15 ပေ အရှည်ရှိတဲ့ စပါးအုံးမြွေတစ်ကောင်ကို ရန်ကုန် အင်းယားလိတ်နား ကားလမ်းပေါ်မှာတွေ့ရှိရ

Local News

ရန်ကုန်မြို့ရဲ့ အချက်အချာ နေရာတစ်ခုလို့ပြောလို့ရနိုင်တဲ့ မရမ်းကုန်း အင်းယားလိတ်လမ်းပေါ်မှာ အရှည်(၁၅) ပေ၊ လုံးပတ် ၁ပေခန့် ရှိတဲ့ အတော်အတန်ကြီးမားတဲ့ စပါးအုံးမြွေတစ်ကောင်တွေ့ရှရကြောင်း သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၇ရက်နေ့က တွေ့ရှိရတဲ့အဲ့ဒီစပါးအုံးမြွေကြီးကို လမ်းသွားလမ်းလာတွေက စတင်တွေ့ရှိတာဖြစ်ပြီး ဖမ်းဆီးပေးဖို့အတွက် မြန်မာနိုင်ငံ မီးသက်အဖွဲ့ကို တယ်လီဖုန်းဆက် အကူအညီတောင်းခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဖြေကြားပါတယ်။ တယ်လီဖုန်းရရချင်းမှာပဲ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၊ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံမှာ သွားရောက်လွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ကြေငြာထားပါတယ်။

မိုးနတ်မင်းပရိတ်သတ်ကြီးရော ဒီကိစ္စကို ဘယ်လိုထင်ပါသလဲ။ ဘာလို့ ဒီလောက်ကြီးတဲ့ မြွေကြီးက ရန်ကုန်မြို့လယ်ခေါင်ကို ရောက်နေရတာလဲ။  တော်တော့ကို စဉ်းစားရကျပ်တဲ့ ပြသနာပဲနော်။  မိမိတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ကွန်းမန့်ဘောက်စ်ကနေ ဝင်ရောက်ဆွေးနွေးငြင်းခုန်သွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Leave a Reply