နိုဝင်ဘာလ(၈)ရက်နေ့ မနတ်၉ နာရီ အချိန် တိုင်းတာချက်များအရ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ထိပ်ဆုံး (၅) နိုင်ငံအတွင်းသို့ စံချိန်တင်ဝင်ရောက်

Local News

ကိုဗစ်ကာလအတွင်း စက်ရုံအလုပ်ရုံလည်ပတ်မှုများ ယာဉ်အသွားအလာများ သာမာန်အချိန်ထက် လျော့နည်းလာသော်လည်း အမှိုက်ကို စနစ်တကျမပစ်ပဲ မီးပုံရှို့ကြသူများကြောင့် ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် နိုဝင်ဘာလ ၉ ရက်နေ့အချိန်တွင် လေထုညစ်ညမ်းမှု၌ နာမည်ဆိုးနှင့် ကျော်ကြားသော ဘေကျင်း၊မွန်ဘိုင်း စသောမြို့ကြီးများကို ကျော်လွန်ကာ ကမ္ဘာ့ထိပ်ဆုံး(၅) နေရာအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ထိုကဲ့သို့ ညစ်ညမ်းသောလေကို ရှူရှိုက်ရသည့်အတွက် အသက်ရှူလမ်းကြောင်းနှင့် ဆက်စပ်သောရောဂါများ အဖြစ်များလာနိုင်ကြောင်း အထူးသဖြင့် ကိုဗစ်ရောဂါ ကူးစက်မှုခံထားရသူများ၏ သေဆုံးမှုနှုန်းသည် သိသိသာသာ မြင့်တတ်လာနိုင်ကြောင်း သတင်းရရှိပါသည်။

Harvard တက္ကသိုလ်၏ သုသေသနစစ်တမ်းတစ်ခုအရ ညစ်ညမ်းသောလေကိုရှရှိုက်နေရသူများ ကိုဗစ် ရောဂါလက္ခဏာပိုမိုပြင်းထန်လေ့ရှိပြီး သေဆုံးသည့်နှုန်း ၈% အထိတိုးနိုင်ကြောင်းဖော်ပြထားသည်။ လက်ရှိအချိန်တွင် အန္ဒိယ၊ ဘရာဇီးနိုင်ငံတို့တွင်လည်း ညစ်ညမ်းသောလေကို ရှုရှိုက်မိသောကြောင့် ကိုဗစ်ရောဂါကူးစက်ခံထားရသူများ၏ သေဆုံးမှုနှုန်းတိုးမြင့်လာကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါကူးစက်မှု အများဆုံး epicenter ဖြစ်ပြီး တရားဝင်ထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၇၀,၀၀၀ ကျော်နေပြီဖြစ်သည်။ တရားဝင် ဓာတ်ခွဲစစ်ဆေးခြင်းမပြုရသေးသော ပိုးကူးစက်ခံထားရသူ ပြည်သူလူထုအတွင်း လူဦးရေ သိန်းချီရှိနေမည်ဟု ပညာရှင်များကခန်းမှန်းသောကြောင့် ထိုသူများ၏ အသက်အန္တရာယ်စိုးရိမ်ဖွယ်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဤသို့ အများပြည်သူ၏ အသက်အန္တရာယ်ဖြစ်စေသော အကျင့်ဆိုးကို ထိထိရောက်ရောက်တိုက်ဖျက်ခြင်းမပြုပါက ကိုဗစ်ကာလအတွင်း ရန်ကုန်မြို့တွင် လူထောင်ချီ အပိုသေဆုံးရမည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် မိုးနတ်မင်း ပရိတ်သတ်ကြီးအနေဖြင့် အမှိုက်များကို မီးမရှို့ရန်၊ မိမိပတ်ဝန်းကျင်တွင် အမှိုက်မီးရှို့နေသူများကိုတွေ့ရှိပါက မလုပ်ဖို့ တားမြစ်ရန် တိုက်တွန်းလိုက်ရပါသည်။

Leave a Reply