၈ပင် ၂၂ပင်လောက်ကို မျက်နှာမှာ ပတ်ခဲ့ကြရပါတယ် ။
ထိုအပိုင်းထုတ်လွှင့်အပြီးမှာ ကြည့်ရှုသူအများအပြားဟာ
“ရှင်တို့ကလေ ဧည့်သည်တွေရဲ့ လုံခြုံရေးကို ဂရုမစိုက်ဘူးလား ဝန်ထမ်းတွေ ”
” ဒါက အရမ်းအန္တရာယ်များတယ်ဆိုတာ နင်တို့ မစဥ်းစားမိဘူးလား ”
” ဒီအစီစဥ်က ကလေးတွေရော ကြည့်တဲ့အစီစဥ်ဆိုတာ နင်တို့ PD အသင်းက မစဥ်းစားဘူးလား”
ကြည့်ရှုသူတွေက အဖွဲ့ဝင်တွေ ဧည့်သည်တွေနဲ့ အတုမြင်အတတ်သင်မယ့်ကလေးငယ် ကြည့်ရှုသူများအပေါ် စာနာပြီး အပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ။
ကလေးတွေက Running man ကို အချိန်တိုင်းကြည့်ကြတာဖြစ်ပြီး ဒီလိုဂိမ်းမျိုးက ဘယ်လောက်တောင်အန္တရာယ်ရှိတယ်ဆိုပြီး မတေ​ွးမိဘူးလားဆိပြီး အပြစ်တင်ဝေဖန်နေကြပါတယ် ။
“မင်းတို​့ရဲ့ကို သေချာအောင်လုပ်ပါ ။ နိုင်ငံ့ကိုယ်စားပြုတီဗွီအစီစဥ်တစ်ခုဆိုတာလည်းမမေ့ပါနဲ ။ အားလုံးက အင်တာနက်ပေါ်ရှိတာမှတ်ထား ပါ။ ကလေးတွေမြင်ပြီးလိုက်လုပ်မယ်ဆိုတာ​ကိုမမေ့နဲ့။ အမလေး”

“အဲ့တာကရယ်စရာကောင်းတယ်ထင်နေတာလား တအားအန္တရာယ် များတယ်” “မင်းတို့ရူးနေကြတာလား အဲ့တာက ဖျော်ဖြေနေသူ‌တွေကို ထိခိုက်စေနိုင်တယ် ” “ကြည့်နေရတဲ့ ငါ့မျက်လုံးတောင်ငါမယုံနိုင်ဘူး “
“အမြင်အာရုံတွေ ထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ” “ထုတ်လုပ်သူတွေစဉ်းစားတတ်တဲ့ ဟာသ‌ဆိုတာဒါလား”
“ကလေးတွေလည်းကြည့်နေတဲ့ရှိုးလေ ဒါမျိူးမထုတ်လွင့်သင့်ဘူး” စသည်ဖြင့် အများအပြားဝေဖန်ခဲ့ကြတာဖြစ်ပါတယ် ။


နောက်တပါတ် မှာ လီဂွမ်ဆူနဲ့ Apink အဖွဲ့ဝင် ကင်နမ်ဂျူး တို့ကပါ ထိုကဲ့သို့ ကစားကြရမှာဖြစ်ပြီး ကြည့်ရှုသူတွေက ထိုအခန်းကိုဖြတ်ပေးကြရန် တောင်းဆိုလျက်ရှိပါတယ် ။

ပရိသတ်တွေအနေနဲ့ရော ဘယ်လိုမြင်ကြပါသလဲ ?

Leave a Reply